ငါးလုပ်ငန်းသိပ္ပံတွင် ဝင်ခွင့် လျှောက်ထားမှုများ စတင်လက်ခံ

ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်းကို တက္ကသိုလ်ဝင်တန်းစာမေးပွဲအား (သိပ္ပံတွဲ) ဖြင့် အောင်မြင်ပြီး အသက် (၂၂) ထက်မကြီးသူများ လျှောက်ထားနိုင်သည်။

ဒီပလိုမာသင်တန်း (၃) နှစ် တက်ရောက်ရမည်ဖြစ်ပြီး အောက်ဖော်ပြပါ  ဘာသာရပ် (၁၈) ခုကို သင်ယူရပါမည်။

1. Fish Biology (ငါးများ၏ဇီဝဗေဒ)

2. Fish Reproductive Biology (ငါးများမျိုးပွားခြင်းဆိုင်ရာဇီဝဗေဒ)

3. Fish Taxonomy (ငါးများမျိုးစိတ်ခွဲခြားခြင်းပညာ)

4. Nutrition, Feed and Feeding (ငါး/ပုစွန် အဟာရနှင့်ဆိုင်သောပညာ)

5. Limnology (ရေချိုအရင်းအမြစ်ကိုလေ့လာခြင်းပညာ)

6. Hatchery Management (ငါး/ပုစွန်သားဖောက်ခြင်းစီမံခန့်ခွဲမှု)

7. Farm Management (ငါး/ပုစွန် မွေးမြူခြင်း စီမံခန့်ခွဲမှု)

8. Genetic (ငါး/ပုစွန် မျိုးဗီဇများ)

9. Fish Pathology (ငါး/ပုစွန် ရောဂါဗေဒ)

10. Fisheries Economy (ငါးလုပ်ငန်းနှင့် ဆိုင်သော စီးပွားရေးပညာ)

11. Fisheries Ecology (ငါးလုပ်ငန်းနှင့်ဆိုင်သော ဂေဟဗေဒ)

12. Aquaculture Engineering (ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းနှင့်ဆိုင်သော အင်ဂျင်နီယာပညာ)

13. Fisheries Statistics (ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းနှင့်ဆိုင်သော စာရင်းအင်းပညာ)

14. Post Harvest Technology (ငါး/ပုစွန် ပြုပြင်ထုတ်လုပ်ရေး)

15. Physiology of Finfish and Shellfish (ငါး/ပုစွန်များ၏ ဇီဝကမ္မဗေဒ)

16. Myanmar

17. English

18.Computer 

သင်တန်းပြီးဆုံးအောင်မြင်ပါက ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာ အောင်လက်မှတ် (Diploma in Fisheries and Aquaculture) ရရှိမည်ဖြစ်ပြီး ဌာနနှင့် ပြင်ပပုဂ္ဂလိကကုမ္ပဏီများတွင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ 

ထို့အပြင် ဒီပလိုမာသင်တန်း အောင်မြင်ပြီး သတ်မှတ်အရည်အချင်း ပြည့်မီသူများသည် ရန်ကုန်တက္ကသိုလ်တွင် B.Sc (Fisheries and Aquaculture) သင်တန်းတက်ရောက်ရန် ဝင်ခွင့် ဖြေဆိုခွင့် ရရှိပါမည်။

လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်။

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
  • တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီးသူဖြစ်ရမည်။
  • စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင် မွေးမြူရေးအတတ်ပညာဖြင့် အဆင့် (B) ရရှိသူများ ဖြစ်ရမည်။
  • လျှောက်လွှာပိတ်ရက် (၃၀-၉-၂၀၂၆) ရက်နေ့တွင် အသက် (၂၂) နှစ်ထက် မကြီးသူ ဖြစ်ရမည်။ 

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အထောက်အထားများ

  • တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီးထောက်ခံချက် (မူရင်း)
  • တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း(မိတ္တူ) (ကျောင်းအပ်နှံသည့်အချိန်တွင် မူရင်းတင်ပြရမည်)
  • မွေးသက္ကရာဇ်မှန်ကန်ကြောင်း ထောက်ခံချက် (သက်ဆိုင်ရာကျောင်းအုပ်ကြီးထောက်ခံချက်)
  • အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းနှင့် ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်(မူရင်း)
  • လျှောက်ထားသူနှင့်မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)များနှင့် အိမ်ထောင်စုဇယား (မိတ္တူ)
  • လိုင်စင်ဓာတ်ပုံ (အောက်ခံအပြာရောင်ဖြင့်) (၅)ပုံ (၁.၁ × ၁.၃) လက်မ

လျှောက်ထားခြင်း

လျှောက်လွှာများကို တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန/ ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သို့ (၃၀-၉-၂၀၂၆) ရက်နေ့ထက် နောက်မကျစေဘဲ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်။ သတ်မှတ်ရက်ထက်နောက်ကျသော လျှောက်လွှာများ၊ မပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

တက်ရောက်ခွင့်ရရှိသူအမည်စာရင်းနှင့် ကျောင်းဖွင့်လှစ်မည့်ရက်အား တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနများနှင့် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) မှ ထပ်မံအကြောင်းကြားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ် ၀၆၇-၄၀၈၄၇၂၊ ၀၆၇-၄၀၈၄၇၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဝင်ခွင့်လျှောက်လွှာပုံစံ

=========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Vocational Read 4721 times