Sales Hotline : 09448001653       Download App



ကိုဗစ်-၁၉ နှင့် မြန်မာ့ပညာရေး အပေါ် သက်ရောက်မှု

COVID-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံတွင် ကျောင်းပိတ်ထားခြင်းကြောင့် သန်းနှင့်ချီသော ကျောင်းသားများ၏ ပညာရေးကို ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်လျက်ရှိပါသည်။

ကုလသမဂ္ဂသည် နိုင်ငံ၏ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကာ လက်ရှိ ပညာရေးစနစ်ကို ပိုမိုမြန်ဆန်စွာ နာလန်ထူနိုင်ရန် နှင့် ကလေး သူငယ်များ၏ အခွင့်အရေး၊ လုံခြုံရေးများကို တတ်နိုင်သလောက် ကာကွယ်နိုင်ရန် ဆောင်ရွက်နေကြသည်။

မြန်မာနိုင်ငံ၏ မြို့တော်ရန်ကုန်မှ အထက်တန်းကျောင်းသား တစ်ယောက် ဖြစ်သော ကိုသော်လေးသည် ယခုနှစ်စာသင်နှစ်သည် အရင်နှစ်များနှင့် မတူကွဲပြားနေသည့် အကြောင်းကို သိရှိပြီး ကျောင်းပြန်ဖွင့်မည့် အချိန်အတွက် စိတ်လှုပ်ရှားနေကြောင်းကို ပြောပြထားပါသည်။

ကိုသော်လေး နှင့် သူ၏ သူငယ်ချင်းများသည် တစ်ခါမှ မကြုံဖူးသေးသည့် ပညာရေး အနှောင့်အယှက်များနှင့် ရင်ဆိုင်နေရပြီး ပြည်တွင်းဗိုင်းရပ်စ် ကူးစက်မှု အသစ်များကြောင့် ဇူလိုင်လ ၂၁ ရက်တွင် ဖွင့်လှစ်ထားသော အထက်တန်းကျောင်းများကို ပညာရေး ဝန်ကြီးဌာနမှ ဩဂုတ်လအကုန်တွင် ပြန်လည်ပိတ်စေခဲ့ပါသည်။

“ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေချိန်တွင် ယခုလို ကျောင်းပိတ်ထားလိုက်ရခြင်းသည် ပညာရေးကဏ္ဍအတွက် အကြီးများဆုံး အကြပ်အတည်း ဖြစ်သည်” ဟု မြန်မာနိုင်ငံရှိ UNESCO ရုံးအကြီးအကဲ Min Jeong Kim မှ ပြောကြားထားသည်။

COVID-19 ကူးစက်ရောဂါသည်မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် လူငယ်များ အတွက် ပညာရေး မညီမျှမှုများကို ပိုမိုဆိုးရွားစေပါသည်။

"ခဲတံများ၊ ဘောလ်ပင်များ၊ နှာခေါင်းစည်း မျက်နှာဖုံးများ ဖြန့်ဝေခြင်း"

ကျောင်းများဖွင့်ရန် သို့မဟုတ် ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်များကို ပညာရေး၀န်ကြီးဌာနမှ ယူနက်စကို၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေပြီး ကျောင်းသားများနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိပါသည်။

ကုလသမဂ္ဂအဖွဲ့၏ ကလေးများ ရန်ပုံ‌ငွေအဖွဲ့သည် ကျောင်းများတွင် ဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ အပြင် ဆရာများ၊ ကျောင်းသားများအတွက် ဘေးကင်းသော ပတ်ဝန်းကျင် အဖြစ် ဖန်တီးပေးနိုင်နိုင်ရန် လိုအပ်သည့် သတင်းအချက်အလက်များကို တာဝန်ရှိသူများနှင့် အတူ ပူးပေါင်းဆောင်ရွက်ကာ ဖြန့်ဝေပေးလျက်ရှိသည်။

မကြာသေးမီက မြန်မာနိုင်ငံရှိ ကျောင်းနှင့်သင်ကြားရေးစင်တာ ၉၀,၀၀၀ ကျော်သည် ထိုညွှန်ကြားချက် သတင်းအချက်အလက်များကို လက်ခံခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျောင်းများပြန်လည်ဖွင့်လှစ်စဉ်ကာလအတွင်း ကျောင်းသားများ၊ ဆရာများနှင့် ၀န်ထမ်းများ အားလုံး၏ လုံခြုံမှုကို သေချာစေရန်အတွက် ကျောင်းသားများနှင့်ဆရာများအားလုံးကို နှာခေါင်းစည်း မျက်နှာဖုံးများကို အခမဲ့ပေးဝေခဲ့သည်။

ထို့အပြင် အပူချိန်တိုင်းကိရိယာ သာမိုမီတာ အခုရေပေါင်း ၇၅၀၀၀ ခန့်ကိုလည်း မြန်မာနိုင်ငံ တစ်ဝှမ်းသို့ ပို့ဆောင်ပေးထားပြီး ဖြစ်သည်။

လက်မကြာခဏဆေးရမည့် လုပ်ငန်းစဉ်များအတွက် လက်ဆေးကန်အများအပြားကိုလည်း တပ်ဆင်ထားပေးထားပါသည်။

ကျောင်းသားများ ကိုလည်း ကျောင်းဝန်းတွင်းသို့ မဝင်ရောက်မီ လက်ဆေးကြရန်၊ ခပ်ခွာခွာနေ၍ တန်းစီကြရန် ကိုလည်း မှာကြားထားပြီးဖြစ်သည်။

