ဒီဂျစ်တယ်ခေတ်မှာ ပညာသင်ကြားဖို့ ငွေကြေးနဲ့ တည်နေရာက အဟန့်အတားတစ်ခု မဟုတ်တော့ပါဘူး။ ကမ္ဘာကျော် Harvard တက္ကသိုလ်က ပညာရပ်တွေကိုတောင် ဖုန်းနဲ့ အင်တာနက်ရှိတဲ့ ဘယ်သူမဆို အွန်လိုင်းကနေ အခမဲ့ လေ့လာနိုင်နေပြီ ဖြစ်ပါတယ်။
Harvard တက္ကသိုလ်က အခမဲ့သင်တန်းတွေက အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ချက်မရှိဘဲ နှစ်သက်ရာ သင်ခန်းစာတွေကို Enroll လုပ်ပြီး အချိန်မရွေး လေ့လာနိုင်ပါတယ်။ ဒါပေမဲ့ English လိုပဲ သင်ကြားရမှာဖြစ်တဲ့အတွက် English Level ကတော့ Intermediate လောက်မှ အဆင်ပြေပါမယ်။
သင်ယူနိုင်တဲ့ ပညာရပ်နယ်ပယ်များ
သင်တန်းစာရင်းသွင်းခြင်း
အောက်ပါလင့်ခ်ကနေတဆင့် နှစ်သက်ရာ သင်တန်းတွေကို ရွေးပြီး တက်ရောက်နိုင်ပါတယ်။ ဝက်ဘ်ဆိုက်ဒ်ထဲက ကိုယ်သင်ယူလိုတဲ့ Subject Area ကို Filter ခံပြီးလည်း ရွေးချယ်လို့ရပါတယ်။
သက်ဆိုင်ရာ Course တွေ ကျလာရင်တော့ ကိုယ်တက်ချင်တဲ့ သင်တန်းကို ရွေးပြီး Learn more နှိပ်ပါ။ နောက်တဆင့် Enrolled: Go to Course ကိုနှိပ်ပါ။ နောက်ဆုံးမှာတော့ Start Couse ကို နှိပ်ပြီး စတင် လေ့လာနိုင်ပါပြီ။
> https://pll.harvard.edu/catalog?
သင်တန်းတွေ ပြီးဆုံးအောင် တက်ပြီးရင် Harvard တက္ကသိုလ်က ပေးအပ်တဲ့ Verified Certificate ကို ရရှိမှာ ဖြစ်ပါတယ်။ သင်တန်းကြေးအခမဲ့ပေမဲ့ Certificate လိုချင်ရင် ငွေသွင်းရပါမယ်။
ငွေကြေးအခက်အခဲရှိရင် Financial Assistance Application လျှောက်ပြီး ၉၀% အထိ ငွေကြေးသက်သာမှုနဲ့ Certificate ရယူနိုင်ပါတယ်။
=======================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။