သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် အောက်ပါ အွန်လိုင်းဒီပလိုမာသင်တန်းများကို ဇူလိုင်လတွင် ဖွင့်လှစ်မည်ဖြစ်သဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။
Dip.ESBD သင်တန်းကို ဇူလိုင်လ (၄) ရက်၊ စနေနေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး စနေနှင့် တနင်္ဂနွေ တစ်ပတ် (၂) ရက်ကို နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ တက်ရောက်ရပါမည်။
Dip.HRM သင်တန်းကို ဇူလိုင်လ (၁) ရက်၊ ဗုဒ္ဓဟူးနေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ပတ် (၃) ရက်ကို ညနေ (၆) နာရီမှ ည (၈) နာရီအထိ တက်ရောက်ရပါမည်။
အဆိုပါသင်တန်းများ၏ သင်တန်းကာလသည် (၉) လဖြစ်ပြီး သင်တန်းကြေးမှာ (၂၇၀,၀၀၀) ကျပ်ဖြစ်သည်။
သင်တန်းတက်ရောက်လိုပါက အောက်ဖော်ပြပါလင့်ခ်များမှတဆင့် သင်တန်းလျှောက်လွှာပုံစံ Download ရယူ၍ အီးမေးလ်မှတဆင့် ဇွန်လ (၂၂) ရက်နေ့အထိ ပေးပို့ လျှောက်ထားနိုင်သည်။ (သို့မဟုတ်) Dip.ESBD အတွက် သမဝါယမဌာနနှင့် Dip.HRM အတွက် ဝါဏိဇ္ဇဗေဒဌာနတို့တွင် မေလ (၂၁) ရက်နေ့မှ လျှောက်လွှာပုံစံ ထုတ်ယူ၍ ဇွန်လ (၂၂) ရက်နေ့အထိ လူကိုယ်တိုင် လျှောက်ထားနိုင်သည်။
Dip.ESBD - http://studyonline.ucms.edu.mm/?p=611
Dip.HRM - http://studyonline.ucms.edu.mm/?p=625
သင်တန်းကြေးကို ကျောင်းသားမှတ်ပုံတင်သည့်အချိန်တွင် Quickpay မှတဆင့် အပြီးပေးသွင်းရပါမည်။ သင်တန်းသားဦးရေ (၃၀) ပြည့်မှ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ ကန့်သတ်ချက် ရှိပါသည်။
ဆက်သွယ်ရန်
Dip.ESBD - ၀၉-၄၄၈၅၄၁၅၆၆၊ ၀၉-၄၀၁၆၄၃၄၉၃၊ [email protected]
Dip.HRM - ၀၉-၇၇၅၄၈၀၅၃၇၊ ၀၉-၄၀၀၄၆၃၂၄၉၊ [email protected]
လိပ်စာ - သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ရွှေသမားရပ်၊ စစ်ကိုင်းမြို့
=========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။