Sales Hotline : 09448001653    



အမျိုးသားရော အမျိုးသမီးပါ တက်ရောက်နိုင်မယ့် အခမဲ့သင်တန်း (၃) ခု

လာမည့် စက်တင်ဘာလမှ စတင်၍ အသက် (၁၇) နှစ်မှ (၃၅) နှစ်အတွင်း လူငယ်၊ လူလတ်ပိုင်းများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခမဲ့သင်တန်းများကို Dual Tech ကုမ္ပဏီက ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အခြေခံပညာအနိမ့်ဆုံး အလယ်တန်းအောင်ပြီးသော အမျိုးသား၊ အမျိုးသမီးများ လျှောက်ထားနိုင်ပြီး နည်းပညာတက္ကသိုလ် ဆက်လက် တက်ရောက်ရန် အခက်အခဲရှိသော၊ နည်းပညာကျောင်းပြီးထားပြီး လက်ရှိ အလုပ်အကိုင်မရှိသူများ တက်ရောက်သင့်သော သင်တန်းဖြစ်သည်။

 

လျှောက်ထားနိုင်သည့် သင်တန်းများ

  • ရေခဲသေတ္တာ၊ အဲကွန်းပြုပြင်တပ်ဆင်ခြင်း ( Air-condition and Refrigeration Repairing )
  • အိမ်တွင်းလျှပ်စစ်ဝါယာရိန်း  ( Electrical House Wiring )
  • အင်ဂျင်၊ဆိုင်ကယ်ပြုပြင်တပ်ဆင်ခြင်းသင်တန်း ( Small Engine Repairing Course )

 

အသက်မွေး၀မ်းကျောင်းပညာရပ်ကို စိတ်၀င်စားပြီး အထက်ပါပညာများဖြင့် လုပ်ငန်းခွင်သို့ ၀င်ရောက် အလုပ်လုပ်ကိုင်မည့်သူများကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ကာ သင်တန်းပြီးဆုံးအောင် တက်ရောက်ပြီး စာတွေ့၊ လက်တွေ့  အောင်မြင်ပါက သင်တန်းဆင်းလက်မှတ် ရရှိမည် ဖြစ်သည်။ 

 

ထို့အပြင် သင်တန်းပြီးဆုံးပါက လက်တွေ့လုပ်ငန်းခွင် ( On Job Training ) ပါ စီစဉ်ပေးသွားမည် ဖြစ်ပြီး အလုပ်အကိုင် ရရှိစေရန်လည်း သက်ဆိုင်ရာ ကုမ္ပဏီများဖြင့် ချိတ်ဆက်ပေးသွားမည်ဟု ဆိုသည်။

 

Asia Pacific Inspection Agency

Ad > Asia Pacific Inspection Agency

 

သင်တန်းတွင် စာတွေ့ (၂၀) ရာခိုင်နှုန်း၊ လက်တွေ့ (၈၀) ရာခိုင်နှုန်းဖြင့် လုပ်ငန်းခွင် ဝင်ရောက်နိုင်သည်အထိ လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်ပြီး အာရှတိုက်အဆင့် သင်ရိုးညွှန်းတမ်း အသစ်ဖြင့် ရိုးရှင်း လွယ်ကူစွာ သင်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

သင်တန်းဆိုင်ရာ အချက်အလက်များ

  • လျှောက်လွှာပိတ်မည့်ရက် - ဩဂုတ်လ (၂၂) ရက်၊ ၂၀၂၃
  • သင်တန်းစမည့်ရက် - စက်တင်ဘာလ (၁၁) ရက်၊ ၂၀၂၃
  • သင်တန်းပြီးဆုံးမည့်ရက် - ဒီဇင်ဘာလ (၁) ရက်၊ ၂၀၂၃
  • သင်တန်းကာလ -  (၃) လ 
  • သင်တန်းရက် - တနင်္လာနေ့မှ သောကြာနေ့ထိ
  • သင်တန်းချိန် - မနက် (၉) နာရီမှ ညနေ (၄) နာရီထိ
  • လက်ခံမည့်ဦးရေ - တစ်ဘာသာလျှင် (၂၅) ဦး

 

Online မှ လျှောက်ထားလိုသူများအနေဖြင့် အောင်ပါလင့်ခ်တွင် လွယ်ကူစွာ ဝင်ရောက် လျှောက်ထားနိုင်သည်။

> https://forms.gle/9GyQG8jnPBbiGYY8A 

 

လူကိုယ်တိုင် လျှောက်ထားလိုသူများအနေဖြင့် အောက်ပါ Dual Tech ရုံးများတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီထိ ရုံးချိန်အတွင်း သွားရောက် လျှောက်ထားနိုင်မည် ဖြစ်သည်။

 

Dual Tech (ရန်ကင်း)

အမှတ် (၂၀၆/၂)၊ ရန်ကင်းလမ်းကြီး၊ ၁၂ လုံးတန်းမှတ်တိုင် (မီးပွိုင့်ထောင့်)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

 

Dual Tech (မြောက်ဒဂုံ)

အမှတ် ၂၄၊ ငါးမန်အောင်ဘုရားလမ်း၊ သင်းဝင်မှတ်တိုင်၊ (၃၃) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

 

အသေးစိတ် ထပ်မံ သိရှိလိုပါက ဆက်သွယ်ရန်

09 420 313 719, 09 730 20 803

Latest Post Local News Vocational Read 1562 times