Sales Hotline : 09448001653       Download App



အိန္ဒိယနှင့် ပူးပေါင်းဖွင့်လှစ်မည့် နည်းပညာသင်တန်း (၄) မျိုး

အိန္ဒိယနှင့် ပူးပေါင်းဖွင့်လှစ်မည့် နည်းပညာသင်တန်း (၄) မျိုး

အိန္ဒိယနှင့် ပူးပေါင်းဖွင့်လှစ်မည့် နည်းပညာသင်တန်း () မျိုးကို ကျောင်းသား/သူ (၂၀၀) ဦးအား လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်းသိရပါတယ်။

 

ပညာရေးဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာသုတေသနဌာနမှ အိန္ဒိယနိုင်ငံ C-DAC တို့ပူးပေါင်းဖွင့်လှစ်သည့် IMCEITS Advanced ICT Engineering သင်တန်းများဖြစ်သည့် Professional Diploma in Java Programming Course(DIP), Professional Diploma in MS.Net Programming Course (D.Net), Professional Certificate in Andrioid Programming Course, Professional Certificate in Linux Programming Course တို့ကို ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါတယ်။

 

Media & Communications (59) မီဒီယာနှင့် သတင်းပေးပို့ခြင်းသင်တန်းများနှင့် ပတ်သက်ပြီး (59) ခုရှာရန်နှိပ်ပါ။

 

သင်တန်းလျှောက်ထားသူများသည် နည်းပညာနှင့် ပတ်သက်သည့်တက္ကသိုလ်များနှင့် နည်းပညာဘာသာရပ်များနှင့် ဘွဲ့တစ်ခုခုရရှိထားသူများ လျှောက်ထားနိုင်မည်ဖြစ်ပါတယ်။

 

နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့ရရှိထားသူများလည်း လျှောက်ထားနိုင်မည်။

လျှောက်လွှာများကို ယခုလ (၂၅) ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပြီး (၂၈) ရက်တွင် ဝင်ခွင့်စာမေးပွဲဖြေဆိုမည်ဖြစ်ပါတယ်။

 

Mobile Training (Apps & Repairs) (101) Mobile Training (Apps and Repair) သင်တန်းများနှင့် ပတ်သက်ပြီး (101) ခုရှာရန်နှိပ်ပါ။

 

ဖွင့်လှစ်မည့် သင်တန်းများဖြစ်သည့် Professional Diploma in Java Programming Course (DIP) အတွက် သင်တန်းသား (၈၀) ဦး၊ Professional Diploma in MS.Net Programming Course (D.Net) အတွက်သင်တန်းသား (၄၀) ဦး၊ Professional Certificate in Linux Programming Course အတွက် သင်တန်းသား (၄၀) ဦး၊ စုစုပေါင်း (၂၀၀) ဦးလက်ခံမည်ဖြစ်ကြောင်းသိရပါတယ်။

 

Read More:>>>> YGN Net ကွန်ပျူတာအခြေခံ (ပညာဒါန) သင်တန်း

 

သင်တန်းမှာ အချိန်ပြည့်သင်တန်းများဖြစ်ပြီး သင်တန်းအောင်မြင်ပြီးဆုံးပါက အိန္ဒိယနိုင်ငံ C-DAC အဖွဲ့အစည်းနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနတို့ ပူးပေါင်းပြီး သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်မည်ဟု သိရပါတယ်။

 

Source: Democracy

 

News Read 2829 times