ဧပြီနှင့် မေလအတွင်း အခမဲ့ တက်ရောက်နိုင်မယ့် Webinar နှင့် Class (၁၀) ခု

ကျောင်းသား၊ ကျောင်းသူများအပြင် ဆရာ၊ ဆရာမများအတွက် အကျိုးရှိစေမယ့် Online/Offline သင်တန်းများနှင့် Webinar များကို စုစည်းဖော်ပြပေးထားပါတယ်။ 

၁။ Nan Foundation Center

Digital ခေတ်မှာ Design Skill တစ်ခုရှိနေခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိပြီး ၀င်ငွေတိုးစေပါတယ်။ ဒါကြောင့် Graphic Design၊ Illustrator၊ Motion Graphic နှင့် 3D Modeling တို့ကို Beginner ကနေ Professional Level အထိ တက်ရောက်လေ့လာနိုင်ဖို့ ပညာဒါနအတန်းလေး ဖွင့်ပေးထားပါတယ်။ သင်တန်းအကြောင်းအရာအသေးစိတ်ကို အောက်ကလင့်ခ်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/profile.php?id=61579958709979

၂။ ကဝိ Teacher Training

Child Psychology (ကလေးစိတ်ပညာ) အကြောင်း လေ့လာရမယ့် ပညာဒါနအတန်းလေးတစ်ခု ဖြစ်ပါတယ်။ ဒီသင်တန်းလေးမှာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွေနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတို့ကို အခြေခံမှစ၍ ဗဟုသုတစုံလင်စွာ သင်ယူရမှာ ဖြစ်ပါတယ်။ ဒီသင်တန်းအတွက် သင်တန်းကြေးအခမဲ့ ဖြစ်ပေမဲ့ Certificate Fee (၅) ထောင်ကျပ်ကိုတော့ ပေးရပါတယ်။ သင်တန်းအကြောင်းအရာ အသေးစိတ်ကို အောက်ကလင့်ခ်မှာ ဆက်လက် ဖတ်ရှုပါ။

https://www.facebook.com/kawieducationservice

၃။ IntEd Abroad Consulting

မေလ (၁၆) ရက်နေ့မှာ "Quantitative Research" ခေါင်းစဉ်နဲ့ Workshop တစ်ခုကို အခမဲ့ တက်ရောက်နိုင်ပါတယ်။ ဒီ Workshop က ဒေတာအချက်အလက်တွေကို ယုံကြည်မှုရှိရှိ ခွဲခြမ်းစိတ်ဖြာနိုင်ဖို့နဲ့ သုတေသနစွမ်းရည်တွေ တိုးတက်လာစေဖို့ ရည်ရွယ်ပါတယ်။ မေလ (၂) ရက်နေ့မှ စာရင်းပေးသွင်းမှုကို စတင် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ အောက်ကလင့်ခ်မှာ ဝင်ကြည့်နိုင်ပါတယ်။

https://www.facebook.com/profile.php?id=61578980600789

၄။ Lancaster English Center - LEC

ဆရာ၊ ဆရာမတွေအတွက် မရှိမဖြစ် အရေးကြီးတဲ့ Skill ကတော့ စာသင်ခန်းကို ထိန်းချုပ်စီမံခန့်ခွဲမှု (Classroom Management) ပဲ ဖြစ်ပါတယ်။ ဒီ Skill မရှိသေးရင်တော့ စာသင်တဲ့အချိန်မှာ ကျောင်းသားတွေ စိတ်၀င်စားမှုမရှိတာ၊ အတန်းထဲမှာ ဆူညံပြီး ထိန်းမရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီ Workshop လေးကို တက်ပြီးရင်တော့ သင့်စာသင်ကြားရေးဟာ ပိုမိုလွယ်ကူလာမှာ ဖြစ်ပါတယ်။ Workshop အသေးစိတ်ကို အောက်က လင့်ခ်မှာ ဆက်လက်ဖတ်ရှုပါ။

https://www.facebook.com/LancasterEnglishYangon

၅။ Teacher Education Academy-TEA

ကလေးစိတ်ပညာ (Child Psychology) အကြောင်းကို စိတ်ဝင်စားသူများအတွက် တက်ရောက်နိုင်တဲ့ နောက်ထပ် အခမဲ့ Webinar တစ်ခုပါ။ ဒီ Webinar ကို တက်ပြီးရင် သင့်ကျောင်းသားလေးတွေက ဘယ်လိုတွေးခေါ်တယ်၊ ဘယ်လိုခံစားရတယ်၊ ဘယ်လိုပုံစံနဲ့ အကောင်းဆုံး သင်ယူကြတယ်ဆိုတာကို သိနိုင်ပါတယ်။ Webinar အကြောင်းအရာ အသေးစိတ်ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/tea4teachers

