Sales Hotline : 09448001653       Download App



ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်များ

** Unicode **

** ရည်ရွယ်ချက် **
- ပညာရေးကဏ္ဍအတွက် နိုင်ငံတော်၏ နှစ်တို၊နှစ်ရှည်စီမံကိန်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကို ရေးဆွဲရာတွင် ဦးဆောင်ညှိနှိုင်းဆောင်ရွက်သည့် ဦးစီးဌာန (Focal Department) အဖြစ်ဆောင်ရွက်ပေးရန်။

- ပညာရေးကဏ္ဍအတွက် မှန်ကန်တိကျသည့် စာရင်းအင်းများကို စုစည်းခြင်း၊ အစီရင်ခံစာများ ထုတ်ပြန်ခြင်းဖြင့် ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူပြုစေရေး ဆောင်ရွက်ပေးရန်။

** လုပ်ငန်းတာဝန် **
- နိုင်ငံအကျိုးပြု ပညာရေးသုတေသနလုပ်ငန်းများ၊ စီမံကိန်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ၊ သင်ရိုးညွှန်းတမ်း နိုင်ငံတကာအဆင့်မီရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

- ပညာရေးကဏ္ဍအတွက် နိုင်ငံတော်၏ နှစ်တို၊ နှစ်ရှည်စီမံကိန်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများ ရေးဆွဲနိုင်ရန် သက်ဆိုင်ရာဦးစီးဌာနများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ၊ ပတ်သက်ဆက်နွယ်သူများ ပူးပေါင်း၍ ဦးဆောင်ညှိနှိုင်းသည့် ဦးစီးဌာနအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း။

- သက်ဆိုင်ရာ ဦးစီးဌာန အသီးသီးက အကောင်အထည်ဖော်နေသည့် ပညာရေးကဏ္ဍဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ တင်ပြလာသည့် အစီရင်ခံစာများကို စုစည်း၍ အမြဲတမ်းအတွင်းဝန်ရုံးသို့ တင်ပြခြင်း။

- နိုင်ငံတော်စီမံကိန်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်သည့်စီမံကိန်းများ အကောင်အထည်ဖော်မှုကို လေ့လာကြီးကြပ်အကဲဖြတ်၍ အစီအရင်ခံစာများကို လိုအပ်သလိုထုတ်ပြန်ခြင်း။

- ပညာရေးကဏ္ဍတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးမှုမိတ်ဖက်များ (Development Partners) နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့် လုပ်ငန်းများအတွက် ပံ့ပိုးပေးခြင်း။

- ပညာရေးကဏ္ဍအတွက် တိကျမှန်ကန်သည့် စာရင်းအင်းနှင့်သတင်းအချက်အလက်များကို စုစည်းခြင်း၊ အစီရင်ခံစာများ ထုတ်ပြန်ခြင်း၊ စီမံကိန်းရေးဆွဲရေးအတွက် လိုအပ်သည့် စာရင်းအင်းနှင့် သတင်းအချက်အလက်များကို စုစည်းခြင်း။

- ကွန်ပျူတာအသုံးပြု ပညာရေးစီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်စနစ် (Computerised EMIS) Web based EMIS, Education Portal နှင့် e-Government ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခြင်း။

- နိုင်ငံခြားပညာသင်ဆု ခွဲဝေခြင်း၊ National Qualification Framework (အမျိုးသားပညာ အရည်အသွေး အညွှန်းဘောင်) ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စပ်လျဉ်းသည့် ကိစ္စများဆောင်ရွက်ခြင်း။

Read More:>>>  Computer & IT နှင့် ပတ်သက်တဲ့ သင်တန်းတွေကို လိပ်စာနှင့်ဖုန်းနံပါတ် အကုန်အစုံသိလိုပါက....

- လုပ်ငန်းခွင်ဆရာ/ဆရာမ များနှင့်ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

- တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဒေသအလိုက် ပညာရေးကဏ္ဍ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးစီမံကိန်းများကို ရေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း။

- ပညာရေးကဏ္ဍ တစ်ခုလုံးတွင် အသုံးပြုသည့် ဘတ်ဂျက်ကို စုစည်းခြင်းနှင့်နှစ်စဉ် ပညာရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးများ၏ ဘတ်ဂျက်ရေးဆွဲမှုနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း။

- ပြည်ထောင်စုဝန်ကြီးရုံးက အခါအားလျော်စွာ တာဝန်ပေးအပ်လာသည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

(Ministry of Education)
(www.edge.com.mm)

** Zawgyi **

** ရည်ရွယ်ချက် **


** လုပ်ငန်းတာဝန် **








Read More:>>>  Computer & IT နှင့် ပတ်သက်တဲ့ သင်တန်းတွေကို လိပ်စာနှင့်ဖုန်းနံပါတ် အကုန်အစုံသိလိုပါက....





(Ministry of Education)
(www.edge.com.mm)

Latest Post News News News Read 1497 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176