Sales Hotline : 09448001653       Download App



ဂျာမနီနိုင်ငံမှ ယူရို (၁၀) သန်းခန့် ထောက်ပံ့မည် နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ

ဂျာမနီနိုင်ငံမှ ယူရို (၁၀) သန်းခန့် ထောက်ပံ့မည် နည်းပညာနှင့်သက်မွေးပညာရေးကဏ္ဍ

နည်းပညာနှင့် သက်မွေးပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ဂျာမနီနိုင်ငံအစိုးရနဲ့ KfW တို့က ယူရို (၁၀) သန်းခန့် ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက်နဲ့ သီးခြား သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း ကို ဇူလိုင် ၂ ရက်က နေပြည်တော်ပညာရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပါတယ်။

 

ယူရို (၁၀) သန်းခန့် ထောက်ပံ့မယ့် သဘောတူညီချက်မှာ ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှု သိပ္ပံ (မန္တလေး)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း( မန္တလေး၊ တောင်ကြီး) အစိုးရနည်းပညာ အထက်တန်းကျောင်း၊ နည်းပညာမြှင့်တင်ရေး သင်တန်းဌာန(ဘယ်လင်း) တို့မှာ သင်ကြားမှု အခွင့်အလမ်းများ ပိုမိုမြှင့်တင်နိုင်ရန်နဲ့ အရည်အသွေးမြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ယူရို () သန်းခန့် သင်ထောက်ကူပစ္စည်းများ၊ သင်ကြားရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို စနစ်တကျ ဖြည့်ဆည်းနိုင်မယ့်အပြင် ယူရို () သန်းခန့်ဖြင့် အဆိုပါ ဖြည့်ဆည်းမယ့် သင်ထောက်ကူပစ္စည်းများနဲ့ သက်ဆိုင်တဲ့ ဆရာ၊ ဆရာမ အရည်အသွေးမြှင့်တင်မှု သင်တန်းတွေကိုလည်း ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

Read More: အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် စီမံခန့်ခွဲမှုစနစ်ကို အွန်လိုင်းစနစ် ပြောင်းလဲမည်

 

KfW ရဲ့အထောက်အပံ့နဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်၊ရွှေပြည်သာ)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ရွာမ) တို့မှာလည်း TVET Reform Program Phase I ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ (TVET Reform Program Phase II) ကို စတင်ဆောင်ရွက်နိုင်တော့မှာ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံရဲ့ TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေ၍ လုပ်ငန်းခွင်၊ ဈေးကွက်နဲ့ကိုက်ညီတဲ့ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာစေမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

 

Source: Internet Journal

 

News Read 1248 times