မြန်မာအထက်တန်းအောင်လက်မှတ်နဲ့ ထိုင်းမှာ အင်ဂျင်နီယာဘွဲ့ရမယ့် ပညာသင်ဆု

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ပြည်ပမှာ တက္ကသိုလ်ဆက်တက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် King Mongkut’s University of Technology North Bangkok က ပေးအပ်တဲ့ ပညာသင်ဆုကို မျှဝေပေးချင်ပါတယ်။

KMUTNB ဆိုတာ ထိုင်းနဲ့ ဂျာမနီ နှစ်နိုင်ငံ ပူးပေါင်းဖွင့်လှစ်ထားတဲ့ အစိုးရတက္ကသိုလ်ဖြစ်ပြီး ခေတ်မီအဆင့်မြင့်တဲ့ အင်ဂျင်နီယာနဲ့ နည်းပညာဘာသာရပ်တွေကြောင့် ထိုင်းနိုင်ငံရဲ့ နည်မည်ကြီး နည်းပညာတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

KMUTNB တက္ကသိုလ်ရဲ့ အင်ဂျင်နီယာဌာနက ၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ဆု ပေးအပ်နေတာဖြစ်တဲ့အတွက် အောက်ပါ အင်ဂျင်နီယာဘာသာရပ် (၆) ခုကို ရွေးချယ်လျှောက်ထားနိုင်ပါတယ်။ 

ရွေးချယ်နိုင်တဲ့ အင်ဂျင်နီယာ ဘာသာရပ်များ

  • Electrical Engineering and Smart System
  • Robotic Engineering
  • Aerospace Engineering
  • Mechanical Engineering for Design and Innovation
  • Materials Engineering and Design
  • Intelligent Computing Systems and Communication Engineering

ရရှိမယ့်ဘွဲ့

  • Bachelor of Engineering (B.Eng.)

အကျိုးခံစားခွင့်

  • ပညာသင်စရိတ်ကင်းလွတ်ခွင့်

သွားလာရေးစရိတ်၊ နေထိုင်စရိတ်၊ အသုံးစရိတ်တို့ကို ကိုယ်တိုင်ကျခံရမှာဖြစ်ပြီး ကျောင်းလခစရိတ်ကိုတော့ ကျောင်းဘက်က ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ပညာသင်ဆု ရရှိသူတွေက ပညာသင်နှစ်တိုင်း GPA အမှတ်  အနည်းဆုံး (2.85) ရရပါမယ်။ 

ပညာသင်ဆုကာလ 

(၄) နှစ်

အရည်အချင်းသတ်မှတ်ချက်

အောက်ဖော်ပြပါ အထက်တန်း စာမေးပွဲတစ်ခုခုကို အောင်မြင်ပြီး သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အမှတ်တွေကို ပြည့်မီသူဖြစ်ရပါမယ်။

  • SAT -  စုစုပေါင်းအမှတ် (၁၂၀၀) နှင့်အထက်
  • GSAT - စုစုပေါင်းအမှတ် (၁၂၀၀) နှင့်အထက်
  • A Level - သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒမှာ Grade B နှင့်အထက်
  • IB - သင်္ချာနှင့် ရူပဗေဒပါအဝင် အနည်းဆုံး ဘာသာရပ် (၅) ခုမှာ Grade 4 နှင့် အထက်
  • GCE (A) Level - သင်္ချာနှင့် ရူပဗေဒပါအဝင် အနည်းဆုံး ဘာသာရပ် (၅) ခုမှာ Grade C နှင့်အထက် 
  • GED - A အဆင့်၊ ဘာသာရပ်တိုင်း (၁၄၅) မှတ်၊ သင်္ချာနှင့် သိပ္ပံမှာ (၁၆၅) မှတ်နှင့်အထက်၊ 
  • Myanmar Matriculation Examination - ရူပဗေဒ၊ ဓာတုဗေဒ၊ အင်္ဂလိပ်နှင့် သင်္ချာတို့မှာ (၇၅) မှတ်နှင့်အထက်၊ မြန်မာနှင့် ဇီ၀ဗေဒမှာ အမှတ် (၇၀) နှင့်အထက် ရပြီး အနည်းဆုံး ဂုဏ်ထူး (၃) ဘာသာ ပါရပါမယ်။

အောက်ပြပါ အင်္ဂလိပ်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲတစ်ခုခုတွင် ဖြေဆိုထားပြီး သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အမှတ်တွေကို ပြည့်မီသူဖြစ်ရပါမယ်။

  • TOEFL (PBT/ITP) - 520 (သို့)  IBT 65
  • TOEIC - 700
  • IELTS - 6.0
  • K-STEP (KMUTNB) - 75
  • Duolingo - 100
  • CEFR - B2

လိုအပ်တဲ့ စာရွက်စာတမ်းများ

  • လျှောက်လွှာဖောင် ( https://drive.google.com/file )
  • အထက်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်း
  • အင်္ဂလိပ်အရည်အချင်းစစ် စာမေးပွဲ ရလဒ်
  • ကျောင်းတက်နေဆဲဆို မိမိတက်နေတဲ့ ကျောင်းမှ ထောက်ခံစာ
  • Recommendation Letter
  • Cover letter
  • မှတ်ပုံတင်
  • ပတ်စ်ပို့
  • အိမ်ထောင်စုစာရင်း

လျှောက်ထားရမယ့်ပုံစံ

အောက်က လင့်ခ်မှာ အချက်အလက်တွေ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အပြည့်အစုံ ဖြည့်စွက် တင်ပြရမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ နောက်ဆုံထား လျှောက်ထားရမှာပါ။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့မှာ ပထမအဆင့် ရွေးချယ်ခံရသူတွေကို အင်တာဗျူးအတွက် ခေါ်ယူသွားမှာဖြစ်ပြီး ဇန်နဝါရီလ (၂၁) ရက်နေ့မှာ အင်တာဗျူး ဖြေဆိုရမှာ ဖြစ်ပါတယ်။

လျှောက်ရမယ့်လင့်ခ် >> https://www.eng.kmutnb.ac.th/ciep/?

အခုချိန်လျှောက်ဖို့ အဆင်သင့် မဖြစ်သေးတဲ့သူတွေအတွက် ဒုတိယအကြိမ် အခွင့်အရေး ထပ်ရှိပါတယ်။ ဒုတိယကြိမ် လျှောက်လွှာဖောင်ကတော့ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ကနေစပြီး မေလ (၁) ရက်နေ့အထိ ဖွင့်ပေးမှာဖြစ်ပါတယ်။

အသေးစိတ် ဖတ်ရှုရန် >> https://www.eng.kmutnb.ac.th/ciep/?

==========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Read 2699 times