Sales Hotline : 09448001653       Download App



ဂျပန်-မြန်မာချစ်ကြည်ရေး အစီအစဉ်ဖြင့် အိအုချိပညာသင်ဆု

**Zawgyi**

အိအုခ်ိ ပညာေတာ္သင္ေထာက္ပံ့ေၾကး ေဖာင္ေဒးရွင္းက ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးအစီအစဥ္တစ္ရပ္အေနျဖင့္ ျမန္မာေက်ာင္းသားမ်ားကို မဟာဘြဲ႔ႏွင့္ ပါရဂူဘြဲ႔ပညာသင္ဆုေပးအပ္ျခင္းျဖစ္ပါတယ္။


ပညာသင္ဆုေလ်ွာက္ထားရန္ အရည္အခ်င္း သတ္မွတ္ခ်က္အေနျဖင့္ ျမန္မာႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံၾကား ေပါင္းကူးတံတားအျဖစ္ လုပ္ကိုင္လိုစိတ္ရွိရမည္ျဖစ္ၿပီး ေဖာင္ေဒးရွင္မွေခၚေသာ လႈပ္ရွားမႈမ်ားတြင္ ပါဝင္တက္ေရာက္သူ၊ ထုတ္ေဝမည့္ စာေပမ်ားတြင္ေရးသားေပးမည့္သူ၊ စစ္တမ္းေကာက္မႈမ်ားတြင္ ပါဝင္ကူညီမည့္သူ ျဖစ္ရမည္ျဖစ္ပါတယ္။


ဂ်ပန္စာ အရည္အခ်င္းစစ္စာေမးပြဲ (JLPT)N4 ႏွင့္အထက္ေအာင္ျမင္ထားသူမ်ားပညာသင္ဆုေလ်ွာက္ထားႏိုင္ပါတယ္။


ပညာသင္ဆု စတင္ေပးသည့္ေန႔တြင္ အသက္ (၃၅) ႏွစ္မျပည့္ေသးသူ ျဖစ္ရမည္ျဖစ္ၿပီးသတ္မွတ္ထားသည့္ တကၠသုိလ္မွဝင္ခြင့္ရႏိုင္မည့္သူ ျဖစ္ရမညျ္ဖစ္ပါတယ္။


ပညာသင္ဆုရရွိသူမ်ားသည္ University of Tokyo၊ Kyoto University၊ Waseda University၊ Kwansei Gakuin University ႏွင့္ပညာသင္ဆု ေရြးခ်ယ္ေရး ဒါရိုက္တာအဖြဲ႔အစည္းအေဝးတြင္ လက္ခံေသာအျခား တကၠသုိလ္မ်ားတြင္ တက္ေရာက္ႏိုင္မည္ျဖစ္ပါတယ္။


Life Science ႏွင့္ဂ်ပန္စာသင္ၾကားမႈ မဟာဘြဲ႔(သို႔) ပါရဂူဘြဲ႔မ်ားအတြက္ ပညာသင္ဆု ေလ်ွာက္ထားႏိုင္ပါတယ္။


ပညာသင္ေထာက္ပံ့ေၾကးအျဖစ္ တစ္လလ်ွင္ ယန္းခုႏွစ္ေသာင္းမွ တစ္သိန္းတစ္ေသာင္းအတြင္းေပးမည္ျဖစ္ၿပီး ေက်ာင္းလခ၊ ေက်ာင္းဝင္ေၾကး၊ ေက်ာင္းႏွစ္စဥ္ေၾကး၊ ေက်ာင္းအေဆာက္အအံုသံုးစြဲခစသည့္ သတ္မွတ္တကၠသုိလ္သို႔ ေပးသြင္းရန္ လုိအပ္ေသာ အခေၾကးေငြမ်ားလည္း ေထာက္ခံမည္ျဖစ္ပါတယ္။


မဟာဘြဲ႔သင္တန္းကာလ တစ္ခုလံုးႏွင့္ ပါရဂူဘြဲ႔သင္တန္း ပထမပိုင္း (၂) ႏွစ္ၿပီးဆံုးသည္အထိ ပညာသင္ဆုေပးမည္ျဖစ္ပါတယ္။


ပညာသင္ဆုေလ်ွာက္ထားရာတြင္ ၂၀၂၀ ဧၿပီ ေက်ာင္းဝင္မည့္သူအတြက္ ေလ်ွာက္လႊာပိတ္ရက္မွာ ၂၀၁၉ ဒီဇင္ဘာ (၂၀) ရက္ျဖစ္ၿပီး ၂၀၂၀ စက္တင္ဘာ ေက်ာင္းဝင္မည့္သူအတြက္ ေလ်ွာက္လႊာပိတ္ရက္မွာ ၂၀၂၀ ဇြန္လ (၂၀) ရက္ျဖစ္ပါတယ္။

