Sales Hotline : 09448001653       Download App



ကူးစက်ရောဂါကပ်ကာလအတွင်း ကျောင်းပြန်တက်ကြပုံများ

တချို့သောနိုင်ငံများတွင် ကျောင်းတံခါးများ ပြန်ဖွင့်လိုက်သောအခါ ကျောင်းတက်ကြရသည့် ကျောင်းသူကျောင်းသားများ မည်သို့ ရှိမည်နည်း။

မျိုးဆက်တစ်ခုလုံး ပညာရေးပြတ်တောက်သွားသည်ကို တွေ့မြင်ကြရသည်။

ဧပြီလတွင် တစ်နိုင်ငံလုံးအနှံ့အပြား ပိတ်ဆို့မှုများကြောင့် နိုင်ငံပေါင်း ၁၉၄ ခုကျော် တစ်ကမ္ဘာလုံးရှိကျာင်းသား ၉၁ ရာခိုင်နှုန်းခန့်သည် ကျောင်းနားလိုက်ကြရသည်။ ၎င်းသည် ကမ္ဘာတစ်ဝှမ်းရှိ ကလေးများ၏ဘဝနှင့် သင်ယူလေ့လာခြင်းတို့ကို အနှောင့်အယှက်ဖြစ်စေသည်။

ယူနီဆက် သည်အစိုးရများ၊ ကျောင်းများနှင့် လက်တွဲကာ ကလေးများ ကျောင်းပြန်တက်နိုင်ကြရန် ကျောင်းကို ဖွင့်လှစ်ခြင်းသာမက ပိုမိုကောင်းမွန်သောကျောင်းများ အဖြစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်နေသည်။

တချို့သောနိုင်ငံများတွင် ကျောင်းများပြန်လည်ဖွင့် လှစ်လာကြသည့်အခါ မကြာခဏ  လက်ဆေးခြင်း၊ လူတစ်ဦးနှင့် တစ်ဦး ခြောက်ပေခွာနေခြင်း၊ mask တပ်ဆင်ခြင်းနှင့် အပူချိန်စစ်ဆေးခြင်းစသည့် အစီအစဉ်များကို ကျောင်းစည်ကမ်းတွင် ထည့်သွင်း ဖော်ပြထားသည်။ ကျောင်းသူကျောင်းသားများ ကျောင်းပြန်တက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံအချို့တို့တွင် မည်သုံမည်ပုံ ရှိကြသည်ကို တင်ပြအပ်ပါသည်။ 

No description available.

ဘူတန်နိုင်ငံ Wangdue ရှိ Samtengang ဗဟိုကျောင်းတွင် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ၉ တန်းနှင့် ၁၁ တန်းအထိတစ်နိုင်ငံလုံးရှိ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင်ကျောင်းသား ၁၃၄ ယောက် ကျောင်းပြန်တက်သည်။

ယူနီဆက်သည် ပညာရေး ဝန်ကြီးဌာနနှင့် နီးကပ်စွာလက်တွဲပြီးကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းနှင့် ဘေးကင်းလုံခြုံရေး အစီအစဉ်များကို အထောက်အကူပြုရန်အတွက် အမျိုးသားလမ်းညွှန်ချက်များချမှတ်ထားသည်။

No description available.

ဇွန်လ ၂ ရက်နေ့က တရုတ်နိုင်ငံ၊ ချုံကင်းတွင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကလေးများ၏ အပူချိန်ကို စစ်ဆေးပြီး၊ လက်သန့်စင်ဆေးကိုသုံးစွဲစေသည်။ သူငယ်တန်းမတက်မီ  ကလေးများအား ကျန်းမာလုံခြုံစွာ ထားနိုင်ရန်၊ ဝန်ထမ်းများနှင့် ဆရာဆရာမများသည် COVID-19 လက္ခဏာများကို စောင့်ကြည့်ခြင်း၊ သန့်သန့်ရှင်းရှင်းနေတတ်ရန် အလေ့အကျင့်ကောင်းများသင်ပေးခြင်း၊ စာသင်ခန်းများနှင့် အဆောင်များကို ပိုးသတ်၍သန့်ရှင်းပေးခြင်း စသည့် အစီအစဉ်များကို လုပ်ဆောင်ခဲ့ပါတယ်။

