Hybrid System ဖြင့် စနေ၊ တနင်္ဂနွေ ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်း (၃) ခု 

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် စွန့်ဦးတီထွင်မှုနှင့်စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့နှင့် အသုံးချသုတေသနပညာမဟာဘွဲ့တို့ကို ဖွင့်လှစ်မည်ဖြစ်သဖြင့် ဧပြီ (၃) ရက်နေ့မှ မေလ (၂) ရက်နေ့အထိ လျှောက်ထားနိုင်သည်။

ဖွင့်လှစ်မည့်သင်တန်းများ

  • စွန့်ဦးတီထွင်မှုနှင့်စီးပွားရေးစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Entrepreneurship and Business Management - MEBM)
  • ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Public Administration – MPA)
  • အသုံးချသုတေသနပညာမဟာဘွဲ့ (Master of Applied Research – MAR)

အဆိုပါ မဟာဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်-

  • အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်။
  • တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တစ်ပြိုင်တည်း တက်ရောက်နေသူ မဖြစ်စေရ။
  • သက်ဆိုင်ရာမဟာဘွဲ့သင်တန်းနှင့် ကိုက်ညီသည့် လုပ်ငန်းနယ်ပယ်အလိုက် အတွေ့အကြုံရှိသူကို ဦးစားပေးပါမည်။ 
  • သက်ဆိုင်ရာသင်ရိုးနှင့်အညီ သတ်မှတ်ထားသော အချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရမည်။ 
  • ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းသို့ တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာပါရှိရမည်။ 

သင်တန်းများ လျှောက်ထားခြင်း

သင်တန်းနှင့်သက်ဆိုင်သော လျှောက်လွှာပုံစံများကို Viber/Email (သို့မဟုတ်) သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၊ သင်တန်းရေးရာဌာနတွင် ၂၀၂၆ ခုနှစ်  ဧပြီ (၃) ရက်နေ့မှ မေလ (၂) ရက်နေ့အတွင်း တင်သွင်း လျှောက်ထားနိုင်ပါသည်။

သင်တန်းဝင်ခွင့်ရရှိရန် ရေးဖြေစာမေးပွဲကို မေလ (၁၆) ရက်နေ့တွင် သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)၌ နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရပါမည်။ ဝင်ခွင့်ရေးဖြေစာမေးပွဲတွင် သတ်မှတ်အဆင့်မီသူများအား လူတွေ့စစ်ဆေးကာ ရွေးချယ်သွားမည်ဖြစ်ပါသည်။ 

သင်တန်းကာလမှာ (၂) နှစ်ဖြစ်ပြီး အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ (Hybrid System) ဖြင့် Online နှင့် In Person တက်ရောက်ရမည်ဖြစ်သည်။

======================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 234 times