Sales Hotline : 09448001653       Download App



EPS-TOPIK လျှောက်လွှာတင်ရမည့်ရက် ပြန်လည်ညှိနှိုင်းနေ

** Unicode **

တောင်ကိုရီးယားအလုပ်အကိုင် အရည်အချင်းစာမေးပွဲ (EPS-TOPIK) လျှောက်လွှာတင်ရမည့် ရက်ကို ပြန်လည်ညှိနှိုင်းနေကြောင်း အစိုးရပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လက်ထောက်ညွှန်ကြားရေးမှူး မှပြောကြားပါတယ်။

မူလက မတ်လ (၃၀) ရက်မှ ဧပြီ (၃) ရက်အထိ EPS-TOPIK စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်ခြင်းကို လက်ခံဆောင်ရွက်ပေးရန် လျာထားသော်လည်း COVID-19 ရောဂါနှင့် ပတ်သက်၍ လူစုလူဝေး မပြုလုပ်ရန် ညွှန်ကြားသဖြင့် ရက်ရွှေ့ဆိုင်းရန် စီစဉ်နေသည်ဟုလည်း သိရပါတယ်။

Swimming (14) ရေကူးသင်တန်းများနှင့် ပတ်သက်ပြီး ရှာရန်နှိပ်ပါ။

ထိုသို့ EPS-TOPIK စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်ရမည့်ရက် ရွှေ့မည့်အကြောင်းကို တိတိကျကျ မသိရသေးသော်လည်း COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်းမည်ဆိုပါက သဘောတူကြောင်း ကိုရီးယားဘာသာသင်တန်းကျောင်းနည်းပြအချို့ကဆိုပါတယ်။

Read More:>>> "ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ကျင်းပလျက်ရှိသောစာမေးပွဲများအား ရွေ့ဆိုင်း "


ယခုနှစ်တွင် ပြုလုပ်မည့် EPS-TOPIK စာမေးပွဲတွင် ကုန်ထုတ်လုပ်ငန်းအတွက် (၅,၂၅၈) ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် (၁,၄၃၆) ဦးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအတွက် (၂၂၃) ဦး အောင်မြင်မှုပေးမည်ဟု HRD-Korea ကအတည်ပြုထားပါတယ်။

Credit: 7Day News

 

** Zawgyi **



Swimming (14) ရေကူးသင်တန်းများနှင့် ပတ်သက်ပြီး ရှာရန်နှိပ်ပါ။





Credit: 7Day News

News Tips Latest Post Read 1002 times