Sales Hotline : 09448001653       Download App



 ကမ္ဘောဒီးယားတွင် ကျောင်းများပြန်ဖွင့်မည့် ရက်ပြောင်းလဲရန် မရှိ

နိုင်ငံတွင်းရှိ အစိုးရကျောင်းများကို လာမည့်ဇန်နဝါရီလ ၁၁ရက်တွင် ပြန်လည်ဖွင့်မည်ဟု ကြေညာထားခဲ့သော်လည်း အချို့  ပုဂ္ဂလိကကျောင်းများမှာ ပြီးခဲ့သည့် တနင်္လာနေ့ ဇန်နဝါရီလ ၄ရက်နေ့တွင် ဖွင့်ထားပြီး ဖြစ်သည်။ 

ပညာရေး ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများရှိ အချို့သော အစိုးရကျောင်းများကို ပြန်မဖွင့်သေးမည့် ၎င်းဌာန၏ ဆုံးဖြတ်ချက်တွင် ခိုင်မာစွာရပ်တည်နေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုဒေသများရှိ အချို့ရပ်ကွက်အချို့တွင် အစိုးရကျောင်းများကို ကွာရန်တင်းစင်တာများအဖြစ် အသုံးပြုနေသေးကြောင့် ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ ပညာ‌ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် Ros Soveacha မှ ပြောကြားသည်မှာ ၎င်းတို့အနေဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် စီစဥ်ထားသည့် အတိုင်း ကျောင်းများကို ပြန်လည် ဖွင့်သွားမည်ဟု ဆိုသည်။

သူ့အနေဖြင့် ကမ္ဘောဒီးယား -ထိုင်းနယ်စပ်တွင် သီးသန့်ထားရှိသည့်စင်တာများအဖြစ် ကျောင်းအချို့ကိုသာ အသုံးပြုထားပြီး ထိုကျောင်းများကိုလည်း ကူးစက်မှု မရှိတော့ပါက ပြန်လည်ဖွင့်သွားဖြစ်ကြောင်းကို Khmer Times သတင်းဌာနကို ပြောကြားထားပါသည်။

ထိုကြောင့် သူပြောကြားချက်များအရ အစိုးရအနေဖြင့် ကျောင်းများပြန်လည်မဖွင့်ရန်အတွက် အကြောင်းပြချက်မရှိပေ။

ထို့အပြင် ထပ်မံ၍ ဖြည့်စွက်ပြောကြားသည်မှာ ကျောင်းများအားလုံးသည် ပညာ‌ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို တင်းကျပ်စွာ လိုက်နာရမည်ဖြစ်သည်။

“ပညာရေး၊လူငယ်နှင့်အားကစားဝန်ကြီးဌာနနှင့် ကျန်းမာ‌ရေးဝန်ကြီးဌာန တို့နှင့်အတူ ကျောင်းများအားလုံးကို လူမှုရေးအရ အကွာအဝေးကို ခြားထားသည့် စာရေးစားပွဲနှင့် ထိုင်ခုံများအပါအဝင် ဘေးကင်းလုံခြုံပြီး သန့်ရှင်းသည့် ပတ်ဝန်းကျင်တွင်ရှိနေစေရန် COVID-19 လမ်းညွှန်ချက်များကိုလိုက်နာပြီးအကောင်အထည်ဖော်ရန် အတူတကွလုပ်ဆောင်ကြလိမ့်မယ်" ဟု Soveacha ကဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ၀န်ကြီးချုပ် Hun Senက ပြီးခဲ့သည့် ဒီဇင်ဘာ၂၉ ရက်တွင် ကြေညာခဲ့သည့်အတိုင်း စည်းကမ်းချက်များကို လိုက်နာမှုရှိမရှိကို သေချာစေရန် ဖွင့်လှစ်ရန် စီစဥ်ထားသည့် ကျောင်းများအားလုံးကို ကျန်းမာရေးအာဏပိုင်များနှင့် ပညာရေး၊ လူငယ်နှင့်အားကစားဝန်ကြီးဌာနများမှ အတိအကျ ပြန်လည်စစ်ဆေးမည် ဟု ပြောကြားထားသည်။

