Sales Hotline : 09448001653       Download App



အစိုးရစစ် စစ်ဆေးမည့် စတုတ္ထတန်းနှင့် အဌမတန်း နှစ်ဆုံးစာမေးပွဲ

** Unicode **

စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲ ကြီးကြပ်ရေးမှူးအဖြစ်ဆရာ/ဆရာမများကို ခန့်ထားရာတွင် ကျောင်းပြောင်းလဲခန့်ထားခြင်းမပြုလုပ်ရန်နှင့် မိမိကျောင်းတွင်သာခန့်ထားရန် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားထားပါတယ်။

စတုတ္ထတန်း နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ (၂၄ ရက်မှ ၂၈ ရက်အထိ) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ၊ လူမူရေးဘာသာဆို၍ အသီးသီးဖြေဆိုကြရမည်ဖြစ်ပါတယ်။

အဌမတန်း နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ (၂၄ ရက်မှ မတ်လ ၃ ရက်အထိ) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ အထွေထွေသိပ္ပံ ဆို၍ အသီးသီးဖြေဆိုကြရမည်ဖြစ်ပါတယ်။

စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲများကို အခြေခံပညာကျောင်းတိုင်းတွင် စာစစ်ဌာနဖွင့်လှစ်စစ်ဆေးမည်ဖြစ်ပါတယ်။

ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများသည် ကြီးကြပ်ရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ကျောင်းမှ ဆရာ/ဆရာမများသည် လက်ထောက်ကြီးကြပ်ရေးမှူးများအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပါတယ်။စာပေးပွဲအခန်းအတွင်းတွင် ဆရာ/ဆရာမတစ်ဦးသာ ခန့်ထားစောင့်ကြပ်မည်ဖြစ်ပါတယ်။

Read More:>>> "သချာၤဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုရင် ဒီလိုအရာလေးတွေသိထားသင့်တယ်နော်...

စတုတ္ထတန်းနှင့် အဌမတန်းနှစ်ဆုံးစာမေးပွဲကို ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စာမေးပွဲမေးခွန်းများဖြင့် အဆင့်ဆင့်စစ်ဆေးသွားမည်ဖြစ်ပါတယ်။

(www.edge.com.mm)

 

** Zawgyi **






Read More:>>>>  သချာင်္ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ဖို့ဆိုရင် ဒီလိုအရာလေးတွေသိထားသင့်တယ်နော်...


(www.edge.com.mm)

News Tips News Tips Latest Post Read 7344 times