IELTS ကို အစမ်းဖြေကြည့်ချင်သူတွေအတွက် Free Website (၅) ခု

 

သင်က IELTS ဖြေဖို့ ပြင်ဆင်နေသူလား? ဒီနေ့မှာတော့ IELTS ဖြေဖို့ ပြင်ဆင်ကြိုးစားနေတဲ့သူတွေအတွက် အသုံးဝင်မယ့် Website တွေကို ဖော်ပြပေးသွားပါမယ်။ IELTS Exam ကြေးက စျေးကြီးတာဖြစ်တဲ့အတွက် မဖြေခင်မှာ ကိုယ့်ဘက်က အကြိမ်ကြိမ် လေ့ကျင့်သွားဖို့ လိုပါတယ်။

 

တကယ့် IELTS စာမေးပွဲကိုမဖြေခင် မေးခွန်းပုံစံတွေကို လေ့လာပြီး၊ ကိုယ်အားနည်းတဲ့အပိုင်း၊ ဖြေဆိုရမယ့် Techniques နဲ့ Time Management လုပ်ပုံကို သိဖို့ Mock Test (အစမ်း) ဖြေကြည့်သင့်ပါတယ်။ ဒါကြောင့် IELTS Mock Test ဖြေချင်တဲ့သူတွေအတွက် Free Practice လုပ်လို့ရမယ့် Website (၅) ခုကို မျှဝေပေးလိုက်ပါတယ်။

 

၁။ IELTS Online Test

ဒီ Website မှာ IELTS Mock Test တွေကို Listening၊ Reading၊ Writing၊ Speaking ဆိုပြီး အပိုင်း (၄) မျိုးခွဲပြီး လေ့လာလို့ရပါတယ်။ ခုနှစ်တွေအလိုက် ရှိတဲ့အတွက် ကိုယ်ဖြေချင်တဲ့ ခုနှစ်မေးခွန်းကို ရွေးဖြေရုံပါပဲ။ ဒါတင်မကသေး IELTS နဲ့ ပတ်သက်တဲ့ Free Course တွေကိုလည်း သင်ယူလို့ရပါတယ်။ နိုင်ငံခြားမှာ တက္ကသိုလ်တက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်လည်း သူ့ Website မှာ UK၊ US၊ Australia စတဲ့ ထိပ်သီးနိုင်ငံတွေရဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေအကြောင်းကိုလည်း လေ့လာလို့ရပါသေးတယ်။

>> https://ieltsonlinetests.com/ielts-exam-library

 

၂။ British Council

British Council မှာလည်း IELTS ဖြေဆိုဖို့အတွက် လေ့ကျင့်လို့ရမယ့် Practice Test တွေ များစွာ ရှိပါတယ်။ Test တစ်ခုကို အချိန်ဘယ်လောက်ပဲ သုံးပြီး ဖြေရမယ်ဆိုတာပါ တစ်ခါတည်း ပြောပြပေးပါတယ်။ သူ့မှာလည်း Listening၊ Reading၊ Writing၊ Speaking ဆိုပြီး အပိုင်း (၄) ပိုင်းကို သပ်သပ်ခွဲပြီး ဖြေဆိုလို့ ရပါတယ်။ 

>> https://takeielts.britishcouncil.org/take-ielts/prepare/free-ielts-english-practice-tests

 

၃။ IELTS Buddy

ဒီ Website မှာက IELTS နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ စုံစုံလင်လင် ပါဝင်ပါတယ်။ လေ့ကျင့်ဖို့ မေခွန်းပုံစံတွေရော၊ အဖြေတိုက်ဖို့အတွက်ပါ အဖြေတွေ ပါပါတယ်။ IELTS မှာ Vocabulary က ကျယ်ပြန့်တဲ့အတွက် Vocabulary ဆိုပြီး သပ်သပ်လေ့လာလို့လည်း ရပါတယ်။ အဲ့ထဲမှာ Vocab နဲ့ ပတ်သက်တဲ့ Word Form တွေ၊ Phrasal Verb တွေ၊ Collocation တွေ၊ Idioms တွေကို ထည့်သွင်းသင်ကြားပေးထားပါတယ်။ 

>> https://www.ieltsbuddy.com/ielts-practice-tests.html

 

၄။ Best MY Test

IELTS စာမေးပွဲအတွက် လမ်းညွှန်ဖြေဆိုပုံတွေ၊ မေးခွန်းပုံစံတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားတဲ့ Website ပါ။ စိတ်ကြိုက်လေ့ကျင့်လို့ရအောင် General အတွက်ရော Academic အတွက်ပါ Mock Test တွေ ရှိပါတယ်။ Listening၊ Reading၊ Writing နဲ့ Speaking အတွက် Test တွေကိုလည်း အစမ်းဖြေကြည့်လို့ ရပါတယ်။ 

>> https://www.bestmytest.com/ielts/test

 

၅။ IELTS

ဒီ Website မှာက IELTS Academic အတွက် Paper Test မေးခွန်းပုံစံရော၊ Computer Test မေးခွန်းပုံစံပါ ရှိပါတယ်။ Reading နဲ့ Listening အတွက် Answer Sheet ပါပြီးသားဖြစ်တဲ့အတွက် အဖြေတိုက်စစ်လို့ ရပါတယ်။ သူ့မှာလည်း Reading၊ Writing၊ Listening နဲ့ Speaking ဆိုပြီး Section (၄) မျိုး ခွဲပေးထားတဲ့အတွက် ကြိုက်ရာကို ရွေးပြီး လေ့ကျင့်နိုင်ပါတယ်။ 

>> https://ielts.org/take-a-test/preparation-resources/sample-test-questions/academic-test

 

အပေါ်မှာပြောပြပေးခဲ့တဲ့ Website (၅) ခုလုံးဟာ Free ဖြစ်တဲ့အတွက် ဖုန်းနဲ့ အင်တာနက်လိုင်းရှိရုံနဲ့ အချိန်မရွေး၊ နေရာမရွေး လေ့ကျင့်ဖြေဆိုလို့ ရပါတယ်။ 

 

Latest Post University / College Knowledge Read 2771 times