Sales Hotline : 09448001653       Download App



ပြင်သစ်အစိုးရမှ ပေးအပ်မည့်ပညာသင်ဆု

**Zawgyi**

ျမန္မာႏိုင္ငံအပါအဝင္ ႏိုင္ငံတကာ ေက်ာင္းသား/သူမ်ား ျပင္သစ္တကၠသုိလ္မ်ားတြင္ မဟာဘြဲ႔၊ ပါရဂူဘြဲ႔တက္ေရာက္ႏိုင္ရန္ ျပင္သစ္အစိုးရက ေပးအပ္သည့္ ပညာသင္ဆုအစီအစဥ္ျဖစ္သည္။


မဟာဘြဲ႔ပညာသင္ဆုအတြက္ အသက္သတ္မွတ္ခ်က္သည္ (၃၀) ႏွစ္အထိျဖစ္ၿပီး ပါရဂူဘြဲ႔ပညာသင္ဆုကို (၃၅) ႏွစ္အထိ သတ္မွတ္ထားေသာ ႏိုင္ငံတကာ ေက်ာင္းသား/သူမ်ားေလွ်ာက္ထားႏိုင္မည္ျဖစ္ပါသည္။


အင္ဂ်င္နီယာ သိပၸံဘာသာရပ္မ်ား၊ သိပၸံဘာသာရပ္မ်ား၊ သခ်ၤာ၊ ရူပေဗဒ၊ ဓာတုေဗဒ၊ နာႏိုနည္းပညာႏွင့္ ဇီဝနည္းပညာ၊ ကမ႓ာေျမသိပၸံ၊ သတင္းအခ်က္အလက္ႏွင့္ဆက္သြယ္ေရး သိပၸံနည္းပညာ၊ စီးပြားေရးႏွင့္ စီမံခန္႔ခြဲမႈ၊ ဥပေဒပညာႏွင့္ ႏိုင္ငံေရးသိပၸံဘာသာရပ္မ်ားကို တကၠသိုလ္မ်ားတြင္ တက္ေရာက္မည့္သူမ်ား French Government Eiffel Excellence Scholarship ေလ်ွာက္ထားႏိုင္သည္။


မဟာဘြဲ႔ပညာသင္ဆုရပါက (၁) ႏွစ္မွ (၂) ႏွစ္အထိ ပညာသင္ဆုပံ့ပိုးမည္ျဖစ္ၿပီး ပါရဂူဘြဲ႔ပညာသင္ဆု ပံ့ပိုးေပးမည္ျဖစ္ပါသည္။


မဟာဘြဲ႔ပညာသင္ဆုအျဖစ္ လစဥ္အသံုးစရိတ္ (၁၀၃၁) ယူရို၊ လစဥ္ပညာသင္စရိတ္ ယူရို (၁၅၀)၊ ျမန္မာႏိုင္ငံႏွင့္ျပင္သစ္ႏိုင္ငံ တကၠသုိလ္သို႔ အသြားအျပန္ခရီးစရိတ္၊ ေနထိုင္ရန္အိမ္လခမ်ား ပံ့ပိုးမည္ျဖစ္ပါသည္။


ပါရဂူဘြဲ႔ပညာသင္ဆုအျဖစ္လစဥ္အသံုးစရိတ္ကို (၁၄၀၀)၊ လစဥ္ပညာသင္စရိတ္ ယူရို(၁၄၀၀)၊ ျမန္မာႏိုင္ငံႏွင့္ျပင္သစ္ႏိုင္ငံ တကၠသုိလ္သို႔ အသြားအျပန္ခရီးစရိတ္၊ ေနထိုင္ရန္အိမ္လခမ်ား ပံ့ပိုးမည္ျဖစ္ပါသည္။


French Government Eiffel Excellence Scholarship အစီအစဥ္တြင္ ပါဝင္သည့္ ျပင္သစ္ႏိုင္ငံရွိ တကၠသုိလ္တြင္ တက္ေရာက္ခြင့္ရရန္ တကၠသုိလ္ဝင္ခြင့္အသီးသီးကို သီးျခားေလ်ွာက္ထားရမည္ျဖစ္ၿပီး ဝင္ခြင့္ရၿပီးမွသာ ပညာသင္ဆုေလ်ွာက္ထားရမည္ျဖစ္ပါသည္။


French Government Eiffel Excellence Scholarship 2020 ကို ေအာက္တိုဘာ (၂၁) ရက္မွလာမည့္ႏွစ္ ဇန္နဝါရီ (၉) ရက္အထိ ေလ်ွာက္ထားႏိုင္ၿပီး ပညာသင္ဆုရစာရင္းကို ၂၀၂၀၊ မတ္လ၊ (၂၃) ရက္တြင္ေၾကညာမည္ ျဖစ္ပါသည္။