Read More:>>> သင့္မွာ ရွစ္တန္းကေလးရွိရင္ ဒါဖတ္ပါ


ပညာသင္ဆုေလ်ွာက္လႊာကို IUCHI Foundation Yangon Office, C/O Mya Japanese Language School (အမွတ္ (၂၉၀)၊ အခန္းအမွတ္ (၁၅)၊ ရန္ေအာင္ (၅) လမ္း၊ ရန္ကင္းၿမိဳ႕နယ္ ရန္ကင္းစင္တာအနီး) တြင္တင္ရမည္ျဖစ္ပါတယ္။
Source: 7Day News

**Unicode**
အိအုချိ ပညာတော်သင်ထောက်ပံ့ကြေး ဖောင်ဒေးရှင်းက ဂျပန်-မြန်မာ ချစ်ကြည်ရေးအစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာကျောင်းသားများကို မဟာဘွဲ့နှင့် ပါရဂူဘွဲ့ပညာသင်ဆုပေးအပ်ခြင်းဖြစ်ပါတယ်။


ပညာသင်ဆုလျှောက်ထားရန် အရည်အချင်း သတ်မှတ်ချက်အနေဖြင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံကြား ပေါင်းကူးတံတားအဖြစ် လုပ်ကိုင်လိုစိတ်ရှိရမည်ဖြစ်ပြီး ဖောင်ဒေးရှင်မှခေါ်သော လှုပ်ရှားမှုများတွင် ပါဝင်တက်ရောက်သူ၊ ထုတ်ဝေမည့် စာပေများတွင်ရေးသားပေးမည့်သူ၊ စစ်တမ်းကောက်မှုများတွင် ပါဝင်ကူညီမည့်သူ ဖြစ်ရမည်ဖြစ်ပါတယ်။


ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ (JLPT)N4 နှင့်အထက်အောင်မြင်ထားသူများပညာသင်ဆုလျှောက်ထားနိုင်ပါတယ်။


ပညာသင်ဆု စတင်ပေးသည့်နေ့တွင် အသက် (၃၅) နှစ်မပြည့်သေးသူ ဖြစ်ရမည်ဖြစ်ပြီးသတ်မှတ်ထားသည့် တက္ကသိုလ်မှဝင်ခွင့်ရနိုင်မည့်သူ ဖြစ်ရမြည်ဖစ်ပါတယ်။


ပညာသင်ဆုရရှိသူများသည် University of Tokyo၊ Kyoto University၊ Waseda University၊ Kwansei Gakuin University နှင့်ပညာသင်ဆု ရွေးချယ်ရေး ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် လက်ခံသောအခြား တက္ကသိုလ်များတွင် တက်ရောက်နိုင်မည်ဖြစ်ပါတယ်။


Life Science နှင့်ဂျပန်စာသင်ကြားမှု မဟာဘွဲ့(သို့) ပါရဂူဘွဲ့များအတွက် ပညာသင်ဆု လျှောက်ထားနိုင်ပါတယ်။


ပညာသင်ထောက်ပံ့ကြေးအဖြစ် တစ်လလျှင် ယန်းခုနှစ်သောင်းမှ တစ်သိန်းတစ်သောင်းအတွင်းပေးမည်ဖြစ်ပြီး ကျောင်းလခ၊ ကျောင်းဝင်ကြေး၊ ကျောင်းနှစ်စဉ်ကြေး၊ ကျောင်းအဆောက်အအုံသုံးစွဲခစသည့် သတ်မှတ်တက္ကသိုလ်သို့ ပေးသွင်းရန် လိုအပ်သော အခကြေးငွေများလည်း ထောက်ခံမည်ဖြစ်ပါတယ်။


မဟာဘွဲ့သင်တန်းကာလ တစ်ခုလုံးနှင့် ပါရဂူဘွဲ့သင်တန်း ပထမပိုင်း (၂) နှစ်ပြီးဆုံးသည်အထိ ပညာသင်ဆုပေးမည်ဖြစ်ပါတယ်။


ပညာသင်ဆုလျှောက်ထားရာတွင် ၂၀၂၀ ဧပြီ ကျောင်းဝင်မည့်သူအတွက် လျှောက်လွှာပိတ်ရက်မှာ ၂၀၁၉ ဒီဇင်ဘာ (၂၀) ရက်ဖြစ်ပြီး ၂၀၂၀ စက်တင်ဘာ ကျောင်းဝင်မည့်သူအတွက် လျှောက်လွှာပိတ်ရက်မှာ ၂၀၂၀ ဇွန်လ (၂၀) ရက်ဖြစ်ပါတယ်။

Read More:>>> သင့်မှာ ရှစ်တန်းကလေးရှိရင် ဒါဖတ်ပါ


ပညာသင်ဆုလျှောက်လွှာကို IUCHI Foundation Yangon Office, C/O Mya Japanese Language School (အမှတ် (၂၉၀)၊ အခန်းအမှတ် (၁၅)၊ ရန်အောင် (၅) လမ်း၊ ရန်ကင်းမြို့နယ် ရန်ကင်းစင်တာအနီး) တွင်တင်ရမည်ဖြစ်ပါတယ်။
Source: 7Day News

International Latest Post Read 1568 times