အင်္ဂလိပ်စာအရည်အချင်း အခမဲ့ စစ်ဆေးလို့ရမယ့် Website (၁၀) ခု

သင့် English Level ဘယ်လောက်ရှိပြီလဲဆိုတာ သိချင်ပါသလား? ဒီလို အင်္ဂလိပ်စာ Level Test လေးတွေကို ဖြေဆိုကြည့်မယ်ဆိုရင် ကိုယ်ရောက်နေတဲ့ Level ကို အတိအကျသိနိုင်သလို၊ နောက်ထပ်ဆက်ပြီး လေ့လာရမယ့် Level ကိုလည်း ခန့်မှန်းနိုင်ပါတယ်။ 

ဒါ့အပြင် ဒီဘာသာစကားနဲ့ ပတ်သက်ပြီး ဘယ်အပိုင်းမှာ အားနည်းနေတယ်၊ အားသာနေတယ်ဆိုတာကိုလည်း နားလည်သဘောပေါက်လာပါလိမ့်မယ်။ ရမှတ်အပေါ်မူတည်ပြီး IELTS တို့ TOFEL တို့ဖြေဆိုရာမှာလည်း ဘယ်လောက်အားစိုက်ထုတ်ဖို့ လိုအပ်ကြောင်းကို သိနိုင်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ Website တွေကနေပြီး သင့်ရဲ့ အင်္ဂလိပ်စာ အရည်အချင်းက ဘယ် Level မှာရှိနေပြီလဲဆိုတာ ချက်ချင်းစစ်ဆေးနိုင်ပါတယ်။ ဒီ Website တွေအကုန်လုံးက အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ အရေး၊ အဖတ်၊ အပြောနှင့် အကြားစွမ်းရည်‌ 4 Skills စလုံးကို စစ်ဆေးနိုင်တဲ့အပြင် အဖြေပါတစ်ခါတည်း ပြန်တိုက်လို့ရပါတယ်။  အချိန်လည်း အများကြီး ပေးစရာမလိုတာမို့ အခုချက်ချင်းပဲ စမ်းသပ်ကြည့်လိုက်ကြရအောင်နော်။ 

Language Level

သင့်ရဲ့ ဝေါဟာရကြွယ်ဝမှုနှင့် သဒ္ဒါစွမ်းရည်ကို အချိန်တိုတိုအတွင်းမှာ အခမဲ့စစ်ဆေးနိုင်ပါတယ်။ သင်ဖြေထားတဲ့ အဖြေတွေအပေါ်မူတည်ပြီး မေးခွန်းတွေက ပိုခက်သွားတာ၊ ပိုလွယ်လာတာတို့ ဖြစ်မှာပါ။ မေးခွန်း (၁၅) ခုပဲ ဖြေရမှာပါ။ မေးခွန်းအားလုံး ဖြေဆိုပြီးသွားရင်တော့ A1 ကနေ C2 အတွင်း သင့်ရဲ့ Level ကို ဖော်ပြပေးမှာပါ။ 

Test Link >>> https://www.languagelevel.com/english/index.php

 

ESL Language Studies Abroad

အင်္ဂလိပ်စာကျွမ်းကျင်မှုကို ထဲထဲဝင်ဝင် စစ်ဆေးနိုင်တဲ့  ဉာဏ်စမ်းမေးခွန်း Multiple Choice မေးခွန်း အခု (၄၀) ဖြေဆိုရမှာဖြစ်ပြီး မိနစ် ၂၀ ခန့်သာ အချိန်ယူရမှာပါ။ မေးခွန်းအားလုံး ဖြေဆိုပြီးသွားရင်တော့ အဆုံးမှာ အဖြေပြန်တိုက်လို့ရတဲ့အတွက် သင်ဘယ်နေရာတွေမှားတယ် ဘယ်နေရာတွေ ပြန်လေ့လာရမယ်ဆိုတာ အလွယ်တကူ ကြည့်လို့ရပါတယ်။ အမှားတွေကနေ အမှန်ကို လေ့လာနိုင်ပြီး အင်္ဂလိပ်စာ အသုံးအနှုန်းတွေကို ပိုမိုသိရှိလာနိုင်ပါတယ်။ 

Test Link >>> https://www.esl-languages.com/en/online-language-tests/english-test/start-test