မစ္စတာဟွန်ဆန်ကသူ၏ကြေငြာချက်တွင် ထည့်သွင်းပြောကြားထားသည်မှာ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများအားလုံးသည် ပညာရေးဝန်ကြီးဌာန နှင့်အတူ “ပညာရေးနှင့် ဘဝလမ်းကြောင်းအသစ်” ခေါင်းစဥ်အောက်တွင် ကျောင်းသားများအားလုံး ပုံမှန်ပုံစံအသစ်ဖြင့်  Covid- 19 ကိုကာကွယ်နိုင်ပြီး လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တွင် လေ့လာသင်ယူနိုင်ရန်  အတူတကွပူးပေါင်းဆောင်ရွက်ရမည် ဟု ပြောကြားခဲ့ပါသည်။

ယခုလက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ မူလတန်းကြိုကျောင်းပေါင်း ၄၈၁၀ ကျောင်း၊ မူလတန်းကျောင်း ၇၇၁၄ ကျောင်း၊ အလယ်တန်းကြိုကျောင်းပေါင်း ၁၃၃၄ ကျောင်း၊ အလယ်တန်းကျောင်းပေါင်း ၆၃၈ ကျောင်း၊ အဆင့်မြင့်အစိုးရကျောင်းပေါင်း ၄၄ ကျောင်းနှင့် ပုဂ္ဂလိကအဆင့်မြင့် ပညာ‌ရေး အဖွဲ့အစည်းပေါင်း ၇၇ ကျောင်း ရှိပါသည်။ 

လာမည့် ဇန်နဝါရီ ၁၁ရက်နေ့တွင် ကလေးပေါင်း ၃.၄သန်းခန့် သည် ကျောင်းသို့ပြန်တက်နိုင်မည်ဖြစ်သည်။ 

ဤအတောအတွင်း ဖနွမ်းပင်ရှိ ပုဂ္ဂလိကကျောင်းနှစ်ခုသည် ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ သင်ခန်းစာများ ပြန်စနိုင်ခဲ့ပြီ ဖြစ်သည်။

American Intercon School (AIS)သည် ၎င်း၏ဘာသာစကားသင်တန်းကျောင်း တစ်ခုဖြစ်သည့် Aii နှင့်အတူ ပုံမှန်သင်တန်းများကို ပြန်လည်စတင်နိုင်တော့မည်ဟု ယူဆနေကြပါသည်။ ထို့အပြင် ကျောင်းမှ ဝန်ထမ်းများနှင့် မိဘများအားလုံးကို COVID-19 ကြိုတင်ကာကွယ်‌ရေးထိန်းချုပ်ရေးနှင့် လမ်းညွှန်ချက်များကို ကျန်းမာ‌ရေးလက်စွဲစာအုပ်နှင့် အတူ ပေးဝေထားပြီး ဖြစ်သည်။

ကျောင်းစီမံခန့်ခွဲမှုပြောရေးဆိုခွင့်ရှိသူတစ်ဦး ကကျောင်းသားများအားလုံးကို အတန်းမစမှီ ၃ ရက်အလိုကတည်းက လိုအပ်သည်များကို ရှင်းလင်းပြောကြားထားပြီး ဖြစ်သည်ဟု ဆိုထားပါသည်။

“ကျွန်တော်တို့အနေဖြင့် လူတိုင်းကို COVID-19 လုပ်ထုံးလုပ်နည်းများနှင့်လမ်းညွှန်ချက်များကိုလိုက်နာခြင်း၏အရေးပါမှုကို သေသေချာချာသိစေချင်ပါတယ်။”

ကျောင်းအုပ်တစ်ဦးစီတွင် Covid-19 ကော်မတီဝင် တစ်ဦးစီအတူရှိနေပြီး ၎င်းကော်မတီဝင်သည် ကျောင်းတွင် Covid-19 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအစီအမံများကို မည်သို့ အကောင်အထည်ဖော်နေသည်နှင့် မည်သို့သော ပြဿနာများကို ကိုင်တွယ် ဖြေရှင်းနေသည်ကို လစဥ်တင်ပြ ပေးရမည် ဖြစ်သည်။ 

