Sales Hotline : 09448001653       Download App



ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် စာသင်ကျောင်းများ ပိတ်မည်ဟု ဂျာမနီဝန်ကြီးချုပ် ပြောကြား

ဂျာမနီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက် မှုများကို ထိန်းချုပ်ရန် ဈေးဆိုင်များ၊ ဆံပင်ညှပ် ဆိုင်များနှင့် စာသင်ကျောင်းများကို ဒီဇင်ဘာ ၁၆ ရက်မှစ၍ ပိတ်ပစ်မည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် မာကယ်လ်က ယနေ့ပြောကြား သည်။

ဝန်ကြီးချုပ်မာကယ်လ်နှင့် ဂျာမနီနိုင်ငံရှိ ပြည်နယ် ၁၆ ခုမှ ဒေသဆိုင်ရာ ခေါင်းဆောင် များ၏ ယနေ့သဘောတူညီချက်အရ နိုင်ငံ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ် ရန် တစ်စိတ်တစ်ပိုင်းအားဖြင့် အသွားအလာ ကန့်သတ်မှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက် အထိ ကျင့်သုံးမည်ဖြစ်ပြီး ကုမ္ပဏီများကိုလည်း ကုမ္ပဏီဝန်ထမ်းများအား နေအိမ်များမှ အလုပ် လုပ်ကိုင်ခွင့်ပြုရန် တိုက်တွန်းလိုက်သည်။

ထို့ပြင် အများပြည်သူဆိုင်ရာနေရာများ တွင် အရက်သေစာရောင်းချမှုကို တားမြစ်ပိတ် ပင်မည်ဖြစ်ပြီး အထူးသဖြင့် ခရစ္စမတ်အကြို ကာလရက်များအတွင်း ရေပန်းစားနေသော ဝိုင်ရောင်းချမှုများကိုလည်း တားမြစ်သွားမည် ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဘာဗာရီယံပြည်နယ် ဝန်ကြီးချုပ် မာကုစ်စိုးဒါက ကိုရိုနာဗိုင်းရပ်စ် အခြေအနေကို ထိန်းချုပ်၍ မရသေးကြောင်း၊ သို့ဖြစ်ရာ မိမိတို့ပြည်နယ်အတွင်း အကောင် အထည်ဖော်ရန် ကတိကဝတ်ပြုထားသော ပိုမိုတင်းကျပ်သည့် အသွားအလာကန့်သတ်မှု များကို ကြိုဆိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဂျာမနီအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် ပြီးခဲ့ သည့်နိုဝင်ဘာလက အပန်းဖြေနေရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများကို ပိတ်ထားပြီး စားသောက်ဆိုင်များအတွင်း အစားအသောက်ထိုင်စားခြင်းကိုလည်း တားမြစ်ထားသည်။

ယင်းကဲ့သို့ ကန်သတ်မှုများ ချမှတ်ခြင်း အားဖြင့် ရောဂါလျင်လျင်မြန်မြန်ကူးစက်မှု ထိန်းချုပ်ရန် အထောက်အကူပြုသော်လည်း လက်ရှိအချိန်အထိ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမှာ မြင့်မားနေဆဲဖြစ် သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဂျာမနီ ရောဂါထိန်းချုပ်ရေးအေဂျင်စီ၏ ထုတ်ပြန် ချက်အရ ဂျာမနီနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းသည် စိုးရိမ်ဖွယ်ရာ အနေအထား သို့ ပြောင်းလဲသွားကြောင်း သိရသည်။

ရောဂါကူးစက်မှု မြင့်တက်လာခြင်း ကြောင့် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပေါ်တွင် ဝန်ထုပ်ဝန်ပိုးဖြစ်ခြင်းမှ ကာကွယ်ရေးအတွက် လိုအပ်သော အစီအစဉ် များကို ချက်ချင်းဆောင်ရွက်သွားရမည်ဟု မာကယ်လ်က ပြောကြားသည်။

Source: The Mirror Daily

Latest Post News Read 379 times