Track Test

ဒီ Website ကတော့ CEFR Level A1 ကနေ C2 ကြား သင့်အင်္ဂလိပ်စာ Level ကဘယ်လောက်ရှိလဲ စစ်ဆေးလို့ရမှာပါ။ အခမဲ့နှင့် ငွေသွင်းပြီး ဖြေရတာဆိုပြီး (၂) မျိုးရှိပါတယ်။ အခမဲ့ဖြေမယ်ဆိုရင်တော့ (၁၀) မိနစ်စာ အင်္ဂလိပ်စာသဒ္ဒါပိုင်းကို ဖြေရမှာဖြစ်ပြီး ငွေသွင်းပြီး ဖြေမယ်ဆိုရင်တော့ အရေး၊ အဖတ်၊ အပြောနှင့် အကြားစွမ်းရည် အကုန်လုံးကို ဖြေဆိုရမှာဖြစ်ပါတယ်။ ပြီးရင် အရည်အချင်းစစ်လက်မှတ် (Certificate) ပါရရှိမှာဖြစ်ပါတယ်။

Test Link >>> https://app.tracktest.eu/registration 

FluentU

ဒီ Website လေးကတော့ ထူးခြားပါတယ်။ ပျော်စရာလည်းကောင်းပြီး အင်္ဂလိပ်စာ Level အဆင့်ဆင့်ကို စမ်းသပ်ဖြေဆိုကြည့်နိုင်ပါတယ်။ တေးဂီတ၊ ရုပ်ရှင်၊ သတင်းတွေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဟောပြောချက်တွေကို ကောင်းမွန်တဲ့ ဗီဒီယိုအသွင်ပြောင်းပြီး ဘာသာစကား သင်ယူမှု သင်ခန်းစာတွေအနေနဲ့ တင်ဆက်ပြသပေးထားပါတယ်။ 

ဗီဒီယိုလေးတွေကို ကြည့်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေ၊ အမေးအဖြေလေးတွေ ဖြေကြည့်ရမှာပါ။ Beginner 1, Beginner 2, Intermediate 1, Intermediate 2, Advanced 1 နဲ့ Advanced 2 ဆိုပြီး Level ၆ ခုပါရှိပါတယ်။ Website ကနေ လေ့လာလို့ရသလို App အနေနဲ့လည်း IOS ရော Android အတွက်ပါ ရှိပါတယ်။ အခမဲ့အနေနဲ့ ၂ ပတ်အစမ်းသုံးကြည့်ပြီး သင်ယူလေ့လာလို့ရပါတယ်။

Test Link >>> https://www.fluentu.com/

British Council

ဒါကတော့ တော်တော်များများ သိပြီးသား Website လေးဖြစ်မှာပါ။ Email address ဒါမှမဟုတ် Gmail လေးရိုက်ထည့်ပြီး ဖြေကြည့်ရုံပါပဲ။ A1 (Elementary), A2 (Pre-intermediate), B1 (Intermediate), B2 (Upper-intermediate), C1 (advanced), C2 (Proficiency) ဆိုပြီး Level (၆) ခု ရှိပါတယ်။ မေးခွန်း အခု (၃၀) ကို မိနစ် (၃၀) လောက်ပဲ အချိန်ပေးပြီး ဖြေကြည့်ရုံနဲ့ သင့် အင်္ဂလိပ်စာ Level ကို ဆန်းစစ်နိုင်မှာပါ။

Test Link >>> https://bit.ly/3e0ThFE

British Study Centres

အင်္ဂလိပ်စာသဒ္ဒါပိုင်းကိုမှ ထဲထဲဝင်ဝင် လေ့လာချင်တယ်ဆိုရင်တော့ ဒီလင့်ခ်လေးကနေတစ်ဆင့် Grammar Test လေးကို ဖြေဖြစ်အောင်ဖြေကြည့်လိုက်ပါ။ သဒ္ဒါသီးသန့်ကိုမှ မေးခွန်းအခု ၄၀ ကို ၁၅ မိနစ်လောက်ပဲ အချိန်ပေးဖြေဆိုရမှာပါ။ ရလဒ်ကိုတော့ သင့်ဆီ Mail နဲ့ ပို့ပေးပါလိမ့်မယ်။ သဒ္ဒါပိုင်းနဲ့ ပတ်သက်ပြီး မေးခွန်းလေးတွေ စုံစုံလင်လင်ပါရှိတာမို့ ဖြေကိုဖြေကြည့်သင့်တဲ့ Test လေးပါ။

