ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် ဘွဲ့နှင်းသဘင် တည်ဆောက်မည်

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရှိ ကျောင်းဝင်းအတွင်း အပန်းဖြေရိပ်သာနှင့် ဘွဲ့နှင်းသဘင် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မေလ (၂) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ သွားရောက်ပြီး လျာထားသည့် မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သို့ဖြစ်ပါ၍ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် အင်ဂျင်နီယာမှူးများက အဆောက်အအုံ ဆောက်လုပ်မည့်အခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ဝင်းအတွင်းရှိ ဘောလုံးကွင်း၊ အားကစားရုံနှင့် ကန်တင်းတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့တွင်လည်း အပန်းဖြေရိပ်သာများ တည်ဆောက်ရန် လျာထားပြီး တက္ကသိုလ်‌ဘောလုံးကွင်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် အားကစားကွင်းများ တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးက မေ (၁) ရက်နေ့တွင် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

Source - ပြန်ကြားရေးဝန်ကြီးဌာန

Latest Post Local News Read 11 times