Sales Hotline : 09448001653       Download App



နည်းပညာ မကျွမ်းကျင်တဲ့ ဆရာဖြစ်သူ အွန်လိုင်းသင်ပေးဖို့ ဘယ်လိုကြိုးစားသလဲ

နည်းပညာပိုင်း မကျွမ်းကျင်ပေမဲ့လည်း ကိုဗစ်ကြောင့် အွန်လိုင်းမှာ စာသင်ပေးဖို့ ကြိုးစားအားထုတ်ရတဲ့ ကျောင်းဆရာတစ်ဦး ဘယ်လိုတွေ ကြိုးပမ်းရသလဲဆိုတာကို သူ့သားက ဂုဏ်ယူစွာဖြင့် Facebook  မှာ  ရေးသားတင်ပြခဲ့ပါတယ်။

Wee တင်ထားသည့် post သည် like 62,000 ကျော် ရရှိနေပြီး share 24,000 ကျော် ရရှိနေပြီ ဖြစ်သည်။
Comment ကြိမ်ရေ ၄,၈၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

၅၉ နှစ်အရွယ်ဆရာတစ် ဦးသည် နည်းပညာကျွမ်းကျင်မှုမရှိသော်လည်း ကျောင်းသားများအတွက် အွန်လိုင်းသင်တန်းများပို့ချရန် အတတ်နိုင်ဆုံး ကြိုးစားသည့် အကြောင်းအရာ ဖြစ်သည်။ 
Says.com ကို Wee Cher Wei က အကြောင်းစုံ ပြောပြခဲ့သည်။ 

ဆရာ၏ သားဖြစ်သူ Wee Cher Wei က နိုဝင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့တွင် Facebook တွင် သူ့အဖေအကြောင်း ရေးသားခဲ့သည်။  ခြောက်လ၊ ခုနစ်လကြာပြီးလျှင် အငြိမ်းသား ယူရတော့မည့် ဖခင်သည် ကိုဗစ်ကြောင့် ကျောင်းများ ပိတ်ထားရစဉ် သူ့ တပည့်များကို အွန်လိုင်းမှ စာသင်ပေးနိုင်ဖို့ ကြိုးပမ်းခဲ့သည်။
သူ့ဖခင် စာသင်ခဲ့သည်မှာ ၃၄ နှစ်ကျော် ကြာခဲ့ပြီ. ၁၉၈၆ ခုနစ်ကတည်းက ဖြစ်သည်။ လက်ရှိတွင်  နည်းပညာဆိုင်ရာ ပုံဆွဲပညာ Technical Drawing ကို အထက်တန်းကျောင်းတစ်ခုတွင် သင်ပြနေသည်။
သားဖြစ်သူကို Facebook မှ  video called ခေါ်ပြီး သူ့ လက်ပ်တော့အဟောင်းကို ပြင်ပေးဖို့ အကူအညီတောင်းခံသည်။ ဘာအတွက်လဲ ဟု မေးသောအခါ အလုပ်အတွက်၊ စာသင်ပေးဖို့ဟု ဖြေသည်။ သူ မကူညီနိုင်ပါ။ အဖေ့ကို သူ ကျီဆယ်သည်။

"အဖေက နောက် ၆လ ၇ လ ဆို ပင်စင်ယူတော့မှာ ဘာလို့ စာသင်ချင်နေရတုန်း"
အဖေက လက်ပ်တော့ကို ပြန်ကောင်းသွားအောင် အမြန်ဆုံး ပြင်ပေးဖို့ကိုသာ တွင်တွင်ပြောနေသည်။
သူက ပြန်ပြင်ပေးလို့ မရနိုင်တော့ကြောင်း ပြောပြလိုက်သည်။

အဖေက စိတ်မပျက်။ လက်မလျှော့။ သမီးထံမှ လက်ပ်တော့ကို ငှားလိုက်ပြီး သားကို သူတင်ချင်သည့် ဆော့ဖ်ဝဲလ်များ တင်ပေးခိုင်းသည်။

အဖေ စိတ်ချမ်းသာအောင် ဆော့ဖ်ဝဲလ်များ တင်ပေးလိုက်သည်။
ရက်အနည်းငယ်ကြာပြီးချိန်တွင် သူ့အစ်မက အဖေ စာသင်နေသည့် ပုံများ သူ့ဆီ ပို့ပေးလိုက်သည်/ အဖေက သူ့တပည့်များကို အွန်လိုင်းတွင် စာသင်ပေးနေသည့် ပုံများ ဖြစ်သည်။
အဖေ့ကို သူ ကျီစယ်ပြောဆိုမိခဲ့သည်များအတွက် သူရှက်မိသည်ဟု  Wee Cher Wei က Facebook တွင် ဝန်ခံရေးသားခဲ့သည်။

အဖေ့အတွက် သူ ဂုဏ်ယူမိသည်။ 
“အဖေက အသက်ကြီးပြီ။ အိုင်တီကိုလည်း ဘာမှ မသိဘူး။ ဒါပေမဲ့ စာသင်လို့ ရအောင် သူလုပ်နိုင်သရွေ့ အကုန်လုပ်တယ်။ အခုလို ကျောင်းတွေပိတ်ပြီး စာမသင်ရ ဖြစ်နေကြတဲ့ သူ့တပည့်တွေကို သူက ပုံဆွဲနည်းတွေ ပြသပေးတယ်။ ဘယ်နှယောက်က သူ သင်ပြပေးနေတာကို စိတ်ပါလက်ပါဖြင့် သင်သလဲဆိုတာလည်း သူ မသိရဘူး။ ဒါပေမဲ့ သူ တာဝန်ကျေပွန်တယ်”

Wee က သူ့ဖခင်သည် အတော်ဆုံး ကျောင်းဆရာ မဟုတ်သော်လည်း အကောင်းဆုံး ကျောင်းဆရာတစ်ဦး ဖြစ်သည်မှာ သေချာသည်ဟု ကောက်ချက်ချသည်။ မိသားစုအတွက်လည်း ဖခင်ကောင်း တစ်ဦးဖြစ်သည်။

Ref: Says.com

Latest Post Read 539 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176