ကျောင်းပြင်ပ အလယ်တန်းပညာရေး တိုးချဲ့သင်နိုင်ရေး စဉ်းစားမည်

ကျောင်းပြင်ပ အလယ်တန်းပညာရေး တိုးချဲ့သင်နိုင်ရေး စဉ်းစားမည်

ယခုပညာသင်နှစ်ဖြစ်သော ၂၀၁၆ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန ၊ ကျောင်းပြင်ပ ပညာရေးနှင့် ဘ၀တစ်သက်တာပညာရေး ဦးစီးဌာန ၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနမှ ဆောင်ရွက်သော ကျောင်းပြင်ပအလယ်တန်းပညာရေးကို မြို့နယ်ခြောက်မြို့နယ်တွင် ကျောင်းသား ၊ ကျောင်းသူ ၁၄၂ ဦးအား စမ်းသပ် သင်ကြားပေးလျက်ရှိပါသည်။

လာမည့်နှစ်တွင် အခြားမြို့နယ်များသို့ဆက်လက်တိုးချဲ့နိုင်ရေးမှာ ယခုနှစ်တွင် သင်ကြားနေသော ကျောင်းသား ၊ ကျောင်းသူများ၏ အခြေအနေကို စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။

လာမယ့်နှစ် ဒီနှစ်လုပ်နေတဲ့ ခြောက်မြို့နယ်ကတော့ ဆက်လုပ်မှာ ဖြစ်ပြီး တခြားမြို့နယ်တွေကို ဆက်လက်တိုးချဲ့မလားဆိုတာ မသိရသေးပါဘူး။

ကျောင်းပြင်ပ စမ်းသပ်အကောင်အထည်ဖော်လျက်ရှိသည့် ခြောက်မြို့နယ်ကို ယူနီဆက်ဖ်မှ သုံးမြို့နယ် ၊ ယူနက်စကိုမှ နှစ်မြို့နယ် နှင့် ပညာရေးဝန်ကြီးဌာနမှ တစ်မြို့နယ် ထောက်ပံ့ပေးထားပါသည်။

ယခင်ပညာသင်နှစ်သည် ၂၀၁၇ ခုနှစ် ၊ မေလတွင် ပြီးဆုံးမည် ဖြစ်ပါသည်။

Soruce: democracy

Latest Post Read 1321 times