IELTS အပါအဝင် နိုင်ငံတကာအသိအမှတ်ပြု English Language Profiency Test တွေ ဖြစ်တဲ့ TOEIC၊ TOEFL၊ PTE တို့အတွက် Mock Test တွေအပြင် မိမိရဲ့ English Level အလိုက် Test တွေကိုလည်း တစ်နေရာတည်းမှာ အခမဲ့ ဖြေဆိုလေ့ကျင့်နိုင်မယ့် Website ကတော့ EstudyMe လို့ ခေါ်ပါတယ်။
EstudyMe ကတော့ အပေါ်မှာ ပြောခဲ့တဲ့ International English Exams တွေကို ဖြေဆိုဖို့ ပြင်ဆင်နေသူတွေအတွက် အသုံးဝင်ပါတယ်။
ဒါ့အပြင် English အရေး၊ အဖတ်၊ အပြော၊ အကြား၊ ဝေါဟာရနဲ့ သဒ္ဒါ တိုးတက်ချင်တဲ့သူတွေအတွက်လည်း CEFR Level အလိုက် Test လေးတွေ ဖြေကြည့်ပြီး မိမိအားနည်းချက်၊ အားသာချက်နဲ့ လိုအပ်ချက်တွေကို သိရှိနိုင်ပါတယ်။
EstudyMe ရဲ့ အားသားချက်က Test တိုင်းက Free ဖြစ်ပြီး Registration လည်း လုပ်စရာ မလိုပါဘူး။ ကိုယ် Practice လုပ်ချင်တဲ့ Test ကို တန်းပြီး ဖြေဆိုလို့ရသလို Browser ကို ပိတ်လိုက်မယ်ဆိုရင်တောင် သင့်အဖြေတွေကို သိမ်းပေးထားမှာ ဖြစ်ပါတယ်။
မေးခွန်းတွေကလည်း တကယ့်စာမေးပွဲက မေးခွန်းပုံစံတွေအတိုင်း ပြင်ဆင်ပေးထားတာကြောင့် အမှန်အကယ် လေ့ကျင့်လို့ ရပါတယ်။
အဖြေအတွက် ရှင်းလင်းချက်တွေ၊ အမှတ်တွေ၊ ကြာချိန်တွေ၊ အဖြေမှန်အရေအတွက်တွေကို အသေးစိတ် ဖော်ပြပေးထားတဲ့ Report လည်းထုတ်ပေးပါတယ်။
အွန်လိုင်းပလပ်ဖောင်းဖြစ်တဲ့အတွက် အချိန်တိုင်း၊ နေရာတိုင်းမှာ အင်တာနက်နဲ့ ဖုန်းရှိတဲ့ ဘယ်သူမဆို အသုံးပြုနိုင်ပြီး သုံးရတာလည်း လွယ်ကူပါတယ်။
အင်္ဂလိပ်စာကို တကယ်တိုးတက်ချင်လို့ရှိရင် သင်ကြားလေ့လာနေရုံနဲ့တင် မရပ်တန့်လိုက်ဘဲ ကိုယ်ဘယ်လောက်ထိ ကျွမ်းကျင်လာပြီလဲ၊ ဘယ်အပိုင်းတွေမှာ တိုးတက်လာပြီလဲ၊ ဘယ်အပိုင်းတွေမှာ ထပ်လေ့လာဖို့လိုသေးလဲဆိုတာကို သိရှိဖို့လည်း လိုအပ်ပါတယ်။
ဒါကြောင့် EstudyMe မှာ Free Test တွေ ဖြေကြည့်ရင်း Level-up လုပ်နိုင်ပါတယ်။ Test တွေအပြင် အင်္ဂလိပ်စာလေ့လာမှုနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေ၊ ဆောင်ရန်/ရှောင်ရန်အချက်တွေ၊ လမ်းညွှန်ချက်တွေကိုလည်း Blog ဆိုတာလေး နှိပ်ပြီး ဖတ်ရှုနိုင်ပါသေးတယ်။
============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။