Sales Hotline : 09448001653       Download App



ပညာဒါန မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းပို့ချမည်





 

**Unicode**

GALAXY 9 Mobile Repairing Group မှ မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကို ပညာဒါနအဖြစ် (သင်တန်းကြေး၊ စာရွက်စာတမ်းကြေးအခမဲ့) ပို့ချမှာဖြစ်တဲ့အတွက် သင်တန်းတကရောက်လိုသူတွေအနေနဲ့ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။

သင်တန်းမှာ မိုဘိုင်းဖုန်းပြုပြင်ရေးအတွက် Software ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းနဲ့ Hardware ပိုင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းဆိုပြီး  (၂) မျိုးသင်ကြားပေးမှာဖြစ်ကာ သင်တန်း (၂) မျိုးလုံးကို သင်ကြားမှုဆိုင်ရာဝါရင့်ဆရာများမှ တိကျခိုင်မာတဲ့သင်ရိုးညွှန်းတမ်းများနဲ့ စာတွေ့လက်တွေ့သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းသား (၁) ဦးကို Laptop တစ်လုံးစီ၊ Model မြင့် Mobile Device မျိုးစုံနဲ့ စနစ်တကျသင်ကြားပေးမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက မိုဘိုင်းဖုန်း Handset များနဲ့ ပတ်သက်တဲ့ DATA များ 1000 GB (1TB) ပေးခြင်း၊ အသစ်ထွက် DATA များနဲ့ နည်းပညာများအာ အချိန်မရွေးထပ်မံလာယူနိုင်ခြင်းတို့ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆရာဦးနေရဲလင်းကပြောပါတယ်။

တက်ရောက်လိုတဲ့သင်တန်းသားတွေကို ကျောင်းပညာအရည်အချင်းကန့်သတ်ထားတာမရှိပေမယ့် ကွန်ပျူတာအခြေခံလောက်တတ်မြောက်ထားဖို့လိုတယ်လို့ဆိုပါတယ်။ သင်တန်းပြီးဆုံးသွားပါက On Job Training ကို သင်တန်းသားဆန္ဒအတိုင်း ဆင်းခွင့်ရှိမှာဖြစ်ပြီး သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ GALAXY 9 ဖုန်း - ၀၉၂၅၀၂၉၇၇၈၈ သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Source: Internet Journal

News Latest Post Read 2302 times