Sales Hotline : 09448001653       Download App



Graphic Designer တို့အတွက် အသုံးဝင်မယ့် Free Mockup Website (၈) ခု

 

 

Graphic Designer တွေ Logo တွေ၊ Poster Design တွေ၊ Artwork တွေ ဆွဲတဲ့အခါ လိုအပ်တဲ့ Mock Up တွေ အလွယ်တကူ Download လုပ်နိုင်ဖို့အတွက် အခမဲ့ Download ဆွဲလို့ရတဲ့ Free Mockup Website တွေကို တစ်စုတစ်စည်းတည်း စုပေးထားပါတယ်။

 

  1. Iconfinder 

၂၀၀၇ ခုနှစ်မှာ Martin LeBlanc Eigtved စတင်ပြီး Launched လုပ်ခဲ့တဲ့ Iconfinder ဟာဆိုရင် သန်းပေါင်းများစွာသော ဒီဇိုင်နာများအတွက် စာကြည့်တိုက်အကြီးကြီးတစ်ခုနဲ့ တူပါတယ်။ ဒီ Website နဲ့ဆိုရင် Vector Icon တွေရရှိဖို့အတွက် အချိန်အများကြီး ပေးစရာမလိုတော့ပါဘူး။ တစ်ခြား Free Mock Up ဝက်ဘ်ဆိုဒ်တွေနဲ့ ပုံစံအနည်းငယ်ကွဲပြားပြီး ဆော့ဖ်ဝဲရေးသားသူများအတွက် Icon များ ရှာဖွေဖို့ရာ အင်အားကောင်းတဲ့ Search Engine တစ်ခုလည်း ဖြစ်ပါတယ်။ 

 

Website Link > https://www.iconfinder.com/

 

  1. FreePik 

နာမည်ကြီး ဝက်ဘ်ဆိုဒ်တစ်ခုပါ။ အခမဲ့ Vector များ၊ ဓာတ်ပုံများနှင့် PSDs များ ၁ သန်းကျော်လောက် Resource ရှိပါတယ်။ Presentation တွေ၊ ဝက်ဘ်ဆိုဒ်တွေ၊ ကြော်ငြာတွေနဲ့ မဂ္ဂဇင်းတွေမှာ အသုံးပြုဖို့ရာ လိုသလောက် အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

 

Website Link > http://www.freepik.com/

 

  1. Placeit

သင့်ရဲ့ Screenshots တွေကို iPhone ဒါမှမဟုတ် iPad Mockups Templates တွေထဲကို ဆွဲဆောင်မှုရှိရှိ ထည့်ချင်တယ်ဆိုရင်တော့ ဒီဝက်ဘ်ဆိုဒ်က သင့်အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်စေမှာပါ။ Mockup ပေါင်း ၆၀၀ ကျော် အခမဲ့ ရရှိနိုင်ပါတယ်။ ပိုမိုပြီး ကြည်လင်ပြတ်သားတဲ့ ရုပ်ပုံတွေကို ရရှိချင်တယ်ဆိုရင်တော့ ဝယ်ယူနိုင်ပြီး ပထမလအတွင်းမှာ ၁၅ ရာခိုင်နှုန်း လျော့ဈေးရရှိမှာပါ။

 

Website Link > https://placeit.net/

 

  1. Designmoo

Free Mockup များ ရယူဖို့အတွက် Graphic Designer တော်တော်များများ သုံးကြတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုပါ။ ဒါ့အပြင် တစ်ခြား UI Kits တွေဖြစ်တဲ့ Vectors, Fonts, Patterns, Textures, PSDs စတာတွေကိုလည်း ရယူနိုင်ပါတယ်။

 

Website Link > http://designmoo.com/

 

  1. Pixeden

အရည်အသွေးမြင့် Graphic Templates တွေ ရယူနိုင်တဲ့ ဝက်ဘ်ဆိုဒ်ကောင်းတစ်ခုပါ။ Free Background Graphic, Text Effect Graphic, Web Graphic တွေကို Offer ပေးပါတယ်။ PSDs Design များရယူဖို့အတွက် အကောင်းဆုံးဝက်ဘ်ဆိုဒ်များထဲမှ  တစ်ခုအပါအဝင် ဖြစ်ပါတယ်။

 

Website Link >  http://www.pixeden.com/

 

  1. Graphic Burger

Graphic Designer တွေအကြား ရေပန်းစားတဲ့ ဝက်ဆိုဒ်တစ်ခုပါ။ Graphic Burger က ဖန်တီးထားတဲ့ PSDs အရည်အသွေးမြင့် ဒီဇိုင်းတွေဟာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ ရှိကြတဲ့ စီးပွားရေး နယ်ပယ်အသီးသီက ဒီဇိုင်နားများကြား အလွန်ပဲ နာမည်ကြီးပါတယ်။

 

Website Link > http://graphicburger.com/mock-ups/

 

  1. Mockplus

Mockplus က သင့်ရဲ့ မိုဘိုင်းဖုန်း၊ ဝက်ဘ်၊ Desktop များအတွက် အဆင့်သင့် ဖန်တီးထားသော UI ဒီဇိုင်းများ၊ Free Icons များနှင့်အတူ Free Mockup များကို ပေးမှာပါ။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ Showcase နှင့် Presentationများ ရရှိဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။ 

 

Website Link > https://www.mockplus.com/

 

  1. Mockup World

ကမ္ဘာတစ်ဝှမ်းက နာမည်ကြီးဒီဇိုင်နာများနဲ့ အေဂျင်စီများက ဖန်တီးပေးထားတဲ့ အရည်အသွေးမြင့် Handpicked and Free Mockup Templates PSD ဒီဇိုင်းများစွာကို ရယူနိုင်ပါတယ်။ အားသာချက်ကတော့ အခမဲ့ရယူနိုင်တဲ့ Mockup တစ်ခုချင်းစီမှာ Download လုပ်ရမယ့် Link ကိုပါ တစ်ခါတည်း ညွှန်ပေးထားတာပါ။  အမျိုးအစား ခွဲခြား ဖော်ပြပေးထားတာကြောင့် ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ရှာဖွေရ လွယ်ကူစေမှာပါ။ 


Website Link > http://www.mockupworld.co/

Knowledge Latest Post Read 497 times