အင်္ဂလိပ်စာသင်ကြားရေးဆရာ/ဆရာမတို့အတွက် ELT (YL) အခမဲ့သင်တန်း

Young Learners တွေကို အင်္ဂလိပ်စာ သင်ကြားပေးနေရတဲ့ ဆရာ၊ ဆရာမတွေ (ဒါမှမဟုတ်) အင်္ဂလိပ်စာ သင်ကြားရေးနယ်ပယ်ထဲသို့ စတင် ဝင်ရောက်လိုတဲ့သူတွေအတွက် We Women Foundation ကနေ ELT (YL) Online Training ကို သင်တန်းကြေး အခမဲ့ဖြင့် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ 

ELT (YL) ဆိုတာ English Language Teaching (Young Learners) ကို အတိုကောက် ရေးထားတာဖြစ်ပြီး မိမိအင်္ဂလိပ်စာသင်ကြားရေးစွမ်းရည်ကို အဆင့်မြှင့်တင်လိုတဲ့ ဆရာ၊ ဆရာမတွေအတွက် အခွင့်အရေးကောင်း ဖြစ်ပါတယ်။ 

ဒီသင်တန်းမှာ - 

  • Language proficiency on receptive and productive skills (ဘာသာစကားကျွမ်းကျင်မှု)
  • Pedagogical and Classroom Management  Skills (သင်နည်းဗဒနှင့် အတန်းစီမံခန့်ခွဲမှု) တွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒီသင်တန်းကို Trainer လောကမှာ နာမည်ရှိပြီး အတွေ့အကြုံများတဲ့ ဆရာတွေကိုယ်တိုင် သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းကာလ (၄) လ သတ်မှတ်ထားပါတယ်။ 

သင်တန်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၂၃) ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ အင်္ဂါ ည (၈) နာရီမှ (၁၀) နာရီအထိ အွန်လိုင်းမှတဆင့် တက်ရောက်ရပါမယ်။

စိတ်ဝင်စားလို့ သင်တန်းလျှောက်ချင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက မိမိ English Level Test ကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ မိမိ ရမှတ်ကို Screenshot ရိုက်ပြီး Google Form မှာ အချက်အလက် ဖြည့်တဲ့အခါ တွဲတင်ပေးရမှာ ဖြစ်ပါတယ်။ ဒီသင်တန်းကို လာမယ့် ဇန်နဝါရီလ (၂၈) ရက်နေ့ နောက်ဆုံးထား လျှောက်ထားဖို့ လိုအပ်ပါတယ်။

English Level Test > https://www.efset.org/4-skill/launch/ 

Google Form > https://forms.gle/3qRwd4wEL9deHzaEA

Test ဖြေဆိုဖို့ ရွေးချယ်ခံရသူတွေကို ဖေဖော်ဝါရီ ဒုတိယပတ်မှာ နောက်ဆုံးထားပြီး အီးမေးလ်ကတဆင့် ပြန်လည်အကြောင်းကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

We Women Foundation ကနေ ဖွင့်လှစ်တဲ့ ELT (YL) သင်တန်းကို ပြီးမြောက်စွာ တက်ရောက်နိုင်သူတွေက ထပ်မံဖွင့်လှစ်မယ့် TKT (Modules 1, 2, 3) တို့ကို တက်ရောက်ဖို့ လျှောက်ထားခွင့် ရရှိမှာ ဖြစ်ပါတယ်။

သင်တန်းစည်းကမ်းချက်များ 

  • အတန်းတက်ရောက်ခွင့် ရရှိသူများသည် သတ်မှတ်ထားသော အချိန်များတွင် အတန်းကို အရေးကြီးကိစ္စများမှအပ မပျက်မကွက်ဘဲ တက်ရောက်ရပါမည်။
  • အတန်းတွင်းသို့ အချိန်မီ ရောက်ရှိရမည်ဖြစ်ပြီး Assignment / Project များရှိလျှင် သတ်မှတ်ရက်မတိုင်မီ ထပ်ပေးရပါမည်။
  • သင်ကြားပေးသော ဆရာမအား လေးစားသောအားဖြင့် Zoom စာသင်ခန်းတွင်း ဝင်ထား၍ ဆွေးနွေးမှုမပြုခြင်း ၊ ပါဝင်လှုပ်ရှားမှုမရှိခြင်းများ မပြုလုပ်မိအောင် အထူးသတိပြုပေးရပါမည်။
  • ရွေးချယ်ခံရသူများသည် Test ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်သွားမှသာ သင်တန်းတက်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။
  • We Women Foundation မှ ဖွင့်လှစ်သည့် ELT ( YL ) သင်တန်းပြီးဆုံးမှသာ TKT Module (1,2,3) Training အား လျှောက်ထားခွင့် ရရှိမည်ဖြစ်ပါသည်။

=====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 600 times