EXCELLENT FORTUNE FOUNDATION ၏ (၂၀၁၉ - ၂၀၂၀) ပညာသင်နှစ်အတွက် ပညာသင်ဆု (၅၀)ဦး ပေးအပ်မည့် အစီအစဉ်


**Unicode**

EXCELLENT FORTUNE FOUNDATION သည် နှစ်စဉ် ပညာသင်ဆု ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှ စတင် ဆောင်ရွက်ခဲ့ပါသည်။

EXCELLENT FORTUNE FOUNDATION အနေဖြင့် ပညာသင်ဆု ထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရသော သားငယ်၊ သမီးငယ်များ၏ စိတ်ဓါတ်ရေးရာနှင့် ဂုဏ်သိက္ခာကို ထိခိုက် မှု မရှိစေရန်အတွက် အမည်များအား အများပြည်သူသို့ ကြေညာခြင်း မပြုခဲ့ပါ။

ယခုနှစ်နှင့် နောင်နှစ်များတွင်လည်း ပညာသင်ဆု ချီးမြှင့်ခြင်း ခံရသူများ၏ အမည်များကို ကြေညာခြင်းပြုလုပ်မည် မဟုတ်ဘဲ ပညာသင်ဆု ချီးမြှင့်ခြင်း ခံရသူများထံသို့သာ တိုက်ရိုက် ဆက်သွယ်၍ အကြောင်းကြားပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ဆု ထောက်ပံ့ကြေး ရယူလိုသည့် နိုင်ငံ့သားကောင်းရတနာနှင့် သမီးကောင်းရတနာများ အနေဖြင့် အောက်ဖော်ပြပါ အချက်အလက် များနှင့် ကိုက်ညီပါက ပညာသင်ဆုကို လျှောက်ထားနိုင်ပါကြောင်းနှင့် ပညာသင်ဆု ချီးမြှင့်ခြင်းခံရပါက ကျောင်းစတင်ဖွင့်လှစ်သည့် ဒီဇင်ဘာလမှစတင်၍ ထောက်ပံ့ငွေများကို ချီးမြှင့် ပေးအပ်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

အောက်တွင်ပုံနှင့်တကွအသေးစိတ်ဖော်ပြထားပါသည်။

**Zawgyi**






 

 

 

 

 

 

 

 

 

 

 

 

 

 

 

Source: Excellent Fortune Development Group

 

Latest Post Local Read 598 times