(၄) လကြာ ဖွင့်လှစ်မည့် ဂျပန်စာအခြေခံ+N5 ပညာဒါသင်တန်း

မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအသင်း (Association of Myanmar-Japan Socio-Economic Development Cooperation - AMJSEDC) ၏ ကူညီထောက်ပံ့မှုဖြင့် ဂျပန်စာအခြေခံ+N5 ပညာဒါနသင်တန်းကို ဖွင့်လှစ်မည်ဖြစ်သည်။

ပညာဒါနသင်တန်းသည် (၁၆) ပတ် ကြာမြင့်မည်ဖြစ်ပြီး အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ (အစိုးရရုံးပိတ်ရက်များမပါ) နေ့လယ် (၁) နာရီမှ (၃) နာရီအထိ Akafuji Vocational Training Center တွင် တက်ရောက်ရပါမည်။

 Join our Telegram Channel

သင်တန်းလိပ်စာအပြည့်အစုံမှာ Akafuji Vocational Training Center၊ အခန်းအမှတ် (၉၀၆)၊ ယုဇနတာဝါ၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်တွင် ဖြစ်သည်။

သင်တန်းကို ၂၀၂၆ ခုနှစ် မေလ (၁၁) ရက်နေ့မှ စက်တင်ဘာ (၁၁) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားဦးရေ (၁၈) ဦးသာ လက်ခံမည်ဖြစ်သောကြောင့် သင်တန်းတက်ရောက်လိုသူများသည် ဖုန်း - ၀၉၇၈၇၈၆၅၅၁၀ နှင့် ၀၉ ၂၅၀၄၁၄၅၃၇ တို့ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်သည်။

သင်တန်းကြေးမှာ အခမဲ့ ဖြစ်သော်လည်း ဖတ်စာအုပ်ကို သင်တန်းသားများ အစီအစဉ်ဖြင့် စီစဉ်ရမည်ဖြစ်ပြီး သင်တန်းကျောင်းတွင်လည်း ဖတ်စာအုပ်ကို ဝယ်ယူနိုင်သည်။ 

သင်တန်းသားအရည်အချင်း သတ်မှတ်ချက်များ

(၁) အနည်းဆုံး အခြေခံပညာ အလယ်တန်းအဆင့်ရှိသူဖြစ်ရမည်။

(၂) အသက် (၁၅) နှစ်မှ (၃၀) နှစ်အတွင်း တက်ရောက်နိုင်သည်။

(၃) ဂျပန်စာကို အမှန်တကယ် သင်ကြားလိုသူဖြစ်ရမည်။

(၄) သင်တန်းကာလ ပြီးမြောက်အောင် တက်ရောက်နိုင်သူများကို ဦးစားပေး ရွေးချယ်သွားမည်။

(၅) သင်တန်းတက်ရောက်ရန် အမည်စာရင်း ပေးပို့သည့် သင်တန်းသားများအား Form ပုံစံ ဖြည့်သွင်းစေပြီး အကဲဖြတ် ရွေးချယ်သွားပါမည်။

ဂျပန်စာအခြေခံစကားပြော သင်တန်းတက်ရောက်အောင်မြင်၍ ကျောင်းခေါ်ချိန် (၉၀%) နှုန်းအထက်ရှိပြီး အတန်းတွင်း စာမေးပွဲအောင်ချက် (၇၅%) အထက်ရှိသော စာသင်သားများကို N4 ဆက်လက်သင်ကြားရန် ပညာတော်သင်ဆု ပေးအပ်သွားမည်ဖြစ်ပြီး ကျောင်းခေါ်ချိန် (၈၀%) ရှိသူများကို သင်တန်းပြီးဆုံးကြောင်းလက်မှတ် ထုတ်ပေးသွားမည်။

======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 9436 times