Sales Hotline : 09448001653       Download App



ရတနာပုံတက္ကသိုလ်ကျောင်းသူကျောင်းသားများအတွက် သတင်းကောင်း

ရတနာပုံတက္ကသိုလ်ကျောင်းသူကျောင်းသားများအားလုံး မင်္ဂလာပါခင်ဗျာ။  COVID-19 ကပ်ရောဂါကာလမှာ ကာလရှည်ကျောင်းပိတ်ထားတာနဲ့အတူ တက္ကသိုလ်ကာလအလွန် အလုပ်ခွင်ရဲ့ ပညာရပ်များကို သင်ယူနိုင်ရေးအတွက် Business Diploma Program တစ်ခု စီစဉ်ပေးထားတာ ရှိပါတယ်ခင်ဗျာ။

ဒီ Program က ရတနာပုံတက္ကသိုလ်မှ ကျောင်းသားများအတွက်ပဲ အထူးသီးသန့်စီစဉ်ပေးထားတဲ့ Program ဖြစ်တာကြောင့် အစအဆုံးဖတ်ဖို့ကို အရင်ဦးစွာတိုက်တွန်းလိုပါတယ်။ 

ဒီ Program ကို ရတနာပုံတက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် Career Assessment Studio (CAS) တို့ ပူးပေါင်းပြီး ABE (UK) ဘက်မှ Business Diploma Program တစ်ခုကို Online မှ အခမဲ့လေ့လာလို့ရနိုင်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ အရင်ဦးဆုံး ABE (UK) ရဲ့အကြောင်းကို အသေးစိတ်ရှင်းပြလိုပါတယ်။ 

ABE (UK) ဟာ 1973 နှစ်ကတည်းက တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး UK အစိုးရရဲ့ထောက်ခံချက်အပြည့်အ၀ရရှိထားတဲ့ ပညာရေးအဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ABE (UK) ဟာ မြန်မာပြည်ရဲ့ Private Institute များစွာအတွက် သင်ရိုးညွှန်းတန်းနဲ့ အရည်အသွေးဆိုင်ရာ ကိစ္စရပ်များကို ထောက်ခံချက်ပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး အရည်အသွေးခိုင်မာမှုရှိတဲ့ ABE (UK) ရဲ့ Business Diploma Program တစ်ခုကို CAS နှင့် ရတနာပုံတက္ကသိုလ်တို့ ပူးပေါင်းပြီး ယခုလို Covid ကာလမှာ ကျောင်းသားများအခမဲ့တက်ရောက်နိုင်အောင် ယူဆောင်လာပါပြီ။ 

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီနေရာကနေစပြီး Program အကြောင်းကို အသေးစိတ်စတင်ရှင်းပြပါတော့မယ်။ ဒီ Program ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျောင်းသားများ တစ်ချိန်ဝင်ရောက်ရမယ့် 

  • အလုပ်ခွင်အကြောင်း စောစီးစွာအသေးစိတ်သိရှိရေး၊ 
  • Digital Marketing, Marketing, HR, နဲ့   Accounting စတဲ့ ဘာသာရပ်လေးခုကို ကျွမ်းကျင်နိုင်ရေး၊ 
  • တက္ကသိုလ်တက်ရောက်နေပြီး Business &  Management နယ်ပယ်ကို အခက်အခဲမရှိ ဝင်ရောက်နိုင်ရေး၊
  • Business အကြောင်းကို စာတွေ့၊ လက်တွေ့ သိရှိနိုင်ရေး
  • အလုပ်အကိုင်အတွက် အခွင့်အလမ်းကောင်းများ ရရှိရေး နှင့်
  • အလုပ်ရှာဖွေပုံနည်းလမ်းများ သိရှိနားလည်ရေးတို့ပဲ ဖြစ်ပါတယ်။

