Schwarzman Scholars ဆိုတာ တရုတ်နိုင်ငံက ထိပ်တန်းတက္ကသိုလ် Tsinghua University မှာ (၁) နှစ်တာ (Master’s degree in Global Affairs) ကို (၁၀၀)% အပြည့်အ၀ ကုန်ကျစရိတ်မရှိဘဲ တက်ရောက်နိုင်မယ့် ပညာသင်ဆု ဖြစ်ပါတယ်။
တက်ရောက်ရမယ့် နေရာကတော့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ Tsinghua University ရဲ့ Schwarzman College မှာ ဖြစ်ပါတယ်။
ကမ္ဘာ့အနာဂတ်ခေါင်းဆောင်တွေကို မွေးထုတ်ပေးဖို့ ရည်ရွယ်ထားတဲ့ ပညာသင်ဆုဖြစ်လို့ လျှောက်ထားသူဘက်က ပညာရေး၊ ခေါင်းဆောင်စွမ်းရည်၊ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ ပွင့်လင်းမြင်သာရှိမှု အဖက်ဖက်က ပြည့်စုံနေရမှာ ဖြစ်ပါတယ်။
ဒီအတွက် ပညာသင်ဆုရရင်လည်း အောက်မှာ ပြောထားတဲ့ အကျိုးခံစားခွင့်တွေ အကုန်လုံး ရရှိမှာ ဖြစ်ပါတယ်။
အရည်အချင်းသတ်မှတ်ချက်
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရပါမယ်။ မာစတာဘွဲ့ရရှိပြီးသူများလည်း လျှောက်ထားနိုင်ပါတယ်။
- အသက် (၁၈) နှစ်ကနေ (၂၈) နှစ်အတွင်း ဖြစ်ရပါမယ်။
- အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ ဖြေဆိုထားရပါမယ်။
လိုအပ်တဲ့ စာရွက်စာတမ်းများ
လျှောက်ထားရမယ့်ပုံစံ
https://connect.schwarzmanscholars.org/apply/? မှတဆင့် အွန်လိုင်းလျှောက်လွှာကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ (၉) ရက်နေ့ နောက်ဆုံးထားပြီး ဖြည့်စွက်တင်သွင်းရပါမယ်။ Deadline လိုသေးတာကြောင့် သေချာလေး ပြင်ဆင်ပြီးမှ လျှောက်ဖို့ အကြံပြုပါတယ်။
ပညာသင်ဆုအကြောင်း အသေးစိတ်ဖတ်ရှုရန်
> https://www.schwarzmanscholars.org/admissions/?
=======================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။