သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် Diploma in Human Resource Management ဒီပလိုမာသင်တန်းကို ဇူလိုင်လ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူသည် အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများဖြစ်ရမည်ဖြစ်ပြီး အွန်လိုင်းသင်တန်းဖြစ်သည့်အတွက် လိုအပ်သော နည်းပညာများအား ကောင်းစွာအသုံးပြုနိုင်သူဖြစ်ရမည်။
သင်တန်းအား သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်ရမည်ဖြစ်သဖြင့် တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူများ မလျှောက်ထားနိုင်ပါ။
သင်တန်းကို တနင်္လာနေ့မှ သောကြာနေ့အတွင်း ညနေ (၆) နာရီမှ ည (၈) နာရီအထိ တစ်ပတ် (၃) ရက် အွန်လိုင်းမှတဆင့် တက်ရောက်ရပါမည်။
သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး (၉) လ တက်ရောက်ရပါမည်။ သင်တန်းကြေးမှာ (၁) သိန်းခွဲကျပ်ဖြစ်ပြီး တစ်ကြိမ်တည်း အပြီး ပေးသွင်းရမည်ဟု သတ်မှတ်ထားသည်။
စိတ်ဝင်စားပါက ဇွန်လ (၂) ရက်နေ့မှ စပြီး သင်တန်းလျှောက်လွှာပုံစံကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ သင်တန်းရေးရာဌာနတွင်ဖြစ်စေ၊ [email protected] သို့ အီးမေးလ်ပေးပို့၍ဖြစ်စေ ထုတ်ယူ၍ ဇွန်လ (၃၀) ရက်နေ့ မတိုင်မီအထိ လျှောက်ထားနိုင်သည်။
လိုအပ်သည့် စာရွက်စာတမ်းများ
KBZ Quick Pay ဖြင့် ငွေပေးချေနည်း >> https://www.ucmsonlinestudy.org/wp-content/
အသေးစိတ်သိရှိလိုပါက ဝါဏိဇ္ဇဗေဒဌာန (ဖုန်း ၀၉-၇၇၅၄၈၀၅၃၇၊ ၀၉-၆၈၃၀၅၉၅၉၅)၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) Website : https://www.ucmsonlinestudy.org/?၊ Facebook Page : University of Co-operative and Management, Sagaing၊ [email protected] တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်သည်။
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။