IELTS မှာ အမှတ်ကောင်းကောင်းရဖို့ တက်ရောက်သင့်တဲ့ Free Webinar များ

British Council က Academic IELTS ဖြေဆိုဖို့ ပြင်ဆင်နေသူတွေအတွက် အခမဲ့ စာရင်းပေးသွင်းတက်ရောက်နိုင်တဲ့ Webinar Series တစ်ခု စီစဉ်ပေးထားပါတယ်။ 

Webinar က (၆) ရက် ကြာမြင့်မှာဖြစ်ပြီး Reading၊ Writing၊ Listening နဲ့ Speaking Skill (၄) ခုလုံးကို IELTS Foreign Experts ကျွမ်းကျင်သူတွေကိုယ်တိုင် လေ့ကျင့်သင်ကြားပေးသွားမှာပါ။

စာမေးပွဲဆိုင်ရာ အကြံပြုချက်တွေ၊ ဖြေပုံဖြေနည်းတွေကို နားထောင်ပြီး IELTS စာမေးပွဲမှာ အမှတ်များများ လိုချင်တယ်ဆိုရင် လုံး၀ လက်လွှတ်မခံဘဲ တက်ရောက်သင့်တဲ့ Webinar တွေဖြစ်ပါတယ်။

Webinar ကို ဇွန်လအတွင်း အပတ်စဉ် တနင်္လာနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ မြန်မာစံတော်ချိန် ညနေ (၄) နာရီကနေ (၅) နာရီခွဲအထိ Zoom ကနေတဆင့် အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

  • 9 June – IELTS Overview
  • 11 June – Listening
  • 16 June – Reading
  • 18 June – Writing Task 1
  • 23 June – Writing Task 2
  • 25 June – Speaking

တက်ရောက်သူတွေက အထူးအခွင့်အရေးအနေနဲ့ သင်ကြားပေးပြီးတဲ့ Session တိုင်းရဲ့ Recording တွေကို ပြန်လည်ကြည့်ရှုနိုင်မယ့်အပြင် British Council ကနေ အခမဲ့ ပေးအပ်တဲ့ Exam Preparetion Materials တွေကိုလည်း ရရှိနိုင်ပါတယ်။ 

နောက်ထပ်အားသာချက်က Self-study မဟုတ်ဘဲ Webinar ဖြစ်တဲ့အတွက် Zoom Session အတွင်း မိမိသိချင်တာတွေအားလုံးကို မေးလို့ရတဲ့ အခွင့်အရေးလည်း ရှိပါသေးတယ်။

တက်ရောက်လိုတဲ့သူတွေဟာ အောက်ကလင်ခ့်ကနေတဆင့် အခမဲ့ စာရင်းပေးသွင်းပြီး တက်ရောက်လို့ရပါတယ်။
>> https://www.britishcouncil.org.mm/events/ielts-academic-webinars?

IELTS ကို အွန်လိုင်းကနေ လေ့ကျင့်ချင်တဲ့သူတွေအတွက်လည်း British Council က IELTS Exam Preparation Materials တွေကို အခမဲ့ ပေးထားပါတယ်။ IELTS Exam Preparation Materials မှာ -

  • 6 Mock Tests
  • Practice Exercises
  • Tips
  • Videos
  • Webinars တို့ပါဝင်ပါတယ်။

============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 626 times