ကျောင်းသူကျောင်းသားများကိုလည်း အပြင်မှ အစားအသောက်ကို ကျောင်းဝင်းတွင်း ယူခွင့်မပြုသောကြောင့် မိမိအိမ်မှ ထမင်းဘူးများထည့်လာရန်ကို တိုက်တွန်းထားပါသည်။

ဖနွမ်းပင်ရှိ Brighton International School နှင့်  Asean International School တို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့မှစ၍ ၎င်းတို့ကျောင်းရှိ သင်တန်းများကို စတင်နိုင်ခဲ့ပြီး ပညာရေး၊လူငယ်နှင့် အားကစားဌာနမှ သတ်မှတ်ထားသော ဆောင်ရွက်ရန် လမ်းညွှန်ချက် SOPs များ အတိုင်း ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် Battambang ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး Soeum Bunrithy က quarantine စင်တာများအဖြစ်အသုံးပြုဆဲကျောင်းရှစ်ကျောင်း မှလွဲ၍ MoEYS မှကြေညာသည့်အတိုင်းကျောင်းများပြန်လည်ဖွင့်လှစ်သွားမည်ဟုပြောကြားခဲ့သည်။

“ကျွန်တော်တို့က ‌ရွေ့ပြောင်းအလုပ်သမားတွေ ၁၄ရက်ကြာအောင် သီးသန့်နေသည့်ကာလ ပြီးအောင်စောင့်နေပြီး ထိုကျောင်းများကို ပိုးသတ်ပြီး ကျောင်းသားများ ဘေးကင်းလုံခြုံစွာဖြင့် ကျောင်းပြန်လာမည့် အချိန်ကို စောင့်နေတာပါ” ဟု ၎င်းက ဆိုပါသည်။

Bunrithy မှပြောကြားသည်မှာ သီးသန့်နေထိုင်သည့် စင်တာ (quarantine center) ပေါင်း ကိုးခုရှိသည့်အနက် ၈ခုမှာ ကျောင်းများဖြစ်ပြီး ကျန်တစ်ခုမှာ ကျန်းမာရေးစင်တာ ဖြစ်ပါသည်။သူကဆက်ပြောသည်မှာ Battambang နယ်စပ်မှတစ်ဆင့် မြို့တော်တွင်းသို့ ‌ရွှေ့ပြောင်းအလုပ်သမား ၁၈၁၅ ဦး ဝင်‌ရောက်လာခဲ့ခြင်း ကြောင့် ကျောင်းများ ပြန်ဖွင့်ရန်လိုလာသည်ဟု ဖြစ်သည်။

“ရွှေ့ပြောင်းအလုပ်သမားများကို သီးသန့်နေထိုင်ရမည့်ကာလ ပြီးဆုံးသည်အထိ ကျောင်းများကို ကွာရန်တင်းစင်တာအဖြစ်ဆက်လက်အသုံးပြုရန် တိုးချဲ့ကာလအတွက် ပညာရေးကာလကို တိုးချဲ့ လျှောက်တင်ထားရပါတယ်၊ ကျွန်တော်တို့ အနေဖြင့် ‌ရွေးချယ်စရာ မရှိပါဘူး၊ ဒါကြောင့် ကျောင်းတွေကို ဆက်အသိပြုနေရခြင်း ဖြစ်တယ်” ဟု Bunrithy ကဆိုပါသည်။

ရွှေ့ပြောင်းအလုပ်သမားများကိုစွန့်ခွာပြီးသည့်နောက်သူတို့ကျောင်းများကိုလွှဲပြောင်းပေးလိမ့်မည်ဟုသူကအာမခံခဲ့ပါသည်။ 

Ref; KHMER TIMES 

By Myanmar Education Guide (EDGE) 

Latest Post Read 1031 times