English Teacher တွေအတွက် OPEN ပရိုဂရမ်မှ ဖွင့်လှစ်ထားတဲ့ သင်တန်း (၁၀) ခု

အင်္ဂလိပ်စာ ဆရာ၊ ဆရာမတွေအတွက် OPEN (Online Professional English Network) က ဖွင့်လှစ်ထားတဲ့ အခမဲ့ အွန်လိုင်းသင်တန်း (၁၀) ခုကို အမေရိကန်သံရုံး(ရန်ကုန်)သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။ 

OPEN ပရိုဂရမ်ဆိုတာ FHI 360 အဖွဲ့အစည်းကနေ ဦးစီးပြီး US အစိုးရက ငွေကြေးထောက်ပံ့ပေးထားတဲ့ အင်္ဂလိပ်စာသင်ကြားရေးအွန်လိုင်းပလပ်ဖောင်းတစ်ခုဖြစ်ပါတယ်။ 

OPEN မှာ ကမ္ဘာတစ်ဝှမ်းက English Learners တွေ၊ English Teachers တွေအတွက် ပရော်ဖက်ရှင်နယ်အဆင့်ထိ လေ့လာသင်ယူနိုင်မယ့် အခမဲ့ အွန်လိုင်းသင်တန်းတွေ များစွာ ရှိပါတယ်။

OPEN ပရိုဂရမ်မှာ Local Embassy ကတဆင့် လျှောက်ထားရတဲ့ Global Online Courses (GOCs) နဲ့ ကိုယ်တိုင် အချိန်မရွေး လျှောက်ထားနိုင်တဲ့ Massive Open Online Courses (MOOCs) ဆိုပြီး အင်္ဂလိပ်ဘာသာစကားသင်တန်းအမျိုးအစား (၂) မျိုး ရှိပါတယ်။

ဒီနေ့မှာတော့ အမေရိကန် သံရုံး(ရန်ကုန်) ကနေ လျှောက်လွှာခေါ်ယူလျက်ရှိတဲ့ GOC သင်တန်းတွေကို မျှဝေပေးသွားပါမယ်။

GOC အတွက် လျှောက်ထားနိုင်မယ့် သင်တန်းများ

  1. Teaching Grammar Communicatively 
  2. Using Educational Technology in the English Language Classroom 
  3. Teaching English Academic Writing to Speakers of Other Languages 
  4. Teaching English to Young Learners 
  5. Professional Development for Teacher Trainers
  6. Creating and Implementing Online Courses
  7. Introduction to Contemporary English Language Teaching Methods (formerly TESOL Methodology)
  8. Successful Classrooms for English Learners with Special Needs
  9. Fostering Student Motivation and Engagement
  10. English as a Medium of Instruction

ဘယ်သူတွေ လျှောက်ထားနိုင်လဲ?

  • လက်ရှိတွင် ဆရာ/ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ရပါမယ်။
  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ 
  • အမေရိကန်ပြည်ထောင်စုနှင့် ပူးတွဲနိုင်ငံသား (Dual Citizenship) ခံယူထားသူ မဖြစ်ရပါ။ 
  • အင်္ဂလိပ်စာ ဖတ်ရှုခြင်းနှင့် ရေးသားခြင်းမှာ CEFR B2 အဆင့်နှင့် ညီမျှတဲ့ ကျွမ်းကျင်မှုရှိသူ ဖြစ်ရပါမယ်။
  • သင်တန်းအတွက် တစ်ပတ် (၈) နာရီမှ (၁၀) နာရီအထိ အချိန်ပေးနိုင်သူဖြစ်ရပါမယ်။
  • အွန်လိုင်းသင်တန်းဖြစ်တဲ့အတွက် အခြေခံ နည်းပညာကျွမ်းကျင်မှု ရှိရပါမယ်။
  • အွန်လိုင်းဆွေးနွေးမှုတွေမှာ ပါဝင်နိုင်သူ၊ ပေးထားတဲ့ Assignment တွေကို အချိန်မီ တင်သွင်းနိုင်သူ ဖြစ်ရပါမယ်။
  • အနည်းဆုံး သင်ကြားရေးလုပ်သက် (၃) နှစ် ရှိရပါမယ်။ 

လျှောက်လွှာဖောင်များ ရယူရန်

အထက်ဖော်ပြပါ သင်တန်း (1) မှ (9) အထိကို လျှောက်ထားဖို့ GOC Application Form (Word) အား ဒေါင်းလုတ်လုပ်ရမှာဖြစ်ပြီး သင်တန်း (10) အတွက် သီးသန့်လျှောက်လွှာကို EMI Application Form (Word) အား ဒေါင်းလုတ်လုပ်ရမှာ ဖြစ်ပါတယ်။

> https://mm.usembassy.gov/

လိုအပ်တဲ့ စာရွက်စာတမ်းများ

  • Application form
  • Statement of purpose
  • Recommendation letter

နောက်ဆုံးလျှောက်ထားရမယ့်ရက်

၂၀၂၆ ခုနှစ် ဇွန်လမှာ စတင်မယ့် ရှစ်ပတ်ကြာ သင်တန်းတွေအတွက် လျှောက်လွှာနဲ့အတူ Statement of purpose နဲ့ Recommendation letter တို့ကို မေ (၁၀) ရက် ညနေ (၅) နာရီ မတိုင်မီ [email protected] သို့ အီးမေးလ်ပို့ လျှောက်ထားရပါမယ်။ 

အသေးစိတ်ဖတ်ရှုရန်

> online-professional-english-network/?

==========================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 460 times