မြန်မာလို အခမဲ့ လေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာ သင်ခန်းစာ (၂၃) ခု

ကိုယ်ပိုင်လုပ်ငန်း တည်ထောင်ချင်သူတွေ၊ တည်ထောင်ထားသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လုပ်ငန်းခွင်ဝင်ရောက်နေသူတွေအတွက် ရည်ရွယ်ပြီး တည်ထောင်ထားတဲ့ အွန်လိုင်းသင်ကြားရေးပလပ်ဖောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

MSMEs စီးပွားရေးလုပ်ငန်းတွေမှာ လိုအပ်တဲ့ Knowledge နဲ့ Skill တွေကို လေ့လာသင်ယူချင်တယ်ဆိုရင်တော့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ သင်ခန်းစာတွေကို အွန်လိုင်းမှတဆင့် အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

ထူးခြားချက်ကတော့ သင်ခန်းစာအားလုံး၊ ဗီဒီယိုအားလုံးကို "မြန်မာဘာသာစကား" နဲ့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ သင်ခန်းစာဖိုင်တွေကိုလည်း ဒေါင်းလုတ်ဆွဲပြီးတော့ မိမိအားတဲ့အချိန်၊ အင်တာနက်မရတဲ့အချိန်တွေမှာလည်း ပြန်လည်လေ့လာနိုင်ပါတယ်။

ဒါ့အပြင် သင်တန်းတစ်ခုလေ့လာပြီးတိုင်း Final Test ဖြေဆိုအောင်မြင်ရင် UNDP (ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်) က ပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion) ကိုလည်း အခမဲ့ ရရှိမှာဖြစ်ပါတယ်။

လက်ရှိလေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာ သင်ခန်းစာ (၂၂) ခု

၁။ စီးပွားရေးလုပ်ငန်းပုံစံရေးဆွဲခြင်း 

၂။ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာနားလည်တတ်မြောက်မှု 

၃။ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု 

၄။ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေး စီမံခန့်ခွဲမှု 

၅။အမျိုးသမီးစွန့်ဦးတီထွင်ခြင်းနှင့် လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ခြင်း 

၆။ လုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး 

၇။ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး 

၈။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း

၉။ စတင်လုပ်ကိုင်သည့်လုပ်ငန်း၊ စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်ခြင်း 

၁၀။ ဒစ်ဂျစ်တယ်ဆိုင်ရာ နားလည်တတ်မြောက်မှု 

၁၁။ မြန်မာနိုင်ငံရှိ MSME များနှင့်သက်ဆိုင်သည့် ဉပဒေနှင့်စည်းမျဉ်းစည်းကမ်းမူဘောင်များ 

၁၂။ သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့် MSME များ ဖွံ့ဖြိုးတိုးတက်ရေး 

၁၃။ ကိုယ်ပိုင်အွန်လိုင်းလုပ်ငန်းများ 

၁၄။ ဈေးကွက်ချဲ့ထွင်ခြင်းနှင့် အမှတ်တံဆိပ်မြှင့်တင်ခြင်း

၁၅။ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲမှု

၁၆။  တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အ‌‌ခြေခံအုတ်မြစ် (Basic) 

၁၇။ တာ၀န်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အခြေခံအုတ်မြစ် (Intermediate)

၁၈။ ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းဆီသို့ 

၁၉။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် AI နည်းပညာကို အသုံးပြုခြင်း

၂၀။ ထောက်ပံ့‌ကြေးအစီအစဉ်များအား လက်လှမ်းမှီခြင်းနှင့် အဆိုပြုလွှာတောင်းခံခြင်းများ (RFPs) မှတစ်ဆင့် စီမံကိန်းများအနိုင်ရရှိရေး သင်တန်း

၂၁။ ကော်ပိုရိတ်အုပ်ချုပ်မှုစနစ်

၂၂။ ဘဏ်များနှင့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ ချေးငွေများ လျှောက်ထားရယူခြင်း

၂၃။ ထိခိုက်ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲမှု

သင်ကြားရမယ့် ပုံစံကတော့ Self-Learning Video တွေကနေတဆင့် လေ့လာရမှာဖြစ်တာကြောင့် ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ အေးဆေးလေ့လာလို့ရပါတယ်။ Certificate လိုချင်တယ်ဆိုရင်တော့ သင်တန်းကို ပြီးဆုံးအောင် တက်ပြီး လေ့ကျင့်ခန်း (Assignments) တွေကို ဖြေဆိုဖို့ လိုအပ်ပါတယ်။  

UNDP ရဲ့ “E-Learning Portal for MSMEs” အားသားချက်များ 

  • အချိန်ကာလ သတ်မှတ်ချက် မရှိခြင်း 
  • သင်ခန်းစာများကို မြန်မာဘာသာဖြင့် လေ့လာနိုင်ခြင်း
  • အသက်အရွယ်မရွေး၊ စီးပွားရေးလုပ်ငန်းနယ်ပယ်မရွေး တက်ရောက်နိုင်ခြင်း
  • သင်ခန်းစာများအားလုံး အခမဲ့ဖြစ်ခြင်း
  • သင်ခန်းစာတစ်ခုပြီးတိုင်း Certificate အခမဲ့ ရယူနိုင်ခြင်း
  • အတွေ့အကြုံရင့် ပရော်ဖက်ရှင်နယ်များကိုယ်တိုင် သင်ကြားပေးခြင်း

စိတ်ဝင်စားလို့ လေ့လာချင်တယ်ဆိုရင် အောက်လလင့်ခ်မှာ အကောင့်ဖွင့်ပြီး နှစ်သက်ရာ သင်ခန်းစာတွေကို ရွေးချယ်လေ့လာနိုင်ပါတယ်။  

>> https://msmelearning.mm.undp.org/login

Facebook  >> https://www.facebook.com/MMeLearningPortal

Website >> https://msmelearning.mm.undp.org/course

--------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

Latest Post Vocational Read 7890 times