COVID-19 ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံရှိ ကလေးများသည် ကျောင်းပြန်တက်လာကြသည်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အစီအစဉ်များကို အခြေခံ၍ ပြည်နယ်နှင့် ကျောင်းအဆင့်အလိုက် အချိန်ဇယားများ ကွဲပြားသည်။

နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများသို့ဖြန့်ဝေခဲ့သော ကျောင်းသားများ၊ ဆရာများနှင့် မိဘများအား လက်တွေ့ကျသော အကြံဉာဏ်များနှင့်အတူ ကျောင်းသားများ၊ ဆရာများနှင့်မိဘများကို ကူညီရန် ဘေးကင်းလုံခြုံသော ကျောင်းများသို့ ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို UNICEF မှ ထောက်ပံ့ပေးခဲ့သည်။

No description available.

အနောက်အာဖရိက နိုင်ငံတစ်ခု ဖြစ်သော Côte d'Ivoire ၏ အနောက်တောင်ဘက်ရှိ San-Pedro မူလတန်းကျောင်းတွင် ကလေးများသည် ကျောင်းတက်သည်။ COVID-19 ကြောင့်ကျောင်းများသည် ရက်သတ္တပတ်များစွာ ပိတ်ခဲ့ရသည်။ မေလ ၁၈ ရက်တွင် စာသင်ခန်းများကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့ပြီး mask တပ်သည့်ကလေးများ၊ လက်များကို မှန်မှန်ဆေးကြောပြီး လူတစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာနေသည့် စည်းကမ်းကိုလိုက်နာကြသည်။ပညာရေးဝန်ကြီးဌာနသည်ဇွန်လကုန်နှင့် စက်တင်ဘာလအကြား ကျောင်းများပိတ်ကြောင်း ကြေညာခဲ့သည်။  ဒေသန္တရ အာဏာပိုင်များ၊ မိသားစုများနှင့် ကျောင်းသားများအား ထောက်ပံ့ရန်အတွက် ယူနီဆက်သည် လက်တွေ့လမ်းညွှန်မှုနှင့် အကြံပေးခြင်းများကိုကူညီပေးသည်။ယူနီဆက်သည် ပညာရေးဝန်ကြီးဌာနအား ကျောင်းများဘေးကင်းလုံခြုံစွာပြန်လည်ဖွင့်လှစ်ရန်အတွက် လမ်းညွှန်ချက်များကို ထုတ်ပြန်ပေးသည်။

No description available.

ကလေးငယ် ၃၃၈,၂၅၉ ကို ကာကွယ်ရန်အတွက် Minia နှင့် Fayoum ပြည်နယ်အုပ်ချုပ်မှုလက်အောက်ရှိကျောင်း ၃၆၀ တွင်ပိုးသတ်ဆေးများ ပံ့ပိုးကူညီခဲ့သည်။ ယူနီဆက်သည် အဆင့် ၁၂ နောက်ဆုံးစာမေးပွဲများ မတိုင်မီ နောက်ထပ်ကျောင်း ၅၆ ကျောင်းကို ပိုးသတ်ဆေးများ ကူညီပေးမည်။

No description available.