သင်ကြားမယ့်ပုံစံတွေကတော့ အပတ်စဉ် Facebook Group မှာ Video Lesson များတင်ပေးသွားမှာဖြစ်ပြီး၊ ဆရာ ဆရာမများမှလည်း တစ်ပတ်ကို (၂) ကြိမ် Zoom Cloud (Live Call)ကတဆင့် သင်ခန်းစာများကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ Theory ထက် Practical ကျကျ သင်ကြားပေးမှာဖြစ်တဲ့အတွက်လဲ တကယ့်လက်တွေ့အလုပ်ခွင်ထဲမှာနေပြီး လေ့လာရသလိုမျိုး သင်ကြားရမှာဖြစ်ပါတယ်။

စတင်မည့်ရက် - 17th February 

ကြာမြင့်မည့်ကာလ - ၂ လခွဲ

သင်ကြားမည့်ပုံစံ - Zoom Cloud, Facebook group

သင်တန်းကြေး - အခမဲ့။

သင်တန်းကို ပါဝင်တက်ရောက်မည့်သူများသည် 

သင်တန်းကြေး အခမဲ့နဲ့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

◻️ သင်တန်းပြီးဆုံးတဲ့အခါ မိမိတို့ သဘောဆန္ဒအရ ABE (UK) အသိအမှတ်ပြု Diploma လျှောက်ထားလိုပါက မြန်မာကျပ်ငွေ ၆၀,၀၀၀ ကျပ် ပေးသွင်းရယူနိုင်ပါတယ်။

(UK ဘက်သို့ တိုက်ရိုက်လျှောက်ထားမှုကို CAS ဘက်မှ ကူညီလုပ်ဆောင်ပေးမှာဖြစ်ပါတယ်)

◻️ အကယ်၍ Diploma ရယူရန် ဆန္ဒမရှိလျှင် သော်လည်းကောင်း၊  Diploma လျှောက်ထားရန် မတတ်နိုင်လျှင်သော်လည်းကောင်း CAS ရဲ့ သင်တန်းတက်ရောက် ပြီးဆုံးအောင်မြင်ကြောင်း Certificate ကို လျှောက်ထားလိုပါက မြန်မာကျပ်ငွေ ၂၀,၀၀၀ ကျပ် ပေးသွင်း၍ ရယူနိုင်ပါတယ်။

◻️ သင်တန်းပြီးဆုံးမှုအတွက် မည်သည့်လက်မှတ်မှ လျှောက်ထားလိုခြင်း မရှိပါကလည်း သင်တန်းကိုသာ အခမဲ့တက်ရောက်နိုင်ပါသည်။

အထက်ပါ Diploma /Certificate လျှောက်ထားမှုသည် မိမိတို့သဘောဆန္ဒအတိုင်းရွေးချယ်လုပ်ဆောင်နိုင်ပြီး ပညာသင်ကြေးကတော့ အခမဲ့ဖြစ်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ယခု Program ကိုစိတ်ဝင်စားပါက ဒီ link >>> Click Here <<<< ကနေ တဆင့် (16​th Feb အထိ) စာရင်းပေးသွင်းနိုင်ပါတယ်။

ABE အကြောင်းအသေးစိတ်လေ့လာလိုပါက - 

>>>> Click Here <<<

Registration form ဖြည့်သွင်းရာတွင် အခက်အခဲဖြစ်လျှင်သော်လည်းကောင်း၊ စုံစမ်းမေးမြန်းလိုလျှင်သော်လည်းကောင်း ရတကသ၏ ဖုန်းနံပါတ်၊ page messenger နှင့် email တို့တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#ပြန်ကြားရေးကော်မတီ

#ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ)

Yadanabon University Students' Union

| Office - CR.16(B), Yadanabon University

| Email - [email protected]

| Facebook - Yadanabon University Students' Union - ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

| Instagram - www.instagram.com/ydnbusu

| Twitter - www.twitter.com/ydnbusuoffice1

| Phone - 09770383940, 09259217521

Local News Read 9917 times