Education Test Service (ETS) ရဲ့ TOEFL Free Course

 

TOEFL iBT Test နဲ့ TOEFL Essentials Test တို့ကို ဖြေဖို့ ပြင်ဆင်ချင်ပေမဲ့ ဘယ်ကစလေ့လာရမှန်း မသိရင် Education Test Service (ETS) မှ အတွေ့အကြုံရင့် ဆရာတွေကိုယ်တိုင် သင်ကြားပေးမယ့် Free Course (၂) ခုကို မျှဝေပေးသွားပါမယ်။ 

 

ETS ဆိုတာ TOEFL၊ TOEIC၊ GRE နဲ့ Praxis တို့အပါအဝင် စွမ်းဆောင်ရည်နဲ့ ကျွမ်းကျင်မှုကို စစ်ဆေးတဲ့ စာမေးပွဲတွေကို စီမံခန့်ခွဲပေးတဲ့အပြင် အကဲဖြတ် အမှတ်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ 

 

ETS ရဲ့ Free Course တွေက Self-paced Learning ဖြစ်တဲ့အတွက် အချိန်တစ်ခု တိတိကျကျ မပေးနိုင်ရင်တောင် အားတဲ့အချိန်လေးမှာ အဆင်ပြေသလို လေ့လာနိုင်မှာဖြစ်ပါတယ်။ Course (၂) ခုစလုံးက TOEFL Test နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်သမျှကို လေ့ကျင့်သင်ကြားပေးမှာဖြစ်လို့ Real Test ဖြေဆိုတဲ့အခါ တကယ်ကို အသုံးဝင်စေမှာပါ။  

 

Related Article : University of Queensland ရဲ့ IELTS Free Course

>> university-of-queensland-ielts-free-course

 

TOEFL iBT Test မှာ ဘာတွေ သင်ကြားရမလဲ?

- TOEFL iBT စာမေးပွဲရဲ့ အဓိက အပိုင်းလေးပိုင်း Reading, Listening, Speaking နဲ့ Writing တို့အတွက် လမ်းညွှန်ချက်များ

- TOEFL iBT Test အတွက် ပြင်ဆင်ရာတွင် အထောက်အကူပြုမယ့် အကြံပြုချက်များ

- TOEFL iBT စာမေးပွဲ အမှတ်ပေးစနစ်

- အလုပ်အကိုင်၊ ပညာရေး၊ ဗီဇာနှင့် ပညာသင်ဆုများအတွက် TOEFL iBT ရမှတ်များ အသုံးဝင်ပုံ

- စာမေးပွဲဖြေနေစဉ် အရေးကြီးတဲ့ အချိန်စီမံခန့်ခွဲမှုနည်းများ

- TOEFL iBT စာမေးပွဲနဲ့ ပတ်သက်တဲ့ အရင်းအမြစ်များ

- TOEFL iBT စာမေးပွဲအတွက် Register လုပ်နည်း

 

ကြာချိန်

တစ်ပတ်ကို (၂) နာရီကနေ (၄) နာရီအထိ အချိန်ပေးပြီး လေ့လာမယ်ဆိုရင် (၆) ပတ် သင်ကြားရမှာဖြစ်ပါတယ်။ Free Version ဖြစ်တဲ့အတွက် Course Materials တွေကို ရရှိဖို့ အောက်တိုဘာလ (၁၅) ရက်နေ့ မတိုင်ခင်ပြီးအောင် သင်ဖို့လိုအပ်ပါတယ်။ 

 

စာရင်းသွင်းရန်လင့်ခ် 

> https://www.edx.org/learn/test-prep

 

TOEFL Essentials Test မှာ ဘာတွေ သင်ကြားရမလဲ?

TOEFL Essentials Test စာမေးပွဲပုံစံ

- အိမ်တွင်း ဖြေဆိုရမယ့် Test မှာ အသုံးပြုတဲ့ လုံခြုံရေးအင်္ဂါရပ်များ

- Listening, Reading, Writing နဲ့ Speaking အပိုင်း (၄) ပိုင်းစလုံးအတွက် မေးခွန်းပုံစံနဲ့ ဖြေဆိုနည်းများ

- စာမေးပွဲရဲ့ အမှတ်ပေးစနစ်နှင့် ရမှတ်များ

- TOEFL Essentials Test ဖြေဖို့ ပြင်ဆင်နေသူတွေအတွက် အကြံပြုချက်များ

- TOEFL Essentials၊ TOEFL iBT နဲ့ တခြားအင်္ဂလိပ်ဘာသာ စာမေးပွဲများကြား အဓိက ကွာခြားချက်များ

 

ကြာချိန်

တစ်ပတ်ကို (၁) နာရီကနေ (၃) နာရီအထိ အချိန်ပေးပြီး လေ့လာမယ်ဆိုရင် (၆) ပတ် သင်ကြားရမှာဖြစ်ပါတယ်။ Free Version ဖြစ်တဲ့အတွက် Course Materials တွေကို ရရှိဖို့ အောက်တိုဘာလ (၁၅) ရက်နေ့ မတိုင်ခင်ပြီးအောင် သင်ဖို့လိုအပ်ပါတယ်။ 

 

စာရင်းသွင်းရန်လင့်ခ်

https://www.edx.org/learn/test-prep/

 

ဘယ်လိုလူတွေ တက်ရောက်နိုင်မလဲ?

- အသက်အရွယ်မရွေး တက်ရောက်နိုင်ပါတယ်။

- ပညာအရည်အချင်း သတ်မှတ်ချက်မရှိပါဘူး။

- Self-paced Learning ဖြစ်လို့ အလုပ်တစ်ဖက်နဲ့ မအားတဲ့လူတွေလည်း တက်ရောက်နိုင်ပါတယ်။  

- အင်တာနက်ကောင်းစွာ အသုံးပြုနိုင်သူဖြစ်ရပါမယ်။ 

- TOEFL စာမေးပွဲဖြေပြီး ပြည်ပမှာ ကျောင်းတက် (သို့) အလုပ်လုပ်ချင်သူများ တက်ရောက်နိုင်ပါတယ်။ 

 

လျှောက်ထားပုံ 

edX Learning Platform က Host လုပ်ပေးထားတာဖြစ်တဲ့အတွက် edX Account ဖွင့်ဖို့တော့ လိုပါမယ်။ ပြီးရင် အပေါ်မှာ ဖော်ပြပေးထားတဲ့ သက်ဆိုင်ရာလင်ခ့်တွေကနေတဆင့် Enroll Now နှိပ်ပြီး စတင်လေ့လာလို့ရပါပြီ။ 

===========================

Vpn မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို Join ထားလိုက်ပါ။

> https://t.me/eudcationguide

 

Latest Post University / College Vocational Read 381 times