ထို့နောက် ဆရာမများသည် အခန်းတွင်း မဝင်ရောက်မီ ခန္ဓာကိုယ်အပူချိန်တိုင်းကာ အပူချိန်များသော ကျောင်းသားများကို အိမ်သို့ ပြန်ပို့ခြင်း သို့မဟုတ် ဆရာဝန် ဆီ ခေါ်သွားခြင်းများ ပြုလုပ်ပေးပါသည်။

ကျောင်းများဖွင့်လှစ်ခြင်းကို ဆောင်ရွက်ကြရာတွင်လည်း ကျန်းမာရေးဌာနမှ ချမှတ်ထားသော စည်းမျဉ်းများနှင့် ကိုက်ညီပြီး အဆင့်သတ်မှတ်ချက် အမြင့်ဆုံးအုပ်စုတွင်ပါသည့် ကျောင်းများကိုသာ ပြန်ဖွင့်ခွင့်ပြုရန် ပညာရေးဝန်ကြီးဌာနမှ စီစစ်ဆောင်ရွက် ထားသည်။

အဆင့်အေရသော ကျောင်းများကိုလည်း ကျောင်းသားများ အလှည့်ကျတက်စေသည့် စနစ်များဖြင့် စာသင်ခန်းတွင်း လူစုလူဝေးမဖြစ်စေရန် ညွှန်ကြားထားသည်။

ယခု စာသင်နှစ်တွင် ရောဂါကူးစက်မှုများ၏ သက်ရောက်မှုများကြောင့် ကျောင်းသားများ၏ ပညာရေး တိုးတက်မှု မနှောင့်နှေး စေရန် သင်ရိုးသင်ခန်းစာများကို အနည်းငယ် ပြောင်းလဲ ပြင်ဆင်ခဲ့ပါသည်။

"ကျောင်းက ထွက်ရခြင်း"

ကံမကောင်းစွာဖြင့် ဒေသတွင်းကူးစက်သော COVID-19 ဖြစ်ပွားမှု ဒုတိယလှိုင်းသည် အထက်ပါအတိုင်း ဂရုတစိုက်ဖြင့် အဆင့်ဆင့် စီစဉ်ဆောင်ရွက်ကာ ဖွင့်ထားသော ကျောင်းများကို ဩဂုတ်လအကုန်တွင် ပိတ်စေခဲ့ပြီး ကျောင်းသားများကို အိမ်မှာ နေစေခဲ့သည်။

မြို့ပြနှင့် ကျေးရွာ သင်ကြားမှုတွင် ကွာဟချက်များ အနိမ့်ဆုံးဖြစ်စေရန် ကုလသမဂ္ဂအဖွဲ့၏ ကလေးများ ရန်ပုံ‌ငွေအဖွဲ့ နှင့် အခြား မိတ်ဖက်များ နှင့် ပညာရေး ဝန်ကြီဌာန ပူးပေါင်းကာ ကလေးသူငယ်များနှင့်ဆရာများအတွက် နေအိမ်တွင်အခြေပြုကာ ပညာသင်ကြားနိုင်သည့် စနစ်ကို တိုးတက်စေရန် သင်ထောက်ကူပစ္စည်းများ ပေးဝေ နိုင်ရန် စီစဉ်လျက်ရှိသည်။

ယူနီဆက် နှင့် Japan International အဖွဲ့အစည်း ၏ ကူညီမှု ဖြစ်ပြီး ကလေးငယ်များ ဆက်လက်သင်ယူနိုင်ပြီး နောက်အတန်းတက်ရာတွင် အခက်အခဲနည်းစေရန်ရည်ရွယ်ထားပါသည်။

ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှလည်း မူလတန်းကျောင်းသားများအတွက် လာမည့်စာသင်နှစ်ကို စောင့်နေစဉ်တွင်း ပြီးခဲ့သည့်သင်ခန်းစာများကို လေ့လာနိုင်ရန် အခြေခံသင်ကြားရေးအထောက်အကူ စာအုပ်များကို ပုံနှိပ်ထုတ်ဝေပြီး ထောက်ပံ့ပေးလျက် ရှိသည်။

“အိမ်တွင်း လေ့လာမှု တစ်ရပ်အနေဖြင့် သင်ခန်းစာများကို မိမိကိုယ်တိုင်လေ့လာပြီး ဆရာမများမှ လိုအပ်သည့် အဆိုင်းမန့်များကို အိမ်တွင် ပြီးအောင်လုပ်ရန် ညွှန်ကြားပေးထားသည်” ဟု ကိုသော်လေးမှ ပြောထားသည်။

“ဒီကူးစက်ရောဂါဟာကျွန်မတို့အားလုံးကို နည်းမျိုးစုံနှင့် စိန်ခေါ်လျက်ရှိပြီး COVID-19 တုန့်ပြန်မှုနှင့်ပြန်လည်ထူထောင်ရေးအစီအစဉ်ကို အထောက်အပံ့ပေးရာတွင် ပညာရေး၀န်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ခြင်းသည်အလွန်အရေးဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ ထို့အပြင် မြန်မာတစ်နိုင်ငံလုံးရှိ ကလေးသူငယ်များပညာဆ်လက်သင်ယူရာတွင် မြင့်မားသော နည်းပညာ၊ နိမ့်သော နည်းပညာ အပြင် နည်းပညာမပါသော ဖြေရှင်းချက်များဖြင့် ပူးတွဲဆောင်ရွက်ရမည် “ ဟု Ms. Kim မှ ပြောကြားခဲ့ပါသည်။

Source: UN News 

By Myanmar Education Guide - EDGE 

 

Latest Post News Read 2090 times