British Council Myanmar က IELTS Paper Test ကို အစမ်းဖြေကြည့်ချင်သူတွေအတွက် ရန်ကုန်နဲ့ မန္တလေးတို့မှာ ဇန်နဝါရီ (၂၇) ရက်နေ့တွင် အခမဲ့ ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
အစမ်းဖြေဆိုမယ့် မေးခွန်းတွေကို Cambridge English Assessment က ပြင်ဆင်ပေးထားပြီး မေးခွန်းအရေအတွက်ကတော့ စာမေးပွဲနဲ့ အနည်းငယ် ကွာခြားမှု ရှိပါမယ်။
IELTS Paper Trial Test ကို ရန်ကုန်မှာဆိုရင် ဒဂုံမြို့နယ်က Prime Hill Business Square မှာ ကျင်းပမှာဖြစ်ပြီး မန္တလေးမှာဆိုရင်တော့ Mandalay Financial Centre (MFC)၊ (၁၁) လွှာ၊ ချမ်းအေးသာစံမြို့နယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ကျင်းပပြုလုပ်မယ့်အချိန်ကတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၇) ရက် အင်္ဂါနေ့၊ မနက် (၉) နာရီကနေ မွန်းလွဲ (၁) နာရီအထိ ဖြစ်ပြီး စာမေးပွဲ အတွေ့အကြုံ ရချင်တဲ့သူတွေက အောက်ဖော်ပြပါလင်ခ့်ကနေ စာရင်းပေးသွင်းနိုင်ပါတယ်။
> https://forms.office.com/pages/responsepage.aspx?
စာရင်းပေးသွင်းသူတွေကို British Council Myanmar ရဲ့ Customer Service Team က ဇန်နဝါရီ (၂၃) ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ပေးမှာ ဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုရင်တော့ 09-940 0700 99 (သို့) [email protected] ကို နေ့စဉ် မနက် (၉) နာရီမှ ညနေ (၅)နာရီ အတွင်း (အများပြည်သူရုံးပိတ်ရက်များမှအပ) ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။