စက်မှုသင်တန်းကျောင်း (မန္တလေး၊ မကွေး နှင့် သာဂရ) တို့တွင် အောက်ပါစက်မှုကျွမ်းကျင် (၁) နှစ်သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်သဖြင့် စနစ်ဟောင်း/စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်/ကျရှုံးသူများ လျှောက်ထားနိုင်သည်။
စက်မှုသင်တန်းကျောင်း (မန္တလေး)
ဖွင့်လှစ်မည့်သင်တန်းများ
သင်တန်းကာလ
၂၀၂၆ ခုနှစ်၊ မေလ (၁၁) ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့အထိ (၁) နှစ်
သတ်မှတ်အရည်အချင်းများ
သင်တန်းလျှောက်ထားခြင်း
သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ပါနေရာများတွင် ရယူလျှောက်ထားနိုင်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့၊ နေ့လည် (၄) နာရီတွင် နောက်ဆုံးထား ပြန်လည်ပေးပို့ရပါမည်။ ထို့အပြင် သတ်မှတ်လျှောက်လွှာ ပုံစံအား အောက်ပါလင့်ခ်မှတဆင့်လည်း ရယူနိုင်ပါသည်။
> https://www.facebook.com/aungsoe.moe
လျှောက်လွှာပေးပို့ရန်နေရာများ
အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး)၊ ၁၀ လမ်း၊ အကွက် ၁၃၊ ဒေါနဘွားရပ်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်။
လျှောက်လွှာမူရင်းနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
သင်တန်းဝင်ခွင့်စာမေးပွဲများ
လူတွေ့နှုတ်မေး ဖြေဆိုခွင့် ရရှိသူများစာရင်းကို အမှတ် (၃)၊ စက်မှုသင်တန်းကျောင်း (မန္တလေး) တွင် ကြေညာထားမည်ဖြစ်ပြီး ၃၀-၃-၂၀၂၆ ရက်နေ့မှ ၁-၄-၂၀၂၆ ရက်နေ့အထိ အင်္ဂလိပ်စာအခြေခံ၊ သင်္ချာအခြေခံနှင့် စက်မှုဗဟုသုတများကို ဖြေဆိုရပါမည်။
လူတွေ့စစ်ဆေးမှုကို အမှတ် (၂)၊ စက်မှုသင်တန်းကျောင်း (မန္တလေး) တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ် (မူရင်း) နှင့် (၁၀) တန်း (သို့) (၁၂) တန်း တက်ရောက်ဖူးကြောင်း ထောက်ခံစာ (သို့) (၁၀) တန်း (သို့) (၁၂) တန်း အောင်လက်မှတ် (မူရင်း) တို့ကို တစ်ပါတည်း ယူဆောင်သွားရပါမည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် မေလ (၈) ရက်နေ့ထက်မစော၊ မေလ (၁၀) ရက်နေ့ ညနေ (၄) နာရီထက် နောက်မကျဘဲ အမှတ် (၂)၊ စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ အုပ်ထိန်းသူတစ်ဦးနှင့်အတူ ကိုယ်တိုင် သွားရောက် သတင်းပေးပို့ရမည်။
စက်မှုသင်တန်းကျောင်း (မကွေး)
ဖွင့်လှစ်မည့်သင်တန်းများ
သင်တန်းကာလ
၂၀၂၆ ခုနှစ်၊ မေလ (၄) ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့အထိ (၁) နှစ်
သတ်မှတ်အရည်အချင်းများ
သင်တန်းလျှောက်ထားခြင်း
သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ပါနေရာများတွင် ရယူလျှောက်ထားနိုင်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့၊ နေ့လည် (၄) နာရီတွင် နောက်ဆုံးထား ပြန်လည်ပေးပို့ရပါမည်။ ထို့အပြင် သတ်မှတ်လျှောက်လွှာ ပုံစံအား Itc Magway Facebook Page မှတဆင့်လည်း ရယူနိုင်ပါသည်။
> https://www.facebook.com/permalink.php?
