Sales Hotline : 09448001653       Download App



မှတ်ဉာဏ်အားကောင်းစေတဲ့ အလေ့အကျင့် အပြုအမူများ

တစ်ခါတစ်လေမှာ ကိုယ်ပြန်စဉ်းစားချင်တဲ့အရာတစ်ခုကို ဘယ်လိုမှ မှတ်မိအောင် ပြန်စဉ်းစားလို့မရတာမျိုး ဖြစ်ဖူးကြတယ်ဟုတ်။ ဒါကြောင့် နေ့စဉ်ဘ၀လှုပ်ရှားမှုမှာ ကိုယ်မှတ်လိုက်တဲ့အရာတွေကို လွယ်လွယ်ကူကူ မမေ့နိုင်စေဖို့ ဘယ်လို နည်းလမ်းလေးတွေ သုံးရမလဲဆိုတာ ပြောပြပေးသွားပါမယ်။

 

သင်အမှတ်မထင် လုပ်မိလိုက်တဲ့ အပြုအမူတချို့ဟာလည်း သင့်မှတ်ဉာဏ်နိုင်စွမ်းကို တိုးတက်စေတဲ့ အထောက်အကူတွေ ဖြစ်သွားတတ်ပါတယ်။ သူများထက် မှတ်ဉာဏ်အားကောင်းချင်ရင်တော့ အောက်မှာပြောပြပေးထားတဲ့ လှည့်ကွက်လေးတွေကို လိုက်လုပ်ကြည့်ဖို့ အကြံပြုပါတယ်။  

 

၁။ ရှစ်စက္ကန့်အကြာ အာရုံစိုက်ပါ

သင်မှတ်မိချင်တဲ့ အရာတစ်ခုကို စွဲစွဲမြဲမြဲ မှတ်ထားချင်ရင် အနည်းဆုံး ရှစ်စက္ကန့် အချိန်ပေးပြီး အာရုံစူးစိုက်လိုက်ခြင်းဟာ အကြောင်းအရာတစ်ခုကို မှတ်မိနေဖို့ လုံလောက်တဲ့အချိန်ပဲ ဖြစ်ပါတယ်။

 

၂။ တေးဂီတကို ဘယ်အချိန်နားထောင်သင့်သလဲ သိပါစေ

အလုပ်လုပ်နေတဲ့အချိန်၊ စာလေ့လာနေတဲ့အချိန်၊ စာအုပ်ဖတ်နေတဲ့အချိန်တွေမှာ သီချင်းကို Sound Box သို့မဟုတ် Earphones နဲ့ နားထောင်တယ်ဆိုရင်တော့ ခဏ ပိတ်ထားဖို့တော့ လိုအပ်ပါတယ်။

စာလေ့လာနေတဲ့အချိန်မှာ သီချင်း သို့မဟုတ် တေးဂီတသံစဉ်တွေကို နားထောင်တာဟာ မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။

မိမိစာဖတ်နေတဲ့အချိန်မှာ တစ်ယောက်ယောက်ကနေ အဆက်မပြတ်အော်နေတဲ့ အသံကလည်း မိမိဦးနှောက်ရဲ့ မှတ်မိနိုင်တဲ့ စွမ်းရည်ကို အတားအဆီးဖြစ်စေတတ်ပါတယ်။

ဒါကြောင့် တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ စာဖတ်တာဟာ မှတ်ဉာဏ်ကို အားပေးပြီး အာရုံစူးစိုက်မှု ပိုရရှိစေပါတယ်။

 

၃။ ပီကေဝါးပါ

ပီကေဝါးတဲ့သူတွေဟာ အကြားအမြင်ဆိုင်ရာ မှတ်ဉာဏ်အလွန်ကောင်းပြီး အာရုံစူးစိုက်တဲ့နေရာမှာလည်း ပိုတော်ပါတယ်။

ပီကေဝါးရတာ မနှစ်သက်တော့ဘူးဆိုရင်တော့ သစ်သီးစားတာ၊ အပျော်တမ်းဉာဏ်စမ်းဂိမ်းတွေ ကစားတာကလည်း မှတ်ဉာဏ်ကောင်းမွန်စေပါတယ်။

 

