အလယ်တန်းပညာရေးရှိသူများ အခမဲ့ တက်ရောက်နိုင်တဲ့ သင်တန်း (၃) ခု

FXB Myanmar က သတ္တုထည်ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုသင်တန်း၊ လက်သမားကျွမ်းကျင်မှုသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းတို့ကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။   

FXB Myanmar က လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေဖို့၊ ကိုယ်ပိုင်စီးပွားရေးကို စတင်နိုင်ဖို့အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုနည်းပညာတွေ ရရှိစေမယ့် အသက်မွေးဝမ်ကျောင်းသင်တန်းတွေကို အခမဲ့ ဖွင့်လှစ်ပေးထားပါတယ်။

သင်တန်းတစ်ခုချင်းစီမှာ ကျွမ်းကျင်ဆရာ၊ ဆရာမတွေက ခေတ်နဲ့လျော်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ စာတွေ့ (၂၀%)၊ လက်တွေ့ (၈၀%) သင်ကြားပို့ချသွားမယ်လို့ သိရပါတယ်။ 

သတ္တုထည်ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း 
  • Basic Arc Welding Course (Level -2)
  • Fitting Techniques (Fitter Course (Level 2))
  • Basic Technical Drawing for Metalwork
  • Workshop Safety and Tool Handling
လက်သမားကျွမ်းကျင်မှုသင်တန်း 
  • Basic Carpentry Techniques (Level 2)
  • Furniture Making (Level 2)
  • Basic Woodworking Drawing
  • Workshop Safety and Tool Handling

 Join our Telegram Channel

သင်တန်း (၃) ခုလုံးကို ၂၀၂၆ ခုနှစ်၊ မတ်လ (၉) ရက်နေ့မှာ စတင် ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလ (၄) လ တက်ရောက်ရပါမယ်။ သင်တန်းအချိန်တွေကတော့ တနင်္လာနေ့ကနေ သောကြာနေ့အထိ (မနက် (၈) နာရီခွဲကနေ ညနေ (၃) နာရီခွဲ) တစ်ပတ် (၅) ရက် သင်ကြားရပါမယ်။ 

သင်တန်းအတွက် သင်တန်းကြေး ပေးသွင်းစရာမလိုဘဲ လိုအပ်တဲ့ သင်တန်းကုန်ကျစရိတ်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နေ့လည်စာ၊ လမ်းစရိတ်နဲ့ လစဉ်ထောက်ပံ့ကြေးတို့ကိုလည်း ရရှိဦးမှာ ဖြစ်ပါတယ်။

သင်တန်းကို အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူ အသက် (၁၆) နှစ်ကနေ (၃၅) နှစ်အတွင်းက အမျိုးသား၊ အမျိုးသမီး (မသန်စွမ်းသူများအပါအဝင်) ဘယ်သူမဆို လျှောက်ထားလို့ ရပါတယ်။

သင်တန်းကို ပြီးဆုံးတဲ့အထိ တက်ရောက်နိုင်သူဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းဆင်းအောင်လက်မှတ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်နိုင်ဖို့ ထူးချွန်ထက်မြက်တဲ့ သင်တန်းသားတွေကို တစ်စိတ်တစ်ပိုင်း ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။  

အသေးစိတ်သိရှိလိုပါက သင်တန်းတည်နေရာ (သို့) အောက်ပါဖုန်းနံပါတ်တွေကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

သင်တန်းလိပ်စာ - အမှတ် (၄၆)၊ နံ့သာကုန်းလမ်း၊ အင်းစိန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်း - ၀၉ ၄၅၈၄၇၁၁၄၂ ,၀၉ ၄၂၅၃၂၀၄၂၁ ,၀၉ ၇၉၅၈၈၂၃၄၄, ၀၉ ၅၀၅၃၂၀၁

FXB Myanmar - https://www.facebook.com/profile.php?id=100063674695029

============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 7284 times