Sales Hotline : 09448001653       Download App



အင်္ဂလိပ်စာကို AR နှင့် 4D ရုပ်လုံးကြွနည်းပညာသုံးပြီး သင်ကြားမည်

** Unicode **

အခြေခံပညာမူလတန်း Grade-2, Grade-3 အင်္ဂလိပ်စာ ဘာသာရပ်ကို AR (သုံးဖက်မြင်ပုံရပ်ယောင်ရုပ်လုံးကြွ) နှင့် 4D ရုပ်လုံးကြွနည်းပညာဖြင့် သင်နိုင်မည့် App ပါဝင်သော 360edUniverseLearningPlatform ကို 360ed ကုမ္ပဏီက ထုတ်လုပ်ခဲ့ပါတယ်။

360edUniverseLearningPlatform တွင် အခြေခံပညာ Grade-2 နှင့် Grade-3 အင်္ဂလိပ်စာ ဘာသာရပ်ကို တယ်လီဖုန်း၊ တက်ဘလက်များဖြင့် အင်တာနက်မလိုဘဲ ချိတ်ဆက်သင်ယူနိုင်မည့် အခမဲ့သင်ထောက်ကူ အက်ပလီကေးရှင်းကို ထည့်သွင်းထားခြင်းဖြစ်ပါတယ်။

၎င်းတွင် Grade-2, Grade-3 အင်္ဂလိပ်စာဘာသာရပ်သင်ခန်းစာများမှ Audio များကို နားဆင်နိုင်မည်ဖြစ်ပြီး အင်္ဂလိပ်စာ အသံထွက်မှန်ကန်စွာ လွယ်ကူစွာ သင်ယူနိုင်ရန်၊ ဆရာမွမ်းမံ လေ့ကျင့်ရေးအကူ (Teacher Training Tool) အဖြစ်သုံးနိုင်ရန်၊ AR နှင့် 4D ရုပ်လုံးကြွနည်းပညာဖြင့် သင်ကြားပေးခြင်းဖြစ်ပါတယ်။

ထိုကဲ့သို့ သင်ကြားခြင်းဖြင့် ကျောင်းသား/သူများအထူးစိတ်ဝင်စားမှုရှိပြီး အာရုံစူးစိုက်မှုတိုးလာစေရန်၊ အပြန်အလှန် (Interactive) သင်ယူနိုင်စေရန် ဖန်တီးထားပြီး သင်ခန်းစာများကို ကာလကြာရှည်စွာ မှတ်မိစေရန် ၎င်းအက်ပလီကေးရှင်းကို ရေးဆွဲခြင်းဖြစ်ပါတယ်။

၎င်းကို အသုံးပြုခြင်းဖြင့် နေရာဒေသအသီးသီးမှ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ အရည်အသွေးပြည့်မီသည့် သင်ခန်းစာကို တစ်ပြေးညီရရှိရန် formative assessment သဘောတရားပါရှိသည့် ကစားနည်းဆန်သော အကဲဖြတ်မှုစနစ်ကြောင့် ကလေးများ၏ သင်ယူတတ်မြောက်မှုနှင့် တိုးတက်မှုကို လွယ်ကူစွာ သိနိုင်ရန်ရည်ရွယ်ပါတယ်။

Kindergarten (73) သူငယ်တန်းအဆင့်ကျောင်းများ နှင့်ပတ်သက်ပြီး  (၇၃) ခုရှာရန်နှိပ်ပါ။

ဖုန်းတွင် ဒေါင်းလုတ်ရယူပြီးပါက အင်တာနက်မလိုဘဲ Offline ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနက ကျောင်းသား/သူများသို့ အခမဲ့ဖြန့်ဝေမည့် Grade-2, Grade-3 ကျောင်းသုံးပုံနှိပ်စာအုပ်များ၏ ကျောဘက်တွင် ၎င်း အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူနိုင်ရန် Scan Code ထည့်ပေးမည်ဖြစ်ပြီး မိုဘိုင်းဖုန်းရှိပါက ကျောင်းချိန်ပြင်ပတွင်ပါ  သင်ယူနိုင်မည်ဟု သိရပါတယ်။

၎င်းသည် စာသင်ခန်းတွင် ထိရောက်စွာ အသုံးပြုသင်ကြားနည်းကို သင်တန်းပေးရန် 360ed နှင့်ပူးပေါင်းဆောင်ရွက်မည်ဟုသိရပါတယ်။