၄။ လက်သီးဆုပ်ပါ

အလုပ်လုပ်နေတဲ့အခါ (သို့) စာလုပ်တဲ့အခါ မှတ်ထားတဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားလို့မရနိုင်တဲ့ အခြေအနေမျိုး ကြုံလာရင် Stress Ball လို ဖိညှစ်လို့ရတဲ့အရာကို လက်သီးဆုပ်သလို ညှစ်ပေးပါ။

လက်သီးဆုပ်ကို တင်းတင်းကျပ်ကျပ် ပြုလုပ်လိုက်တာဟာ မှတ်ဉာဏ်ကို ပြန်လည်အစပျိုးပေးနိုင်ပြီး မေ့နေတာတွေ မှတ်မိလာစေပါတယ်။

သင်ဟာ ညာဘက်သန်တဲ့သူဖြစ်ပြီး အကြောင်းအရာတစ်ခုကို ပြန်မှတ်မိအောင် အစပျိုးစဉ်းစားနေတယ်ဆိုရင် အဲဒီအချိန်မှာ ညာဘက်လက်သီးကို ဆုပ်ထားပြီး စဉ်းစားပေးပါ။

လက်သီးဆုပ်တဲ့အခါ ခဏလေးဆုပ်ထားတာမျိုးမဟုတ်ဘဲ အနည်းဆုံး ၄၅ စက္ကန့်အကြာလောက်ထိ ဆုပ်ထားပေးသင့်ပါတယ်။ ဒီလိုလုပ်တာဟာ မှတ်ဉာဏ်ကို တိတိကျကျ အကောင်အထည်ဖော်ပေးနိုင်ပြီး အလွယ်တကူ ပြန်မှတ်မိစေနိုင်ပါတယ်။

 

၅။ စိတ်ကူးပုံဖော်ကြည့်ပါ

ကိုယ်ကြုံဆုံဖူးတဲ့သူတွေကို စိတ်ကူးထဲမှာ ပြန်လည်ပုံဖော်စဉ်းစားတာဟာလည်း မှတ်ဉာဏ်ကောင်းစေဖို့ နည်းလမ်းပဲဖြစ်ပါတယ်။

အကယ်၍ ကိုယ်ဟာ နံပါတ်ရှည်ရှည်တစ်ခုကို ပြန်မှတ်မိအောင် ကြိုးစားနေတဲ့အခါ နံပါတ်အငယ်လေးတွေကို စစဉ်းစားပါ။ နောက်မှ တဖြည်းဖြည်းကိုယ်စဉ်းစားနေတဲ့ နံပါတ်ဆီကို ရောက်အောင် စဉ်းစားကြည့်ပါ။

 

၆။ သူငယ်ချင်းများနှင့်အချိန်ကုန်ဆုံးပါ

လူတွေဟာ တစ်ယောက်တည်းနေရတာများတဲ့အခါ အထီးကျန်မှုတွေ၊ စိတ်ဓာတ်ကျတာတွေ အလိုလိုနေရင်း ခံစားရလေ့ရှိပြီး ဦးနှောက်ကို ထိခိုက်စေတာကြောင့် မှတ်ဉာဏ် ချို့ယွင်းမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ဒါကြောင့် တစ်ယောက်တည်း အချိန်ကုန်ဆုံးစေမယ့်အစား သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာဟာ စိတ်ကြည်နူးစေပြီး အတွေးသစ်အမြင်သစ်တွေလည်း ရစေပါတယ်။

 

၇။ ပုံဆွဲပါ၊ ရေးခြစ်ပါ

ပျင်းရိ ငြီးငွေ့စရာကောင်းတဲ့ ရုံးခန်း သို့မဟုတ် စာသင်ခန်းမှာ ထိုင်နေရတဲ့အခါ ပန်းပွင့်ပုံလေးတွေ ဆွဲချင်တယ်လို့ စိတ်ကူးနေရင်တော့ စာရွက်ပေါ်မှာ လွတ်လွတ်လပ်လပ်သာ ချဆွဲလိုက်ပါ။

ပျင်းရိနေတဲ့ အချိန်တွေမှာ ပုံကြမ်းလေးတွေဆွဲတာ၊ ရေးခြစ်တာတွေက ဒီအတိုင်း ထိုင်နေတာထက်စာရင် ဦးနှောက်မှတ်ဉာဏ်ကို ထက်မြက်စေပါတယ်။

 

Credit: PhoThuTaw

 

Knowledge Latest Post Read 553 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176