လျှောက်လွှာပေးပို့ရန်နေရာများ
အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး)၊ မကွေးစက်မှုနယ်မြေ၊ မယ်လှတောင်ကျေးရွာအနီး၊ မကွေးမြို့နယ်၊ မကွေးတိုင်းဒေသကြီး။
သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်။
လျှောက်လွှာမူရင်းနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
သင်တန်းဝင်ခွင့်စာမေးပွဲများ
လူတွေ့နှုတ်မေး ဖြေဆိုခွင့် ရရှိသူများစာရင်းကို အမှတ် (၅)၊ စက်မှုသင်တန်းကျောင်း (မကွေး) တွင် ကြေညာထားမည်ဖြစ်ပြီး ၁-၄-၂၀၂၆ ရက်နေ့မှ ၃-၄-၂၀၂၆ ရက်နေ့အထိ အင်္ဂလိပ်စာအခြေခံ၊ သင်္ချာအခြေခံနှင့် စက်မှုဗဟုသုတများကို ဖြေဆိုရပါမည်။
လူတွေ့စစ်ဆေးမှုကို အမှတ် (၅)၊ စက်မှုသင်တန်းကျောင်း (မကွေး) တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ် (မူရင်း) နှင့် (၁၀) တန်း (သို့) (၁၂) တန်း တက်ရောက်ဖူးကြောင်း ထောက်ခံစာ (သို့) (၁၀) တန်း (သို့) (၁၂) တန်း အောင်လက်မှတ် (မူရင်း) တို့ကို တစ်ပါတည်း ယူဆောင်သွားရပါမည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် မေလ (၂) ရက်နေ့ထက်မစော၊ မေလ (၃) ရက်နေ့ ညနေ (၄) နာရီထက် နောက်မကျဘဲ အမှတ် (၅)၊ စက်မှုသင်တန်းကျောင်း (မကွေး) သို့ အုပ်ထိန်းသူတစ်ဦးနှင့်အတူ ကိုယ်တိုင် သွားရောက် သတင်းပေးပို့ရမည်။
အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ)
ဖွင့်လှစ်မည့်သင်တန်းများ
သင်တန်းကာလ
၂၀၂၆ ခုနှစ်၊ မေလ (၁၈) ရက်နေ့မှ ၂၀၂၇ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့အထိ
သတ်မှတ်အရည်အချင်းများ
သင်တန်းလျှောက်ထားခြင်း
သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ပါနေရာများတွင် ရယူလျှောက်ထားနိုင်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့၊ နေ့လည် (၄) နာရီတွင် နောက်ဆုံးထား ပြန်လည်ပေးပို့ရပါမည်။ ထို့အပြင် သတ်မှတ်လျှောက်လွှာ ပုံစံအား No.3 Industraial Training Center - Thagaya Facebook Page တွင်လည်း ရယူနိုင်ပါသည်။
> https://www.facebook.com/ITC.Thagaya/posts/
လျှောက်လွှာပေးပို့ရန်နေရာများ
အမှတ် (၃) စက်မှုသင်တန်းကျောင်း (သာဂရ)၊ သာဂရစက်မှုနယ်မြေ၊ ရေတာရှည်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
သင်တန်းကျောင်းများကြီးကြပ်ရေးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်။
လျှောက်လွှာမူရင်းနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ
သင်တန်းဝင်ခွင့်စာမေးပွဲများ
လူတွေ့နှုတ်မေး ဖြေဆိုခွင့် ရရှိသူများစာရင်းကို အမှတ် (၃)၊ စက်မှုသင်တန်းကျောင်း (သာဂရ) တွင် ကြေညာထားမည်ဖြစ်ပြီး ၂၃-၄-၂၀၂၆ ရက်နေ့မှ ၂၄-၄-၂၀၂၆ ရက်နေ့အထိ အင်္ဂလိပ်စာအခြေခံ၊ သင်္ချာအခြေခံနှင့် စက်မှုဗဟုသုတများကို ဖြေဆိုရပါမည်။
လူတွေ့စစ်ဆေးမှုကို အမှတ် (၃)၊ စက်မှုသင်တန်းကျောင်း (သာဂရ) တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ် (မူရင်း) နှင့် (၁၀) တန်း (သို့) (၁၂) တန်း တက်ရောက်ဖူးကြောင်း ထောက်ခံစာ (သို့) (၁၀) တန်း (သို့) (၁၂) တန်း အောင်လက်မှတ် (မူရင်း) တို့ကို တစ်ပါတည်း ယူဆောင်သွားရပါမည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် မေလ (၁၅) ရက်နေ့ထက်မစော၊ မေလ (၁၆) ရက်နေ့ ညနေ (၄) နာရီထက် နောက်မကျဘဲ အမှတ် (၃)၊ စက်မှုသင်တန်းကျောင်း (သာဂရ) သို့ အုပ်ထိန်းသူတစ်ဦးနှင့်အတူ ကိုယ်တိုင် သွားရောက် သတင်းပေးပို့ရမည်။
စက်မှုသင်တန်းကျောင်းတို့တွင် ရရှိမည့် ထောက်ပံ့ကြေး
လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းကာလတွင် နေထိုင်ရေး၊ စားသောက်ရေးနှင့် သွားလာရေးကိစ္စများကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း သင်တန်းသားများအတွက် ကျောင်းအဆောင်များတွင် နေရာချထားပေးပါမည်။ လစဉ် စားစရိတ်အဖြစ် သင်တန်းသားတစ်ဦးကို (၄၅,၀၀၀) ကျပ် ရရှိမည်ဖြစ်ပြီး ယူနီဖောင်းနှစ်စုံကြေး (၄၀,၀၀၀) ကျပ်ကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သည်။
အောင်လက်မှတ်ချီးမြှင့်ခြင်း
သင်တန်းကာလ ပြီးဆုံးအောင် တက်ရောက်၍ အောင်မြင်သော သင်တန်းသားများအား သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပေးပြီး အောင်လက်မှတ်ချီးမြှင့်ပါမည်။
=================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။