အင်္ဂလိပ်စာသင်ကြားရေး (ELT) လောကမှာရှိတဲ့ ဆရာ/မတွေကို စာသင်တတ်ရုံတင်မဟုတ်ဘဲ ဦးဆောင်နိုင်သူတွေ ဖြစ်လာအောင် British Council ကနေ ငွေကြေးထောက်ပံ့ပေးမယ့် အစီအစဉ်တစ်ရပ်အကြောင်း မျှဝေပေးချင်ပါတယ်။
Community of Practice (CoP) Leader Support Scheme ဆိုတာ ဆရာတစ်ယောက်က မိမိသင်ကြားမှုအပေါ်မှာ တာဝန်ကျေနေရုံမကဘဲ တခြားဆရာ/မတွေကိုပါ လမ်းညွှန်ပေးနိုင်တဲ့၊ အတွေ့အကြုံတွေ ဖလှယ်နိုင်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာဖို့ လေ့ကျင့်ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။
ဘာတွေ သင်ယူရမှာလဲ?
ဘယ်လို သင်ကြားရမလဲ?
မိမိအဆင်ပြေတဲ့အချိန်မှာ Self-paced Learning လုပ်ရမှာ ဖြစ်ပြီး သတ်မှတ်ထားတဲ့ Live Online Sessions တွေကိုလည်း တက်ရောက်နိုင်ရပါမယ်။
အချိန်ကာလ
တစ်ပတ်ကို (၄) နာရီကနေ (၅) နာရီ အချိန်ပေးပြီး (၈ ပတ်ကနေ ၁၀ ပတ်အထိ) နာရီ (၄၀) စာ အွန်လိုင်းကနေ သင်ယူရမှာ ဖြစ်ပါတယ်။
လိုအပ်တဲ့ သတ်မှတ်အရည်အချင်းများ
ဦးစားပေးစဉ်းစားမယ့် အတွေ့အကြုံများ -
ရရှိမယ့် အကျိုးခံစာခွင့်များ
ဘာကြောင့် လျှောက်ထားသင့်တာလဲ?
သင်ကြားသူမှ ဦးဆောင်သူသို့ (Teacher to Leader): ကိုယ်တိုင်သင်ရုံတင်မကဘဲ အဖွဲ့အစည်း ဒါမှမဟုတ် Network တစ်ခုကို ဘယ်လိုဦးဆောင်ရမလဲဆိုတဲ့ Leadership Skills တွေကို သင်ယူနိုင်ခြင်း။
Fully Funded ဖြစ်ခြင်း: British Council ကနေ အဖိုးအခအားလုံး စိုက်ထုတ်ပေးထားတာဖြစ်လို့ ရွေးချယ်ခံရတဲ့ ဆရာ/မတွေအတွက် ငွေကုန်ကြေးကျမရှိဘဲ အဖိုးအတန် အတွေ့အကြုံတွေကို ရရှိနိုင်ခြင်း။
ဒေသတွင်း ချိတ်ဆက်မှု (Regional Networking): မြန်မာနိုင်ငံတင်မကဘဲ အရှေ့တောင်အာရှက တခြားနိုင်ငံတွေမှ ဆရာအတတ်ပညာရှင်တွေနဲ့ပါ အတွေ့အကြုံချင်း ဖလှယ်ခွင့်ရမှာ ဖြစ်ပါတယ်။
လျှောက်လွှာတင်သွင်းခြင်း
လျှောက်လွှာပုံစံကို အွန်လိုင်းကနေ ဖြည့်စွက်ရမှာဖြစ်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ၂၀၂၆ ခုနှစ်၊ မေလ (၁၀) ရက်နေ့ နောက်ဆုံးထားပြီး [email protected] သို့ အီးမေးလ်ပေးပို့ ရပါမယ်။
လိုအပ်တဲ့စာရွက်စာတမ်းများ
အရေးကြီးတဲ့ ရက်စွဲများ
ရလဒ်ကြေညာမည့်ရက်: ၂၀၂၆၊ မေလ ၂၅ ရက်
သင်တန်းစတင်မည့်ရက်: ၂၀၂၆၊ ဇွန်လ ၈ ရက်
သင်တန်းပြီးဆုံးမည့်ရက်: ၂၀၂၆၊ ဩဂုတ်လ ၃၁ ရက်
အသေးစိတ်ဖတ်ရှုရန် > https://www.teachingenglish.org.uk
===============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။