Test Link >>> https://www.british-study.com/en/grammar-test

EU English

မိနစ် ၂၀ အတွင်းမှာ အင်္ဂလိပ်စာ Level ကို စစ်ဆေးလို့ရမယ့် နောက်ထပ် Website တစ်ခုလာပါပြီ။ ဉာဏ်စမ်းမေးခွန်းလေးတွေကို အလွယ်ဆုံးကနေ အခက်ဆုံးအထိ အဆင့်ဆင့်ဖြေဆိုရမှာပါ။ အားလုံးဖြေဆိုပြီးသွားရင်တော့ အဖြေပြန်တိုက်လို့ရပါတယ်။ သင့်ကိုယ်သင် ဘယ်နေရာမှာ အားနည်းနေတယ် ကိုယ့်အားသာချက်က ဘယ်အပိုင်းမှာ ရှိတယ်ဆိုတာ သုံးသပ်ကြည့်လို့ရပါတယ်။

Test Link >>> http://www.euenglish.hu/online-level-test-exam-compare-table/

Stafford House International

ဖော်ပြထားတဲ့ လင့်ခ်ကနေ ဝင်ရောက်ပြီးရင် ပေးထားတဲ့ Form လေးအရင်ဖြည့်ရပါမယ်။ Submit Button လေးနှိပ်ပြီးသွားရင်တော့ Level test လေးဖြေကြည့်လို့ရပါပြီ။ မေးခွန်း ၂၅ ခုပဲဖြေဆိုရမှာပါ။ မေးခွန်းတွေအတွက် အဖြေတွေအနေနဲ့က တစ်ခုတည်းမဟုတ်ပဲ အမှန်ကန်ဆုံးနဲ့ အသင့်တော်ဆုံး အဖြေအတွက် ရမှတ်အမြင့်ဆုံးကို ရရှိမယ့် ပုံစံမျိုးနဲ့ ဖြေဆိုရမှာပါ။ ဒါကြောင့် သင့်အနေနဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှု အရည်အချင်းဘယ်လောက်ရှိလဲဆိုတာကို အမှန်တကယ်သိရှိနိုင်မှာပါ။ 

Test Link >>> https://www.staffordhouse.com/online-english-test.htm

Canadian College of English Language

Multiple Choice မေးခွန်းလေးတွေအပြင် ရေးဖြေမေးခွန်းလေးတွေကိုပါဖြေဆိုရမှာပါ။ အချိန်အားဖြင့် တစ်နာရီလောက်ကြာနိုင်ပြီးတော့ မေးခွန်းတွေအားလုံးဖြေဆိုပြီးသွားရင်တော့ ရလာဒ်ကို မေးလ်နဲ့ပို့ပေးမှာပါ။ သင့်ရဲ့ စာအရေးအသားစွမ်းရည်ကို သေချာလေး စမ်းသပ်စစ်ဆေးကြည့်ချင်တယ်ဆိုရင်တော့ ဒီ Test လေးကို ဖြေကြည့်ဖို့ အကြံပြုချင်ပါတယ်။

Test Link >>> https://canada-english.com/en/leveltest

Cambridge English

Cambridge English မှာတော့ General English, For Schools, Business English နဲ့ Young Learners ဆိုပြီး Test (၄) မျိုးခွဲထားပါတယ်။ ကိုယ်နဲ့ ကိုက်ညီတဲ့ Test ဒါမှမဟုတ် ကိုယ်တက်ရောက်လေ့လာချင်တဲ့ အမျိုးအစားပေါ်မူတည်ပြီး ရွေးချယ်ဖြေဆိုလို့ရပါတယ်။ မေးခွန်း အခု (၂၀) ဖြေဆိုရမှာဖြစ်ပြီး မိနစ် ၂၀ လောက်ပဲ အချိန်ပေးရမှာပါ။ 

Test Link >>> https://www.cambridgeenglish.org/test-your-english/

 

Knowledge Latest Post Vocational Read 6133 times