မန္တလေးတွင် ဖွင့်လှစ်မည့် EV ယာဉ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) တွင် လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ပြစ်ချက်ရှာဖွေနည်းနှင့် ပြုပြင်ထိန်းသိမ်းမှု သင်တန်းအား ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သဖြင့် ဇွန်လ (၁၃) ရက်နေ့အထိ လျှောက်ထားနိုင်သည်။

သတ်မှတ်အရည်အချင်းများ

  • နည်းပညာနှင့်သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းများအား အမှန်တကယ် လုပ်ကိုင်နိုင်သူဖြစ်ရမည်။
  • G.T.H.S (AT, ET, EC)၊ I.T.C (AT)၊ A.G.T.I ကျောင်းဆင်းများ
  • B.Tech၊ B.E၊ M.E၊ Ph.D (Mech, EP, EC, MC) ဘွဲ့ရဝန်ထမ်းများ
  • လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နေသော ပုဂ္ဂလိကလုပ်ငန်းများမှ ဝန်ထမ်းများ၊
  • အနည်းဆုံး အခြေခံပညာအထက်တန်းအဆင့် တက်ရောက်ဖူးသူများ လျှောက်ထားနိုင်သည်။ 

ခေတ်မီ Lab ပစ္စည်းများ အသုံးပြု၍ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ပြီး သင်တန်းကာလ (၃) ပတ် ကြာမြင့်ပါမည်။ သင်တန်းကို ပြီးဆုံးသည်အထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ် (Certificate) ရရှိပါမည်။

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

  • လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
  • ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှထောက်ခံစာ (မူရင်း)
  • သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော ပညာအရည်အချင်း အထောက်အထား (မိတ္တူ)
  • လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား (မိတ္တူ)
  • သက်ဆိုင်ရာ နယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ (မူရင်း)
  • ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံ

သင်တန်းဆိုင်ရာ အသေးစိတ်အချက်အလက်များ

ဖွင့်လှစ်မည့်သင်တန်း - လျှပ်စစ်သုံးယာဉ်ဆိုင်ရာ ပြစ်ချက်ရှာဖွေနည်းနှင့် ပြုပြင်ထိန်းသိမ်းမှု သင်တန်း (Electric Vehicles Maintenance and Troubleshooting Training)

ဖွင့်လှစ်မည့်ရက် - (၁၆-၆-၂၀၂၅) ရက်မှ (၄-၇-၂၀၂၅) ရက်အထိ (၃)ပတ်

ဖွင့်လှစ်မည့်အချိန် - နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ (တနင်္လာမှ သောကြာ - အစိုးရရုံးပိတ်ရက်များ ပိတ်မည်။)

ဖွင့်လှစ်မည့်နေရာ - နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)၊ ဘယ်လင်း-ရဲရွာလမ်းမကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်ခရိုင်၊ မန္တလေးတိုင်းဒေသကြီး။

လက်ခံနိုင်မည့် သင်တန်းသားဦးရေ - (၂၅) ဦး

သင်တန်းအား ဇွန်လ (၄) ရက်မှ (၁၃) ရက်နေ့အထိ ရုံးချိန်အတွင်း (နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီ) လျှောက်ထားနိုင်ပြီး သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ် အကြောင်းအရာများကို ဖုန်း- ၀၉-၇၉၀၃၆၁၅၅၃ (သို့) ၀၉-၅၆၆၁၂၃၅ (သို့) ၀၉-၇၈၇၀၈၆၄၅၆ တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 213 times