British Council က IELTS Academic ဖြေဆိုဖို့ ပြင်ဆင်နေသူတွေအတွက် အခမဲ့ စာရင်းပေးသွင်းတက်ရောက်နိုင်တဲ့ Webinar Series တစ်ခု စီစဉ်ပေးထားပါတယ်။
Webinar က (၆) ရက် ကြာမြင့်မှာဖြစ်ပြီး Reading၊ Writing၊ Listening နဲ့ Speaking Skill (၄) ခုလုံးကို လက်မှတ်ရ IELTS Expert များကိုယ်တိုင် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
စာမေးပွဲဆိုင်ရာ အကြံပြုချက်တွေ၊ မေးခွန်းပုံစံတွေ၊ ဖြေပုံဖြေနည်းတွေကို သိရှိနိုင်ပြီး IELTS စာမေးပွဲမှာ အမှတ်များများ လိုချင်တယ်ဆိုရင် လုံး၀ လက်လွှတ်မခံဘဲ တက်ရောက်သင့်တဲ့ Webinar တွေဖြစ်ပါတယ်။
ဘယ်သူတွေ တက်ရောက်သင့်လဲ?
Webinar ကို မေလအတွင်း တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့တို့မှာ မြန်မာစံတော်ချိန် ညနေ (၄) နာရီကနေ (၅) နာရီခွဲအထိ Zoom ကနေတဆင့် အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Webinar အတွင်း မှာ British Council က အခမဲ့ ပေးအပ်မယ့် IELTS Ready Premium Preparation Materials အကြောင်းများကို ပြောပြပေးမှာဖြစ်တဲ့အပြင် အချိန်မရွေး ပြန်နားထောင်လို့ရမယ့် Webinar Recording လည်း ရရှိဦးမှာပါ။
နောက်ထပ်အားသာချက်က Webinar ဖြစ်တဲ့အတွက် Zoom Session အတွင်း မိမိ သိချင်တာတွေအားလုံးကို မေးလို့ရတဲ့ အခွင့်အရေးလည်း ရှိပါသေးတယ်။
တက်ရောက်လိုတဲ့သူတွေဟာ အောက်ကလင်ခ့်ကနေတဆင့် အခမဲ့ စာရင်းပေးသွင်းပြီး တက်ရောက်လို့ရပါတယ်။
>> https://britishcouncil.zoom.us
============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။