Sales Hotline : 09448001653       Download App



ကိုဗစ်-၁၉ ကာလတွင် ကျောင်းအုပ်များ၊ ဆရာ/ဆရာမများ လိုက်နာဆောင်ရွက်ရန်

မြို့နယ်ပညာရေးမှူးရုံး၊ ဒီပဲယင်းမြို့ ရွှေဘိုခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး၂၀၂၀-ပြည်နှစ်၊ စက်တင်ဘာလ( ၂ )ရက် နေ့တွင် ထုတ်ပြန်ကြေညာသော အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရန် ထိုသို့ထုတ်ပြန်ထားပါသည်။

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသော CoVID-19 ရောဂါ ကူးစက်ခံ ရသူများထဲမှ ဆင့်ပွားကူးစက်ခံရသူများတွင် ကျောင်းသားများ ပါဝင်လာကြောင်း တွေ့ရှိရသဖြင့် (၂၆-၈-၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ နေပြည်တော်ကောင်စီ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဖွင့်လှစ်ထားရှိသော အခြေခံပညာ အထက်တန်းအဆင့်ကျောင်းများပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမျာ အား (၂၇-၈-၂၀၂၀) ရက်နေ့မှစ၍ ပိတ်သွားရန် ထုတ်ပြန်ထားကြောင်း သိရပါသည်။

အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသောေ ကျာင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းရုံးဝန်ထမ်းများသည် တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အောက်ပါအချက်များ ထုတ်ပြန်ထားကြောင်းသိရသည်။

(က) အခြေခံပညာအထက်တန်းအဆင့်ကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းရုံးဝန်ထမ်းများသည် မိမိတို့ ကျောင်းတည်ရှိရာ အရပ်ရှိ နေအိမ်များတွင်သာ နေထိုင်ရန်နှင့် ကျောင်း/ ရုံးများက တာဝန်ပေးအပ်ရန် ခေါ်ယူပါက အသင့် ရှိနေရန်၊

(ခ) ကျောင်းတက်ရောက်တာဝန်ထမ်းဆောင်နေခြင်း မရှိသေးသော အလယ်တန်းအဆင့်နှင့် မူလတန်း အဆင့်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းရုံးဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့ လတ်တလောနေထိုင်ရာနေရာဌာနတွင်သာနေထိုင်ရန်နှင့် ကျောင်း/ ရုံးများက တာဝန်ပေးအပ်ရန် ခေါ်ယူပါက အသင့်ရှိနေရန်၊ 

(ဂ) မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန်၊

သို့ဖြစ်ပါ၍ ကျောင်းအုပ်ကြီးများက မိမိတို့ ကျောင်းများရှိ ဝန်ထမ်းများအား ဖော်ပြပါ အချက်များကို တိကျစွာလိုက်နာစေရေး ထပ်ဆင့်ကြီးကြပ်ညွှန်ကြားပေးထားရန် ထပ်ဆင့် ထုတ်ပြန်ထားကြောင်းသိရပါသည်။

မြို့နယ်ပညာရေးမှူး မြို့နယ်ပညာရေးမှူးရုံး
ဒီပဲယင်းမြို့

By Myanmar Education Guide - EDGE 

Latest Post Government School News Read 1782 times