၆။ လူရည်ချွန် quality ပညာရပ်ဝန်း

တရုတ်စာအခြေခံအသံထွက် (Basic Pinyin) အခမဲ့ သင်တန်းလေး ဖြစ်ပါတယ်။ ဒီသင်တန်းကို မေလကနေ ဇူလိုင်လအထိ (၃) လ လူကိုယ်တိုင် တက်ရောက်ရမှာ ဖြစ်ပါတယ်။ သင်တန်းကျောင်းကတော့ အမှတ်၂၈၊ က္ကုစ္ဆာသယလမ်း၊ ကျားကွက်သစ်ရပ်ကွက်၊​ ကျောက်​မြောင်း၊ တာ​မွေမြို့နယ်၊ ရန်ကုန်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကို အောက်က Page မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

https://www.facebook.com/zaeloteducationalteam

၇။ အာကာသနှင့် စကြဝဠာ သင်ထောက်ကူ

အခြေခံပညာ Grade 5 မှ Grade 10 အထိ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေ အသုံးပြုနိုင်သော Tech Learn ဆိုတဲ့ App အကြောင်းကို မိတ်ဆက်သွားမှာ ဖြစ်ပြီး ကျွမ်းကျင်စွာ အသုံးပြုနည်းနှင့် ကျောင်းသားတွေကို သင်ခန်းစာမှာ တက်ကြွစွာ ပါဝင်လာအောင် ဆွဲဆောင်နိုင်မယ့် နည်းလမ်းတွေကို ဖင်လန်နိုင်ငံမှ သင်ကြားရေး ကျွမ်းကျင်သူ (သင်ကြားရေး ဒါရိုက်တာ) ဆရာမ ယိုဟားနားကိုယ်တိုင် မျှဝေသွားမယ့် Webinar ဖြစ်ပါတယ်။ အသေးစိတ်ကို လင့်ခ်ကနေတဆင့် ဖတ်ရှုပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ 

https://www.facebook.com/enarget

၈။ Smart Kids College

၂၀၂၆ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ တက်ရောက်နိုင်တဲ့ Online Training Program (၂၆) ခုကို အခမဲ့ စီစဉ်ပေးထားပါတယ်။ ဒီသင်တန်းတွေကို ဆရာ၊ မိဘ၊ ကျောင်းသား စိတ်ဝင်စားသူ ဘယ်သူမဆို စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်။ သင်တန်းတစ်ခုပြီးတိုင်း e-Certificate လည်း ရရှိမှာ ဖြစ်ပါတယ်။ သင်တန်းတွေအကြောင်း အသေးစိတ်ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုပါ။

https://www.facebook.com/SmartKidsCollege

၉။ MYEO

English နဲ့ Chinese Language အခြေခံသင်တန်း၊ AI သင်တန်း၊ လုပ်ငန်းခွင်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ Digital Collaboration Skills သင်တန်းနှင့် AI Content နဲ့ Video Creation သင်တန်းတို့ကို အခမဲ့ တက်ရောက်နိုင်ပါတယ်။ သင်တန်းရက်နှင့်အချိန် အသေးစိတ်တွေကိုတော့ အောက်က လင့်ခ့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။  

https://www.facebook.com/myeo.hub

၁၀။ Nay-IELTS

IELTS Score ကောင်းကောင်းရဖို့ Tips နှင့် Strategies တွေကို သိရှိလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အခမဲ့ Webinar ဖြစ်ပါတယ်။ IELTS စတင်လေ့လာသူများ၊ IELTS ထပ်ဖြေလိုသူများ၊  Self-study လုပ်နေသူများ၊ Band 7.0+ လိုချင်သူများအတွက် ရည်ရွယ်ပါတယ်။ မေလ (၁) ရက်နေ့ Zoom ကနေပြုလုပ်မှာ ဖြစ်ပြီး အသေးစိတ်ကို လင့်ခ်နှိပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်။ 

https://www.facebook.com/nayieltspodcast

==========================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 2686 times