Credit: 7 Day News


** Zawgyi **

အေျခခံပညာမူလတန္း Grade-2, Grade-3 အဂၤလိပ္စာ ဘာသာရပ္ကို AR (သံုးဖက္ျမင္ပံုရပ္ေယာင္ရုပ္လံုးၾကြ) ႏွင့္ 4D ရုပ္လံုးၾကြနည္းပညာျဖင့္ သင္ႏိုင္မည့္ App ပါဝင္ေသာ 360edUniverseLearningPlatform ကို 360ed ကုမၸဏီက ထုတ္လုပ္ခဲ့ပါတယ္။

360edUniverseLearningPlatform တြင္ အေျခခံပညာ Grade-2 ႏွင့္ Grade-3 အဂၤလိပ္စာ ဘာသာရပ္ကို တယ္လီဖုန္း၊ တက္ဘလက္မ်ားျဖင့္ အင္တာနက္မလိုဘဲ ခ်ိတ္ဆက္သင္ယူႏိုင္မည့္ အခမဲ့သင္ေထာက္ကူ အက္ပလီေကးရွင္းကို ထည့္သြင္းထားျခင္းျဖစ္ပါတယ္။

၄င္းတြင္ Grade-2, Grade-3 အဂၤလိပ္စာဘာသာရပ္သင္ခန္းစာမ်ားမွ Audio မ်ားကို နားဆင္ႏိုင္မည္ျဖစ္ၿပီး အဂၤလိပ္စာ အသံထြက္မွန္ကန္စြာ လြယ္ကူစြာ သင္ယူႏိုင္ရန္၊ ဆရာမြမ္းမံ ေလ့က်င့္ေရးအကူ (Teacher Training Tool) အျဖစ္သံုးႏိုင္ရန္၊ AR ႏွင့္ 4D ရုပ္လံုးၾကြနည္းပညာျဖင့္ သင္ၾကားေပးျခင္းျဖစ္ပါတယ္။

ထိုကဲ့သို႔ သင္ၾကားျခင္းျဖင့္ ေက်ာင္းသား/သူမ်ားအထူးစိတ္ဝင္စားမႈရွိၿပီး အာရံုစူးစိုက္မႈတိုးလာေစရန္၊ အျပန္အလွန္ (Interactive) သင္ယူႏိုင္ေစရန္ ဖန္တီးထားၿပီး သင္ခန္းစာမ်ားကို ကာလၾကာရွည္စြာ မွတ္မိေစရန္ ၄င္းအက္ပလီေကးရွင္းကို ေရးဆြဲျခင္းျဖစ္ပါတယ္။

၄င္းကို အသံုးျပဳျခင္းျဖင့္ ေနရာေဒသအသီးသီးမွ ဆရာ/ဆရာမမ်ားႏွင့္ ေက်ာင္းသားမိဘမ်ား အရည္အေသြးျပည့္မီသည့္ သင္ခန္းစာကို တစ္ေျပးညီရရွိရန္ formative assessment သေဘာတရားပါရွိသည့္ ကစားနည္းဆန္ေသာ အကဲျဖတ္မႈစနစ္ေၾကာင့္ ကေလးမ်ား၏ သင္ယူတတ္ေျမာက္မႈႏွင့္ တိုးတက္မႈကို လြယ္ကူစြာ သိႏိုင္ရန္ရည္ရြယ္ပါတယ္။

Kindergarten (73) သူငယ္တန္းအဆင့္ေက်ာင္းမ်ား ႏွင့္ပတ္သက္ျပီး  (၇၃) ခုရွာရန္ႏွိပ္ပါ။

ဖုန္းတြင္ ေဒါင္းလုတ္ရယူၿပီးပါက အင္တာနက္မလိုဘဲ Offline ဆက္လက္အသံုးျပဳႏိုင္မည္ျဖစ္ပါတယ္။

ပညာေရးဝန္ႀကီးဌာနက ေက်ာင္းသား/သူမ်ားသို႔ အခမဲ့ျဖန္႔ေဝမည့္ Grade-2, Grade-3 ေက်ာင္းသံုးပံုႏွိပ္စာအုပ္မ်ား၏ ေက်ာဘက္တြင္ ၄င္း အက္ပလီေကးရွင္းကို ေဒါင္းလုတ္ရယူႏုိင္ရန္ Scan Code ထည့္ေပးမည္ျဖစ္ၿပီး မိုဘိုင္းဖုန္းရွိပါက ေက်ာင္းခ်ိန္ျပင္ပတြင္ပါ  သင္ယူႏိုင္မည္ဟု သိရပါတယ္။

၄င္းသည္ စာသင္ခန္းတြင္ ထိေရာက္စြာ အသံုးျပဳသင္ၾကားနည္းကို သင္တန္းေပးရန္ 360ed ႏွင့္ပူးေပါင္းေဆာင္ရြက္မည္ဟုသိရပါတယ္။

Credit: 7 Day News

 

News Tips Latest Post News Tips Read 2518 times