Sales Hotline : 09448001653       Download App



IELTS ဖြေဆိုမည့်သူများလေ့လာသင့်သည့် အကောင်းဆုံး ဝက်ဘ်ဆိုဒ် (၅)ခု

 

 

IELTS ဖြေဆိုမည့်သူများ၊ အခုမှစလေ့လာမည့်သူများ၊ လေ့လာနေဆဲသူများအတွက် ကိုယ့်ရဲ့ IELTS လမ်းကြောင်းကို အများကြီး အထောက်အကူပြုစေမယ့် အသုံးဝင်တဲ့ ဝက်ဘ်ဆိုဒ် (၅) ခုကို မျှဝေပေးပါရစေ။

 

  1. IELTS Liz

 

IELTS ပြင်ဆင်မှုအတွက် အကောင်းဆုံးဝက်ဘ်ဆိုဒ်တစ်ခုပါ။ UK မှ အတွေ့အကြုံရှိ ဆရာတစ်ဦးမှ ဖန်တီးထားသောဝက်ဘ်ဆိုဒ်တစ်ခုပဲဖြစ်ပါတယ်။ ရှင်းလင်းချက်များစွာနဲ့ ဖော်ပြထားတဲ့ YouTube Channel တစ်ခုလည်း ပါရှိပါတယ်။ ဒီဝက်ဘ်ဆိုဒ်ကို လေ့လာခြင်းအားဖြင့် အောက်မှာဖော်ပြထားတဲ့ အကျိုးကျေးဇူးများစွာကိုလည်း ရရှိမှာဖြစ်ပါတယ်_

 

  • IELTS နမူစာမေးခွန်းပုံစံများစွာကို လေ့လာနိုင်ခြင်း

  • IELTS စာမေးပွဲပုံစံကို ရှင်းလင်းချက်များစွာဖြင့် အသေးစိတ် သိရှိနိုင်ခြင်း

  • လက်တွေ့အသုံးဝင်မည့် YouTube Video များစွာကို ကြည့်ရှုနိုင်ခြင်း

  • စာမေးပွဲဖြေဆိုမည့်ရက်အတွက် အကျိုးရှိစေမည့် အကြံပြုချက်များကို သိရှိနိုင်ခြင်း

 

            Website Link > https://ieltsliz.com/


 

  1. IELTS Buddy

 

IELTS Preparation အတွက် များစွာသော အကြံပြုချက်များ၊ ဒေါင်းလုပ်ရယူလို့ရတဲ့ နမူနာမေးခွန်းများ၊ အင်္ဂလိပ်စာသဒ္ဒါဆိုင်ရာ အချက်အလက်များကို အများအပြားလေ့လာနိုင်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်လို့ Self Learning လုပ်နေသူများအတွက် အထူးသင့်တော်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ ဝေါဟာရပိုင်းဆိုင်ရာမှာလည်း အများကြီးလေ့လာနိုင်ပါတယ်။ IELTS Writing အတွက် အထူးနာမည်ကြီးတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုပါ။ သင်ခန်းစာထဲမှာပါဝင်တဲ့ Writing Task 1 နှင့် 2 ရဲ့ နမူနာအဖြေများက စာကြောင်းဖွဲ့စည်းတည်ဆောက်ပုံနှင့် ဖြေဆိုပုံ၊ဖြေဆိုနည်း နည်းလမ်းများကို များစွာ အထောက်အကူပြုစေမှာပါ။ 

 

 Website Link > https://www.ieltsbuddy.com/


 

  1. IELTS Mentor  https://www.ielts-mentor.com/

 

IELTS ကို ယေဘုယျအားဖြင့် လေ့လာသူတွေပဲဖြစ်ဖြစ် ပညာရေးလမ်းကြောင်းအတွက် ပေါင်းကူးအဖြစ် လေ့လာသူတွေပဲဖြစ်ဖြစ် IELTS Mentor က အသင့်တော်ဆုံးပါပဲ။ နမူနာမေးခွန်းပုံစံများကို အဖြေများနှင့်တစ်ကွ ပြည့်ပြည့်စုံစုံလေ့လာနိုင်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။လေ့လာရမယ့် ကဏ္ဍအလိုက် အကြံပြုချက်များကိုလည်း ဖော်ပြပေးထားပါတယ်။ Essay ပိုင်းအတွက်ဝက်ဘ်ဆိုဒ်မှာဖော်ပြထားတဲ့ နမူနာအဖြေပုံစံများနဲ့ နှိုင်းယှဥ်လေ့ကျင့်နိုင်ပါတယ်။ 

 

Website Link > https://www.ielts-mentor.com/


 

  1. IELTS British Council

 

ဒီဝက်ဘ်ဆိုဒ်ကတော့ တော်တော်များများ သိပြီးသားလည်းဖြစ်မှာပါ။ အထွေအထူးညွှန်းစရာမလိုအောင် ပြီးပြည့်စုံတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုပါပဲ။ BC ဝက်ဘ်ဆိုဒ်ဆိုတဲ့အတိုင်း Study Materials တွေ၊Practice Test တွေ၊ Question & Test Format တွေကို စုံစုံလင်လင် ဖော်ပြပေးထားပါတယ်။‘Understanding IELTS’ ဆိုတဲ့ခေါင်းစဥ်နဲ့ Futurelearn ပလက်ဖောင်းမှာလည်း အလွယ်တကူလေ့လာနိုင်ပါတယ်။ ဒါ့အပြင် BC မှာက IELTS နဲ့ပတ်သက်တဲ့ Official Announcement Updated News တွေကိုလည်း တင်ပေးနေတာဖြစ်လို့ မဖြစ်မနေ ဝင်ရောက်လေ့လာသင့်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုပဲဖြစ်ပါတယ်။

 

Webiste Link > https://takeielts.britishcouncil.org/take-ielts/prepare


 

  1. IELTS Band 7+ Complete Prep Course (Udemy)

 

IELTS စာမေးပွဲဖြေဆိုမည့်သူများအတွက် Udemy ရဲ့ အတွေ့အကြုံရှိဆရာ/ဆရာများမှ အသုံးဝင်ပြီး ယုံကြည်စိတ်ချရတဲ့  သင်ခန်းစာများကို ဖန်တီးထားပါတယ်။ IELTS Band 7+ Prep Course ဟာ တစ်မူထူးခြားတဲ့ သင်တန်းတစ်ခုဖြစ်ပြီး စာမေးပွဲအတွက် လိုအပ်ချက်များကိုအတွင်းကျကျ ခွဲခြမ်းစိတ်ဖြာပေးပါတယ်။ ဒါ့အပြင် IELTS ဖြေဆိုမှုအတွက် အမှတ်ကောင်းကောင်းရရှိနိုင်ရန် လိုအပ်တဲ့ နည်းစနစ် နဲ့ ကျွမ်းကျင်မှုများကို အလေးပေးထားပါတယ်။ IELTS Mock Test ဖြေဆိုရန်အတွက် အကောင်းဆုံးဝက်ဘ်ဆိုဒ်တစ်ခုလို့ပြောရင်လည်းမမှားပါဘူး။

 

Website Link > https://www.udemy.com/course/ielts-band-7-preparation-course/

Knowledge University / College Latest Post Read 820 times