၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့ ဇီဝဗေဒ ဖြေဆိုသူ စုစုပေါင်း ၆၉၅၈၅ ဦးရှိ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့တွင် ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၆၉၅၈၅ ဦးရှိ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၆၉၅၈၅ ဦးရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန ၁၁၄၉ ခု စာစစ်ဌာန စုစုပေါင်း ၁၁၆၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဇီဝဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် စာရင်း ပေးသွင်းသူဦးရေ စုစုပေါင်း ၇၅၉၁၅ ဦးရှိပြီး စာမေးပွဲ ဆဌမနေ့ ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၆၉၅၈၅ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၉၁ ဒသမ ၆၆ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

 

Latest Post Read 971 times