အိမ်မှာနေရင်း အခမဲ့ သင်ယူနိုင်မယ့် အခြေခံလျှပ်စစ်ပညာသင်တန်း

Myanmar Youth Platform မှာ လျှပ်စစ်ပညာရပ်ကို စိတ်ဝင်စားသူတိုင်းအတွက် လျှပ်စစ်နဲ့ ပတ်သက်တဲ့ သင်ခန်းစာတွေကို အခြေခံအဆင့်ကနေ စတင်သင်ကြားပေးထားပါတယ်။ 

ဒီသင်တန်းကို အသက် (၁၃) နှစ်နဲ့အထက် အမျိုးသား၊ အမျိုးသမီး ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်။ သင်တန်းမှာ အောက်ဖော်ပြပါ Module (၁၂) ခု ပါရှိပြီး  ဖုန်းနဲ့ အင်တာနက်ရှိရုံနဲ့ မိမိအားတဲ့အချိန်ကို အဆင်ပြေသလို ရွေးကာ လေ့လာလို့ ရပါတယ်။ 

  • Module 1 လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း၊ လျှပ်စစ်ဓာတ်အားဖြန့်‌ဝေခြင်း
  • Module 2 အခြေခံလျှပ်စစ်သဘောတရားနှင့် အယူအဆများ
  • Module 3 အုမ်း၏ နိယာမနှင့် လျှပ်စစ်စွမ်းအင်၏ ယူနစ်များ
  • Module 4 လျှပ်စစ်လုပ်ငန်းသုံးလက်သုံးကိရိယာနှင့် ပစ္စည်းများ
  • Module 5 လျှပ်စစ်နှင့်ဆက်စပ်သော အီလက်ထရောနစ်ပစ္စည်းများ
  • Module 6 တန်းဆက် ပြိုင်ဆက် ပတ်လမ်းများ
  • Module 7 လျှပ်စစ်၀ါယာသွယ်တန်းခြင်းနှင့် ပက်သတ်သောအခြေခံနည်းလမ်းများ
  • Module 8 မီးခလုတ်များနှင့် လျှပ်စစ်ကာကွယ်ရေး ကိရိယာများ
  • Module 9 အိမ်သုံး လျှပ်ကြိုး သွယ်တန်းပတ်လမ်းများ
  • Module 10 လျှပ်စစ်အန္တရာယ် လုံခြုံရေး
  • Module 11 အိမ်တစ်လုံးတွင် လျှပ်စစ်သွယ်တန်းခြင်း
  • Module 12 အဖြစ်များသော လျှပ်စစ်ဆိုင်ရာ ပြစ်ချက်ရှာဖွေခြင်းနှင့် ပြုပြင်ခြင်း တို့ပဲဖြစ်ပါတယ်။

သင်တန်းသူ၊ သင်တန်းသားတွေအနေနဲ့ Module တွေအားလုံးကို လေ့လာပြီးစီးသွားတဲ့အခါ လျှပ်စစ်နဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေ၊ အရေးကြီး‌တဲ့ Concept တွေ၊ လျှပ်စစ်ဝါယာရင်း (wiring) သွယ်တန်းပုံတွေ၊ Tool တွေအသုံးပြုပုံနဲ့ လျှပ်စစ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာတွေကို သိရှိတက်မြောက်သွားမှာဖြစ်တဲ့အပြင် Certificate လည်း ရရှိမှာဖြစ်ပါတယ်။ 

လျှပ်စစ်ပညာရပ်နဲ့ ပတ်သက်ပြီး ၀ါရင့်ကျွမ်းကျင်ဆရာတွေကိုယ်တိုင် မြန်မာဘာသာနဲ့ သင်ယူရလွယ်ကူစေဖို့ ဖန်တီးထားပြီး သင်ခန်းစာတိုင်းမှာ -

  • စာသား ရှင်းလင်းချက်တွေ
  • နားလည်ရလွယ်ကူစေဖို့ Animation သင်ခန်းစာတွေ
  • အလွယ်တကူ သဘောပေါက်စေမယ့် Presentation သင်ခန်းစာတွေ
  • လက်တွေ့ကျကျ နားလည်ဖို့ လက်တွေ့ Video သင်ခန်းစာတွေ 
  • သင်ယူမှု/အောင်မြင်မှု စစ်ဆေးဖို့ ဉာဏ်စမ်းမေးခွန်းတွေ ပါ၀င်မှာဖြစ်ပြီး စာတွေ့/လက်တွေ့ သင်ကြားရမှာပါ။ 

ဒါ့အပြင် အထူးအခွင့်အရေးအနေနဲ့ အွန်လိုင်းသင်ခန်းစာပြီးဆုံးသူ သင်တန်းသား၊ သင်တန်းသူ (၁၀၀) ဦးက DUAL TECH Vocational Institute သင်တန်းကျောင်းမှာ အခမဲ့ လက်တွေ့သင်ကြားခွင့်ကိုလည်း ရရှိမှာဖြစ်ပါတယ်။ ဒီအတွက် Certificate ရပြီဆိုရင် (Viber - 09 88 33 40002) ကို ပို့ပေးဖို့တော့ လိုပါမယ်။

သင်ခန်းစာများလေ့လာရန် - https://mmyouth.net/enrol

အကောင့်ဖွင့်နည်း - https://www.facebook.com/

====================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 402 times