မေလ ၁၈ ရက်နေ့တွင် လာအိုနိုင်ငံ၏မြို့တော် ဗီယက်ကျင်းရှိလစ်စီဒီဗစ်တီယန် အမည်ရှိ အစိုးရကျောင်းကို ကျောင်းဖွင့်ပေးပြီး ကျောင်းသား ၉၀၀ ကျော်ကိုကြိုဆိုခဲ့သည်။

လာအိုတွင်နှစ်လကြာ ကျောင်းပိတ်ပြီး တစ်လအတွင်း အမှုအသစ်များ အကြောင်းကြားခြင်းမရှိဘဲ ပညာရေးဝန်ကြီးဌာနသည်  ကျောင်းမျာပြန်လည်ဖွင့်လှစ်ရန်အတွက်ဘေးကင်း လုံခြုံအောင်မည်သို့နေရမည်ကို လမ်းညွှန်ချက်များထုတ်ပြန်ခဲ့သည်။

UNICEF သည်ပညာရေး ဝန်ကြီးဌာနအား COVID-19 တုန့်ပြန်မှု အစီအစဉ်တစ်ခုကို တီထွင်ရန် ထောက်ခံခဲ့ပြီးမိဘများ၊ ဆရာများနှင့်ကျောင်းသားများအတွက် ရည်ရွယ်သည့် ကျောင်းများမှ လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။ စည်းရုံးလှုံ့ဆော်ရေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ ပိုစတာများကို နိုင်ငံရှိကျောင်းများ အားလုံးသို့ဖြန့်ဝေခဲ့ပြီး ဒစ်ဂျစ်တယ်နှင့် မီဒီယာမှ အသိပညာပေးစကားများကိုလည်းဖြန့်ဝေခဲ့သည်။

No description available.

ဆရာများနှင့် ကျောင်းသားများသည်မေလ ၁၁ ရက်၊ ဗီယက်နမ်၊ Lao Cai ရှိ ကျောင်းပထမနေ့တွင်ကြိုတင်ကာကွယ်မှုများပြုလုပ်ခဲ့သည်။ COVID-19 ကူးစက်ပျံ့နှံ့နေစဉ်ကာလတွင် ကျောင်းများအားလုံးအတွက် ဘေးကင်းလုံခြုံမှုရှိစေရန် ထိုအစီအစဉ်များကို 'အလေ့အထအသစ်' ဟုခေါ်ဆိုထားသည်။

ဇန်နဝါရီလနှောင်းပိုင်းတွင်နှစ်သစ်ကူးပွဲပြီးနောက်ကြာမြင့်စွာအနားယူပြီး ဗီယက်နမ်ကျောင်းသား ၂၂ သန်းကျော်လည်း ကျောင်းတက်ခဲ့ကြသည်။ ကျောင်းများပြန်လည်ဖွင့်လှစ်ရန်အတွက်သူတို့သည်ကူးစက်ပြန့်ပွားမှုကိုကာကွယ်ရန်ပညာရေးနှင့်လေ့ကျင့်ရေး ဝန်ကြီးဌာနမှချမှတ်ထားသော လုံခြုံရေးစံနှုန်းများကို လိုက်နာရန်လိုအပ်သည်။ ယင်းတို့တွင် သဘာဝပတ်ဝန်းကျင်နှင့် အစားအစာသန့်ရှင်းရေး၊ ဆေးဘက်ဆိုင်ရာနှင့် သန့်ရှင်းရေးကိရိယာများ (သာမိုမီတာနှင့် ဆပ်ပြာစသည့်)၊ အပူချိန်စစ်ဆေးခြင်း၊ Mask တပ်ဆင်ခြင်းနှင့် စာသင်ခန်းအတွင်း သင့်လျော်သောအကွာအဝေးတွင်နေထိုင်ရန် စည်းကမ်းချက်များပါဝင်သည်။

UNICEF ၏ပံ့ပိုးမှုဖြင့် တစ်နိုင်ငံလုံးရှိကျောင်း ၄၃,၉၆၆ အားလုံးသည်ကျောင်းသားများနှင့်ဆရာများကျောင်းပြန်လည်တက်နိုင်ရန်အတွက်ကျောင်း၏ ကူးစက်ရောဂါ‌ဘေးကင်းလုံခြုံမှုစည်းမျဉ်းများကိုအကောင်အထည်ဖော်ခဲ့သည်။

Ref: unicef.org

Yu Khine

Latest Post News Read 942 times