Sales Hotline : 09448001653       Download App



အိန္ဒိယနိုင်ငံရှိ ဒေသအချို့၏ ပထမဆုံးကျောင်းဖွင့်ရက်တွင် ကျောင်းတက်သူ နည်းပါး

အိန္ဒိယနိုင်ငံရှိ Prayagraj ခရိုင်အတွင်းရှိ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ခရိုင်ပညာရေးအရာရှိများက အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် အနည်းငယ်သောကျောင်းသားများသာ ဆရာများထံမှလမ်းညွှန်မှုကိုရယူရန် ဆရာများနှင့်ဆရာမဟုတ်သော ၀န်ထမ်းများတွင် မှတ်ပုံထားကြောင်း သိရသည်။

အဆိုပါ ကျောင်းများသည် ငါးလကြာပိတ်ထားပြီးနောက် ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ပညာရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာအလုပ်များကို ပထမဆုံးအကြိမ်အဖြစ် မျက်မြင်ကြုံခဲ့ရသည့်ကျောင်းများဖြစ်သည်။

“ ငါးလကျော်ကြာပြီးနောက်ကျောင်းများ တစ်စိတ်တစ်ပိုင်းဖွင့်လှစ်ပြီးတဲ့နောက်မှာ ကျောင်းသား ၂၄ ယောက်ခန့်နှင့် ၎င်းတို့မိဘများသည် သက်ဆိုင်သည့် သတင်းအချက်အလက်များကို လာရောက်ပေးခဲ့သည်။ ထို့အပြင် ပထမဆုံးနေ့တွင်လာရောက်ရန် တောင်းဆိုထားသောဆရာများနှင့် ၀န်ထမ်းများအားလုံးသည် ပြင်းထန်သော ခပ်ခွာခွာနေသည့် စည်းကမ်းကို လိုက်နာကြပြီး နှာခေါင်းစည်း၊မျက်နှာဖုံးများကို စနစ်တကျ အသုံးပြုကြသည်" ဟု Shiv Charan Das Kanhaiya Lal Intermediate College မှ ကျောင်းအုပ် Lalchand Pathak က ပြောကြားထားသည်။

Mary Wanamaker Girls Inter College မှကျောင်းအုပ်ကြီး Shubha Washington ကလည်းသူမ၏ကျောင်းသည်ကျောင်းသားများအတွက်ဖွင့်လှစ်ခြင်းမရှိသေးကြောင်းပြောကြားခဲ့သည်။ “ ဒါပေမယ့် ဆရာများရဲ့ ၅၀ ရာခိုင်နှုန်းကို စက်တင်ဘာ ၃၀ ရက်အထိလာခွင့်ပေးပြီး မိဘတွေဟာ မိမိတို့ သားသမီး လုံခြုံရေးအတွက် လမ်းပြနိုင်ရန် အတွက်သာ လာရောက်ခွင့်ရှိတယ်။ကြာသပတေးနေ့တွင်  မိဘ ၂၀ ရာခိုင်နှုန်းခန့်ရောက်ရှိလာသော်လည်းကူးစက်ရောဂါကြောင့်ကလေးများကိုကျောင်းမပို့ချင်ကြဘူး။  ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ကို မစိုးရိမ်ရန် ကတိပေးထားတယ်” ဟု သူမက ဆက်ပြောထားသည်။

Teliyarganj ‌ဒေသ Mahalhi Patanjali Vidya Mandir ကျောင်းမှ ကျောင်းအုပ်ဖြစ်သည့် Sushmita Kanungo က သူမ၏ကျောင်းသည် စက်တင်ဘာ ၃၀ ရက်အထိ CBSE (Central Board of Secondary Education) စာမေးပွဲများအတွက် ဗဟိုချက်တစ်ခုဖြစ်နေခြင်းကြောင့် ကျောင်းဖွင့်ရန် မဖြစ်နိုင်သေးဘဲ အွန်လိုင်းမှ သင်ကြားခြင်းကို ထောက်ပံ့ထားပြီး မိဘတွေနဲ့တိုင်ပင်ပြီးနောက်အောက်တိုဘာပထမပတ်မှာဖွင့်ဖို့စီစဉ်ထားတယ်" ဟု သူမက ဆိုထားသည်။

အခြား CBSE တွဲဖက်ကျောင်းများစွာကိုလည်းအောက်တိုဘာလတွင်ဖွင့်လှစ်ရန်မျှော်လင့်ထားကြပါသည်။

အစိုးရအမိန့်အရ Prayagraj ၏ခရိုင်စစ်ဆေးရေးဌာန (District Inspector of Schools) (DIoS) သည် စက်တင်ဘာ ၂၁ မှ စတင်၍ Covid-19 ထိန်းချုပ်နယ်မြေပြင်ပရှိ ပညာရေးဘုတ်အဖွဲ့များ၏ အလယ်တန်းကျောင်းများကို တစ်စိတ်တစ်ပိုင်း ဖွင့်လှစ်ခွင့်ပြုထားပြီး ဖြစ်သည်။

ထိုသို့ ခွင့်ပြုလိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းများသို့သွားရောက်လိုသော ကျောင်းသားများအနေဖြင့် ဆရာများထံမှ လမ်းညွှန်မှုရယူရန် အခွင့်အလမ်းများပေးခြင်း ဖြစ်သည်။

ဤကျောင်းများအားလုံး၏ ကျောင်းအုပ်ကြီးထံ ပေးပို့သောစာတွင် DioS သည် ကျောင်းများပုံမှန်ပညာသင်ကြားရေးကို စက်တင်ဘာ ၃၀ ရက်အထိ ဆက်လက်ပိတ်ထားဆဲဖြစ်သော်လည်းဆရာများနှင့်သင်ကြားရေးဝန်ထမ်းများ မဟုတ်သည်  ၀န်ထမ်း ၅၀ ရာခိုင်နှုန်း အတွက် ကျောင်းများကို တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖွင့်နိုင်ကြောင်း ပါရှိသည်။

ဤကာလအတွင်း ကျောင်းသားများသည် မိမိဆန္ဒအလျောက်သာ ၎င်းတို့၏ဆရာများထံမှ လမ်းညွှန်မှုရရန် ကျောင်းများသို့ သွားခွင့်ပြုမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း လမ်းညွှန်ထားသည်။ သို့သော် ဤလမ်းညွှန်ချက်တစ်ခုလုံးသည် အတန်း ၉ တန်းမှ ၁၂ တန်းကျောင်းသားများနှင့် ကျောင်းသားများအတွက်သာရှိပြီး လက်ရှိတွင် အသွားအလာကန့်သတ်ထိန်းချုပ်ထားသည့်ဇုန်ပြင်ပအတွက်သာ ဖြစ်သည်။

DIoS သည်အဝေးသင်ပညာရေးကိုဆက်လက်ခွင့်ပြုမည်ဖြစ်ကြောင်းကိုလည်း အသိပေးပြောကားထားပြီး တိုက်တွန်းအားပေးလျက်ရှိသည်။

 

Ref: Hindustantimes
 

Latest Post News Read 592 times