Read More:>>> ေလဆိပ္စီမံခန္႔ခြဲမႈဘြဲ႔လြန္ဒီပလိုမာသင္တန္း သင္တန္းသားေလ်ွာက္လႊာေခၚယူျခင္း


အေသးစိတ္ကို https://www.campusfrance.org/en/eiffel-scholarship-program-of-excellence တြင္ ဝင္ေရာက္ေလ့လာႏိုင္ပါသည္။


Source: 7Day News

**Unicode**

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ ကျောင်းသား/သူများ ပြင်သစ်တက္ကသိုလ်များတွင် မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်နိုင်ရန် ပြင်သစ်အစိုးရက ပေးအပ်သည့် ပညာသင်ဆုအစီအစဉ်ဖြစ်သည်။


မဟာဘွဲ့ပညာသင်ဆုအတွက် အသက်သတ်မှတ်ချက်သည် (၃၀) နှစ်အထိဖြစ်ပြီး ပါရဂူဘွဲ့ပညာသင်ဆုကို (၃၅) နှစ်အထိ သတ်မှတ်ထားသော နိုင်ငံတကာ ကျောင်းသား/သူများလျှောက်ထားနိုင်မည်ဖြစ်ပါသည်။


အင်ဂျင်နီယာ သိပ္ပံဘာသာရပ်များ၊ သိပ္ပံဘာသာရပ်များ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ နာနိုနည်းပညာနှင့် ဇီဝနည်းပညာ၊ ကမ္ဘာမြေသိပ္ပံ၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး သိပ္ပံနည်းပညာ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှု၊ ဥပဒေပညာနှင့် နိုင်ငံရေးသိပ္ပံဘာသာရပ်များကို တက္ကသိုလ်များတွင် တက်ရောက်မည့်သူများ French Government Eiffel Excellence Scholarship လျှောက်ထားနိုင်သည်။


မဟာဘွဲ့ပညာသင်ဆုရပါက (၁) နှစ်မှ (၂) နှစ်အထိ ပညာသင်ဆုပံ့ပိုးမည်ဖြစ်ပြီး ပါရဂူဘွဲ့ပညာသင်ဆု ပံ့ပိုးပေးမည်ဖြစ်ပါသည်။


မဟာဘွဲ့ပညာသင်ဆုအဖြစ် လစဉ်အသုံးစရိတ် (၁၀၃၁) ယူရို၊ လစဉ်ပညာသင်စရိတ် ယူရို (၁၅၀)၊ မြန်မာနိုင်ငံနှင့်ပြင်သစ်နိုင်ငံ တက္ကသိုလ်သို့ အသွားအပြန်ခရီးစရိတ်၊ နေထိုင်ရန်အိမ်လခများ ပံ့ပိုးမည်ဖြစ်ပါသည်။


ပါရဂူဘွဲ့ပညာသင်ဆုအဖြစ်လစဉ်အသုံးစရိတ်ကို (၁၄၀၀)၊ လစဉ်ပညာသင်စရိတ် ယူရို(၁၄၀၀)၊ မြန်မာနိုင်ငံနှင့်ပြင်သစ်နိုင်ငံ တက္ကသိုလ်သို့ အသွားအပြန်ခရီးစရိတ်၊ နေထိုင်ရန်အိမ်လခများ ပံ့ပိုးမည်ဖြစ်ပါသည်။


French Government Eiffel Excellence Scholarship အစီအစဉ်တွင် ပါဝင်သည့် ပြင်သစ်နိုင်ငံရှိ တက္ကသိုလ်တွင် တက်ရောက်ခွင့်ရရန် တက္ကသိုလ်ဝင်ခွင့်အသီးသီးကို သီးခြားလျှောက်ထားရမည်ဖြစ်ပြီး ဝင်ခွင့်ရပြီးမှသာ ပညာသင်ဆုလျှောက်ထားရမည်ဖြစ်ပါသည်။


French Government Eiffel Excellence Scholarship 2020 ကို အောက်တိုဘာ (၂၁) ရက်မှလာမည့်နှစ် ဇန်နဝါရီ (၉) ရက်အထိ လျှောက်ထားနိုင်ပြီး ပညာသင်ဆုရစာရင်းကို ၂၀၂၀၊ မတ်လ၊ (၂၃) ရက်တွင်ကြေညာမည် ဖြစ်ပါသည်။

Read More:>>> ေလဆိပ္စီမံခန္႔ခြဲမႈဘြဲ႔လြန္ဒီပလိုမာသင္တန္း သင္တန္းသားေလ်ွာက္လႊာေခၚယူျခင္း


အသေးစိတ်ကို https://www.campusfrance.org/en/eiffel-scholarship-program-of-excellence တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။


Source: 7Day News

International Latest Post Read 1170 times