Sales Hotline : 09448001653   Find A Tutor     Download App



IELTS Letter Writing အတွက် သိထားသင့်တဲ့ အချက် (၁၀) ချက်

 

 

IELTS ဖြေမယ့် သူတိုင်း Letter Writing မှာ ဖြေရတာ အခက်တွေ့နေပြီဆိုရင်တော့ သေချာပေါက် အခုပြောပြမယ့် အချက်လေးတွေကို မှတ်ထားလိုက်ကြရအောင်ပါ။

 

  1. ဖြေခိုင်းတဲ့ Letter Writing အမျိုးအစားကို ခွဲခြားသတ်မှတ်ပါ

IELTS Letter Writing အမျိုးအစားမှာ Formal, Semi-Formal နဲ့ Informal ဆိုပြီး အမျိုးအစား (၃) မျိုးရှိပါတယ်။ စာမေးပွဲမှာ ပေးထားတဲ့ ခေါင်းစဥ်ပေါ်မှာ လိုက်ပြီး ရေးခိုင်းတဲ့ Letter Writing အမျိုးအစားကို သေသေချာချာ ခွဲခြားသတ်မှတ်ပါ။

 

  1. Letter အတွက် အများဆုံး မိနစ် (၂၀) ပဲအချိန်ပေးပါ

Letter Writing စဖြေဆိုတော့မယ်ဆိုရင် အများဆုံး မိနစ် (၂၀)ပဲ အချိန်ပေးပါ။ ပထမ ၃ မိနစ်ကနေ ၅ မိနစ်ကို ကိုယ်ဘာရေးမယ်ဆိုတာ Plan ချပါ။ စဥ်းစားပြီး Notes ထုတ်တာပဲဖြစ်ဖြစ်လုပ်ပါ။ ကျန်တဲ့ နောက်ဆုံး (၂) မိနစ်ကိုတော့ စာပြန်စစ်ဖို့ အချိန်ပေးပါ။

 

  1. Letter အဖွင့် အပိတ် အသုံးအနှုန်းများကို မှန်ကန်စွာသုံးစွဲပါ

နံပါတ် ၁ မှာ ပြောခဲ့သလို ဖြေခိုင်းတဲ့ Letter အမျိုးအစားကို ဆုံးဖြတ်ပြီးပြီဆိုရင် စရေးတဲ့အခါ အဆုံးသတ်တဲ့အခါမှာလည်း Letter က Formal လား Informal လား Semi-Formal လားဆိုတာ လိုက်ပြီး သင့်လျှော်မှန်ကန်တဲ့ အဖွင့် အပိတ် အသုံးအနှုန်းများကို ရွေးချယ်ပါ။

 

  1. Letter ကို စာပိုဒ်ခွဲရေးရန် မမေ့ပါနဲ့

Letter Writing ရေးတဲ့အခါမှာ စာပိုဒ်တွေကို မှန်ကန်စွာ ခွဲတတ်ဖို့လည်း အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် Introduction, Problem/Situation,Solution/Action နဲ့ Conclusion ဆိုပြီး အပိုဒ်လေးပိုဒ် ခွဲရေးရမှာပါ။

 

  1. စာလုံးရေ (၁၅၀) ကျော်အောင်ရေးပါ

IELTS Letter Writing ဖြေဆိုတဲ့အခါမှာ စာလုံးရေကို ဘောင်ဝင်အောင်ရေးဖို့ကလည်း အရေးကြီးပါတယ်။ စာလုံးရေကို ၁၆၀ နဲ့ ၁၈၀ ကြားချပြီးရေးတာက အသင့်တော်ဆုံးပါ။ 

 

  1. ရှင်းလင်းပြတ်သားတဲ့ လက်ရေးကိုသာ အသုံးပြုပါ

စာအရေးအသား နဲ့ လက်ရေးကို သပ်သပ်ရပ်ရပ် နဲ့ သိသာထင်ရှားစေရန် ဂရုစိုက်ပါ။ ဒါမှသာ သင့်စကားလုံး အရေးအသား နဲ့ စာလုံးပေါင်းများကို အလွယ်တကူ ဖတ်ရှု စစ်ဆေးနိုင်မှာပါ။

 

  1. Linking Words တွေကို သုံးစွဲတတ်ပါစေ

စာရေးတဲ့အခါမှာလည်း ကိုယ့်ရဲ့ Proficiency ကို ဖော်ပြတတ်ဖို့ လိုအပ်ပါတယ်။ စကားအထားအသို၊ Grammar အသွားအလာ နဲ့ Linking Words တွေကို လိုအပ်တဲ့နေရာမှာ လိုသလို အသုံးပြုတတ်ပါစေ။

 

  1. အချိန်မှီအဆုံးသတ်ပါ

IELTS General Task I Letter က စာမေးပွဲအတွက် ၃၀ ရာခိုင်နှုန်းလောက် အမှတ်ရဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် Letter တစ်ပုဒ်လုံးကို အစအဆုံး သေချာရေးသားပြီး အချိန်မှီ အဆုံးသတ်တတ်အောင် လေ့ကျင့်ထားပါ။

 

  1. စံပြ Letter တွေကိုဖတ်ပါ မှီငြမ်းပါ ကူးမချပါနဲ့

စကားလုံး အသုံးအနှုန်း၊ သဒ္ဒါအထားအသို၊ စာကြောင်းစီဆင်းမှု အစရှိတာတွေကို အတုယူ မှီငြမ်းဖို့အတွက် စံပြ Letter တွေကို ဖတ်ပါ။ ဒါပေမဲ့ ကိုယ်တကယ်ဖြေဆိုတဲ့ အခါမှာတော့ လုံးဝပုံစံတူ မကူးချမိပါစေနဲ့။

 

  1.  အမှတ်ပေးစံနှုန်းများကို လေ့လာထားပါ

ဒီအချက်က IELTS ဖြေဆိုမယ့်သူတိုင်းအတွက် အရေးကြီးပါတယ်။ အမှတ်ပေးစည်းမျဥ်း၊ စံနှုန်းတွေကို သေချာနားလည်သဘောပေါက်ထားမှ စာမေးပွဲမှာ အမှတ်များများရအောင် ဘယ်လိုယူမလဲ ကြံဆနိုင်မှာပါ။

Knowledge Latest Post Read 203 times