IELTS General Training စာမေးပွဲအတွက် Free Webinar Series

British Council ကနေ IELTS General Training စာမေးပွဲ ဖြေဆိုမယ့်သူတွေအတွက် အခမဲ့ စာရင်းပေးသွင်း တက်ရောက်နိုင်တဲ့ Webinar Series တစ်ခု စီစဉ်ပေးထားပါတယ်။ 

IELTS General Training စာမေးပွဲကို ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်တွေအတွက်လည်းကောင်း၊ အထွေထွေ အင်္ဂလိပ်စာ လေ့လာမှုအတွက်လည်းကောင်း ဖြေဆိုကြတာဖြစ်ပြီး ဝါသနာအရ အင်္ဂလိပ်စာလေ့လာချင်သူတွေ တက်ရောက်ဖို့ သင့်တော်တဲ့ Webinar ဖြစ်ပါတယ်။

Webinar က (၆) ရက် ကြာမြင့်မှာဖြစ်ပြီး Reading၊ Writing၊ Listening နဲ့ Speaking စွမ်းရည် (၄) မျိုးလုံးကို Certified IELTS Expert တွေကိုယ်တိုင် Zoom Session တွေကနေတဆင့် သင်ကြားပို့ချမှာ ဖြစ်ပါတယ်။

ဒီ Webinar Series မှာ General Training စာမေးပွဲအကြောင်း၊ မေးခွန်းပုံစံတွေ၊ တွေ့ကြုံနိုင်တဲ့ အခက်အခဲတွေ၊ စာမေးပွဲဖြေဆိုပုံ ဖြေဆိုနည်းတွေကို သိရှိခွင့်ရမှာ ဖြစ်ပါတယ်။

Webinar ကို ဇူလိုင်လအတွင်း အပတ်စဉ် တနင်္လာနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ မြန်မာစံတော်ချိန် ညနေ (၄) နာရီကနေ (၅) နာရီခွဲအထိ Zoom ကနေတဆင့် အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

13 July – IELTS Overview

15 July – General Training Listening

20 July  – General Training Reading

22 July – General Training Writing Task 1

27 July – General Training Writing Task 2

29 July – General Training Speaking

ဒါ့အပြင် Webinar အတွင်းမှာ British Council က အခမဲ့ ပေးအပ်မယ့် IELTS Ready Premium Preparation Materials အကြောင်းတွေကိုလည်း ပြောပြပေးသွားဦးမှာပါ။ 

နောက်ထပ်အားသာချက်က Self-study မဟုတ်ဘဲ Webinar ဖြစ်တဲ့အတွက် Zoom Session အတွင်း မိမိသိချင်တာတွေအားလုံးကို Expert တွေကို တိုက်ရိုက် မေးလို့ရတဲ့ အခွင့်အရေးလည်း ရှိပါသေးတယ်။

တက်ရောက်လိုတဲ့သူတွေဟာ အောက်ကလင်ခ့်ကနေတဆင့် အခမဲ့ စာရင်းပေးသွင်းပြီး တက်ရောက်လို့ရပါတယ်။

> https://britishcouncil.zoom.us/

====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 1292 times